
မန္တလေး စက်တင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး MSMEs လုပ်ငန်း ဆောင်ရွက်ချက်များနှင့်ပတ်သက်သည့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး နှစ်ထပ်ဆောင်အစည်း အဝေးခန်းမတွင် ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့် အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသ ကြီး အဆင့် သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံ့စီးပွား မြှင့်တင်ရေး စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ၊ MSMEsလုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံတော် အကြီးအကဲ၏ မူဝါဒများနှင့်လမ်းညွှန်ချက်များကိုထိရောက်အောင်မြင်ရန်အတွက် အကောင်အထည် ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် စပ်လျဉ်း ၍ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် သက်ဆိုင်ရာဌာန ဆိုင်ရာ တာဝန်ရှိသူများက မန္တလေးတိုင်းဒေသကြီး အတွင်းမြေအသုံးချမှု၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ စပါး၊ ဝါ၊ ဆီထွက်သီးနှံများ၊ အခြားသီးနှံ များ စိုက်ဧကနှစ်အလိုက်တိုးတက်စိုက်ပျိုးနိုင်မှုနှင့် စိုက်ပျိုး/ရိတ်သိမ်း/ထွက်ရှိမှုအခြေအနေ၊ နှစ်အလိုက် သီးထပ်၊ သီးညှပ်၊ သီးနှံစိုက်စွမ်းအားအခြေအနေ၊ အဓိကသီးနှံ ၁၀ မျိုး စိုက်ပျိုးမှုနှင့် ပန်းတိုင်အထွက် နှုန်းရရှိရေး ဆောင်ရွက်မှုအစီအမံများ၊ သဘာဝ မြေဩဇာထည့်သွင်းမည့်အစီအစဉ်နှင့် ဆောင်ရွက် ပြီးစီးမှု၊ စက်မှုလယ်ယာစနစ်ကျလယ်မြေများ ဖော်ထုတ်ဆောင်ရွက်မှုအခြေအနေ၊ ရေအရင်းအမြစ် ရရှိနိုင်မှုနှင့် ဆိုလာစနစ်တွဲဖက်တပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးသည့် ရေတင်လုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများနှင့်ပတ်သက်၍ တိုင်းဒေသ ကြီးအတွင်း စီးပွားဖြစ်မွေးမြူထားရှိသည့် ဒေသနွား၊ နို့စားနွား၊ ဝက်၊ ဆိတ်၊ ဥစားကြက် စသည့် မွေးမြူမှု တိရစ္ဆာန်ကောင်ရေစာရင်းနှင့် မွေးမြူ၊ ထုတ်လုပ်မှု၊ တင်ပို့မှု၊ စားသုံးမှုနှင့် ဖူလုံမှုအခြေအနေ၊ ငါးမွေးမြူမှု၊ ထုတ်လုပ်မှု၊ စားသုံးမှု၊ ငါးလုပ်ငန်းစခန်းများ၏ သဘာဝမြစ်ချောင်းနှင့် ဆည်မြောင်းတာတမံများ အတွင်း ငါးမျိုးစိုက်ထည့်မှုအခြေအနေ၊ MSMEs လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုများ နှင့် လုပ်ငန်းရှင်များက သဘာဝမြေဩဇာထုတ်လုပ် နိုင်မှုအခြေအနေ၊ MSMEs ထုတ်ကုန်ပြပွဲနှင့် Talk Show စကားဝိုင်းများ ကျင်းပနိုင်မှုများ၊ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၃) နှင့် နိုင်ငံကုန်ထုတ်လုပ်မှုမြှင့်တင်ရေး အစည်းအဝေးလမ်းညွှန်ချက်များအပေါ် လိုက်နာ ဆောင်ရွက်မှုများနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တက်ရောက်လာကြသူများက မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် နိုင်ငံစီးပွားမြှင့်တင်ရေး MSMEs လုပ်ငန်း ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ် က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်