မန္တလေးတိုင်းဒေသကြီးအတွင်း လက်နက်/ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ  ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်များတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်

 

 

နေပြည်တော် အောက်တိုဘာ  ၅


မန္တလေးတိုင်း  ဒေသကြီးအတွင်း လက်နက်/ခဲယမ်းများနှင့် မူးယစ် ဆေးဝါးများ   ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်များတွင်   စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား      ဂုဏ်ပြု ချီးမြှင့်ခြင်းကို   ယနေ့နံနက်ပိုင်း တွင်    အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်       ရန်အောင်မြင်ခန်းမ၌ ပြုလုပ် ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်   တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီး ချုပ်က     ဂုဏ်ပြုအမှာစကား ပြောကြားသည်။      ထို့နောက် ဝန်ကြီးချုပ်နှင့်    တိုင်းမှူးတို့က စက်တင်ဘာလအတွင်း   မူးယစ် ဆေးဝါးများနှင့်    အကြမ်းဖက် လုပ်ငန်းများ     ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့်   သိမ်းဆည်း ထားသည့်   လက်နက်/ခဲယမ်း များနှင့် ဆက်စပ်ပစ္စည်းများအား ပူးပေါင်းပါဝင် ဖော်ထုတ်ဖမ်းဆီး ရာ၌ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြ သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အား   ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ  ပေးအပ်ချီးမြှင့် ကြသည်။ 
ယင်းနောက်   ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လုံခြုံရေးတပ်ဖွဲ့ဝင် များအား ရင်းရင်းနှီးနှီးနှုတ်ဆက် စကားပြောကြားပြီး     ဖော်ထုတ် ဖမ်းဆီးရမိသည့်     လက်နက်/ခဲယမ်းနှင့်    ဆက်စပ်ပစ္စည်းများ ကို        ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်