မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်လျှပ်စစ်မန်နေဂျာ/ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်    ဇန်နဝါရီ     ၁၀


မန္တလေးတိုင်းဒေသကြီးအတွင်း      လျှပ်စစ်  ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊      လက်ရှိ ဖြန့်ဖြူးလျက်ရှိသည့်     ဓာတ်အားစနစ်   တည်ငြိမ် တိုးတက်ကောင်းမွန်စေရေး၊    လျှပ်စစ်ဓာတ်အား လျော့နည်းပပျောက်မှု   ကျဆင်းစေရေးတို့အတွက်   ခရိုင်အဆင့်  လျှပ်စစ်မန်နေဂျာ/ လျှပ်စစ်အင်ဂျင်နီယာ များနှင့်   လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို    ယနေ့  နံနက်  ၉  နာရီက     မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း(ရုံးချုပ်)     အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 
တိုးတက်သုံးစွဲလျက်ရှိ   


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး က    နိုင်ငံတော်၏လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်သုံးစွဲလျက်ရှိသည့် အတွက် အဆိုပါတိုးတက်သုံးစွဲလာမည့် ဓာတ်အား လိုအပ်ချက်ကို    ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အပါ အဝင်  နည်းလမ်းမျိုးစုံဖြင့်   ဓာတ်အားထုတ်လုပ်မှု   (Generation) ကို တိုးမြှင့်ထုတ်လုပ်ရန်  ဆောင်ရွက် ခြင်း၊ ဓာတ်အားပို့လွှတ်ခြင်း (Transmission) အပိုင်း  တိုးချဲ့တည်ဆောက်ခြင်း၊    ဓာတ်အားဖြန့်ဖြူးခြင်း (Distribution) အပိုင်းများကိုလည်း  တိုးချဲ့ပြုပြင် တည်ဆောက်ခြင်းတို့ကို စဉ်ဆက်မပြတ်  ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့ပြင်  ဝန်အားပြည့်နေသော  ဓာတ်အားလိုင်းများကို အဆင့်မြှင့်တင်ဆောင်ရွက် နိုင်ရေး၊    ဓာတ်အားပြတ်တောက်မှု    လျော့နည်း ကျဆင်းစေရေး၊   လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးနှင့် ဓာတ်အားစနစ်  တည်ငြိမ် တိုးတက်ကောင်းမွန်စေရေးတို့အတွက်    အလေး အနက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း။


ထိုသို့ဆောင်ရွက်ရာတွင်    ပြည်သူများ၏ အဓိကလိုအပ်ချက်ဖြစ်သော  လျှပ်စစ်ဓာတ်အားကို ပြည့်ဝစွာထုတ်လုပ်/ ပို့လွှတ်/ ဖြန့်ဖြူးပေးနိုင်ရေးတွင်  အားလုံးက    တက်ညီလက်ညီကြိုးစားဆောင်ရွက် ကြရန်နှင့် နိုင်ငံတော်၏ဘဏ္ဍာငွေကို  အလေအလွင့် မရှိစေရေး အကျိုးရှိစွာအသုံးချနိုင်စေရေး သတ်မှတ် ထားသည့်   အရည်အသွေးပြည့်ဝကောင်းမွန်သည့် ပစ္စည်းများကို    စနစ်တကျသုံးစွဲတည်ဆောက်ရန်  လိုအပ်ကြောင်း၊ ထို့ပြင်  မိမိတို့ဝန်ကြီးဌာနသည်  ပြည်သူကို ဝန်ဆောင်မှုပေးနေသော  ဌာနဖြစ်သည့် အလျောက်   ပြည်သူလူထု၏   လျှပ်စစ်ဓာတ်အား လိုအပ်ချက်များအပေါ် အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပြီး အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့်  မိမိတို့  ဝန်ကြီးဌာန၏    ရည်မှန်းချက်များ   အောင်မြင်ရန် စေတနာထား၍    ဝိုင်းဝန်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက်  မန္တလေးတိုင်းဒေသကြီးအတွင်းရှိ  ခရိုင်လျှပ်စစ်မန်နေဂျာများ၊  ခရိုင်လျှပ်စစ်  အင်ဂျင် နီယာများက      မိမိတို့ခရိုင်/ မြို့နယ်များအတွင်း  လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားမှု၊  နှစ်အလိုက် ဓာတ်အား   တိုးတက်သုံးစွဲလာမှုနှင့်    ဓာတ်အား ပျောက်ဆုံးမှု    လျော့နည်းကျဆင်းရေးအတွက် ဆောင်ရွက်ထားရှိမှု၊ ဓာတ်အားခများ ကောက်ခံရရှိမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံ များကို    ရှင်းလင်းတင်ပြကြရာ    မန္တလေးလျှပ်စစ် ဓာတ်အားပေးရေး     ကော်ပိုရေးရှင်း  ခေတ္တဥက္ကဋ္ဌ ဦးအေးကျော်နှင့် မန္တလေးတိုင်းဒေသကြီး သယံဇာတ ရေးရာဝန်ကြီး     ဦးမျိုးအောင်တို့က   ဖြည့်စွက် ရှင်းလင်းတင်ပြကြသည်။       တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး  နိဂုံးချုပ်အမှာစကားပြောကြား  သည်။


ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇန်နဝါရီ  ၉ ရက် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊  နောင်ချိုမြို့နယ်အတွင်းရှိ  ငွေရည်ပုလဲ အများပိုင် ကုမ္ပဏီ၏ Crown ဘိလပ်မြေစက်ရုံရှိ အပူစွမ်းအင်သုံး  လျှပ်စစ်ဓာတ်အားပေးစက်များမှ လျှပ်စစ်ဓာတ်အား များ ထုတ်လုပ်နေမှုနှင့် Crown  ဘိလပ်မြေစက်ရုံမှ ဘိလပ်မြေထုတ်လုပ်မှု  နည်းစဉ်အဆင့်ဆင့်  အခြေ အနေများကိုလည်းကောင်း၊   ထပ်မံတည်ဆောက် မည့် ၂၃၀/ ၃၃/၁၁ ကေဗွီ   ၁၅၀   အမ်ဗွီအေ    ပင်မ   ဓာတ်အားခွဲရုံ  တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုတို့ကိုလည်းကောင်း   လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်