
နေပြည်တော် အောက်တိုဘာ ၁၇
၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လ ဘတ်ဂျက်ကာလ အတွင်း ငါးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို မန္တလေးတိုင်းဒေသကြီး သရက်ကုန်း ငါးလုပ်ငန်းစခန်းဝင်းရှိ ရေချိုငါးမွေးမြူရေး သုတေသနနှင့် တိုးချဲ့ပညာပေးရေးဗဟိုဌာန၌ အောက်တိုဘာ ၁၄ ရက်က ပြုလုပ်သည်။
အခမ်းအနားသို့ တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးအောင်ညီတိုး၊ တိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမြတ်ထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ပြီး တိုင်းဒေသ ကြီးအတွင်း ငါးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် တိုင်းဦးစီးမှူး၊ ခရိုင် ဦးစီမှူးများ၊ မြို့နယ်ဦးစီးမှူးများ၊ ငါးစခန်း တာဝန်ခံများနှင့် FAREC မှ တာဝန်ရှိသူနှင့် ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများက မိမိတို့ လုပ်ငန်းဆိုင်ရာကဏ္ဍအလိုက် ညှိနှိုင်း ဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်