မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို မြှင့်တင်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

 

နေပြည်တော်   မတ်   ၃၁


နိုင်ငံ့စီးပွားမြှင့်တင်ရေး   ရန်ပုံငွေ ဖြင့် အကောင်အထည်ဖော်ဆောင် ရွက်မည့် လုပ်ငန်းများနှင့် မန္တလေး  တိုင်းဒေသကြီးအတွင်း   စိုက်ပျိုး မွေးမြူရေးကို      အခြေခံသည့် ကုန်ထုတ်လုပ်မှုကို   မြှင့်တင်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ  ကို     ယမန်နေ့     နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး    အစိုးရ အဖွဲ့ရုံး၌ ကျင်းပရာ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊    စိုက်ပျိုးရေး၊    မွေးမြူရေးနှင့်       ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး      ဒေါက်တာတင်ထွဋ်၊ မန္တလေး တိုင်းဒေသကြီး    အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့်  ဌာနဆိုင် ရာ တာဝန်ရှိသူများ  တက်ရောက် ကြသည်။

 


ဆွေးနွေးပွဲတွင်  မန္တလေးတိုင်း ဒေသကြီးအတွင်း  ဒေသရာသီဥတု နှင့်      ကိုက်ညီသည့်    သီးနှံပုံစံ စမ်းသပ်၍ သီးထပ်ဧရိယာ တိုးချဲ့ စိုက်ပျိုးရန်၊ တောင်သူလယ်သမား နှင့်    ပုဂ္ဂလိက   လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်သည့်  အကျိုး တူလယ်ယာစနစ် ဖွံ့ဖြိုးလာရေး နှင့်   လယ်ယာကုန်ထုတ်လုပ်မှု တိုးတက်ရေး     တွန်းအားပေး ဆောင်ရွက်ရန်၊    တောင်သူများ လိုအပ်သည့် နည်းပညာ၊ အရင်း  အနှီး၊ စျေးကွက်ရရှိရေးနှင့် အခြေခံ  အဆောက်အဦများ  ဖြည့်ဆည်း ပေးရန်၊  မျိုးစေ့ထုတ်လုပ်ငန်းများ တွင်   တောင်သူများ   ကိုယ်တိုင် ပူးပေါင်းပါဝင်သော မျိုးစေ့ထုတ် အစုအဖွဲ့များတည်ထောင်ရန်၊ စံပြ စိုက်ပျိုးရေး၊  မွေးမြူရေးကျေးရွာ များ    ထူထောင်၍    တောင်သူ အချင်းချင်းဖြန့်ဝေသော နည်းပညာ ပြန့်ပွားရေးလုပ်ငန်းများ  တိုးချဲ့ ဆောင်ရွက်ရန်၊ မြေပြင်ကွင်းဆင်း  ဆောင်ရွက်မှုများ တိုးမြှင့်ဆောင် ရွက်ရန်၊  စပါးအခြောက်ခံစက်များ  အပါအဝင်    လယ်ယာလုပ်ငန်း ခွင်ထုတ်လုပ်မှု       ကွင်းဆက် တစ်လျှောက်လုံး၌ စက်ကိရိယာ တိုးမြှင့်သုံးစွဲနိုင်ရေးဆိုင်ရာ ကိစ္စ ရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက်     ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် နှင့်  တာဝန် ရှိသူများသည်     ချမ်းမြသာစည် မြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေး   ဓာတ်ခွဲခန်း လုပ်ငန်းများနှင့်          အစားအစာ ဘေးအန္တရာယ်       ကင်းရှင်းရေး  လုပ်ငန်း  ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီး က      အဆင့်မြင့်ဓာတ်ခွဲခန်း အဖြစ်  အဆင့်မြှင့်တင် ဆောင်ရွက် ရန်နှင့်   ကျွမ်းကျင်သည့်  ဓာတ်ခွဲ ခန်းပညာရှင်   အရင်းအမြစ်များ  တိုးပွားရေးဆောင်ရွက်ရန် လိုအပ် ချက်များကို    ဆွေးနွေးမှာကြား သည်။

 


အလားတူ ပုသိမ်ကြီးမြို့နယ်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အသားတိုးနွား၊ မျိုးထိန်း၊ မျိုးပွား၊ မျိုးဖြန့်သရုပ်ပြခြံ  (ကြူဝန်း)၏ လုပ်ငန်း ဆောင်ရွက်ချက်များနှင့် အသားတိုး နွားမွေးမြူထားရှိမှုများ ကို   ကြည့်ရှုစစ်ဆေးပြီး   ဒုတိယ ဝန်ကြီးက   တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။   အဆိုပါ အသားတိုးနွား၊  မျိုးထိန်း၊ မျိုးပွား၊ မျိုးဖြန့် သရုပ်ပြခြံ(ကြူဝန်း)သည် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ရွှေနီနွားမ ကြီး ၁၅ ကောင်၊   ပြာစိမ်းနွားမ  ၁၈ ကောင်၊   ဘရာမင် အမ ၁၁ ကောင် စုစုပေါင်း  ၄၄  ကောင်ကို ၁၀၀ ရာခိုင်နှုန်း ဘရာမင်မျိုးရည် ခဲချောင်းဖြင့်   မေထုန်မဲ့သားစပ် ထားရှိကြောင်း သိရသည်။

 


ယင်းနောက်   ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် နှင့်  တာဝန် ရှိသူများသည်       ပြင်ဦးလွင်မြို့ရှိ   ပိုးသုတေသနနှင့် နည်းပညာဖွံ့ဖြိုး ရေး         ဗဟိုဌာနသို့ရောက်ရှိရာ ခြံတာဝန်ခံက   လုပ်ငန်းဆောင် ရွက်မှုကို       ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက   မြန်မာ့ပိုးစာ လုပ်ငန်း  ဖွံ့ဖြိုးတိုးတက်လာရေး  နှင့်   တန်ဖိုးမြင့်ပိုးချည်ထုတ်လုပ် နိုင်ရေး စီမံဆောင်ရွက်ရန် လိုအပ် ချက်များကို  ဆွေးနွေးမှာကြားပြီး ပိုးသုတေသနနှင့် ပိုးစာသုတေသန လုပ်ငန်း     ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း   သိရ သည်။                   


သတင်းစဉ်