
နေပြည်တော် ဒီဇင်ဘာ ၉
နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်အတွက် နိုင်ငံ့ဝန်ထမ်းများ၊ အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ် ခြင်းနှင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှု မရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နေ့/ညမပြတ် ဆောင်ရွက်လျက်ရှိရာ တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့ ချက်အရ ဒီဇင်ဘာ ၈ ရက်တွင် မဟာအောင်မြေမြို့နယ် စိန်ပန်း အရှေ့ရပ်ကွက်၌ အပြစ်မဲ့ပြည်သူများကို လုပ်ကြံသတ်ဖြတ်လျက် ရှိသူတစ်ဦး ရောက်ရှိနေကြောင်း သိရသဖြင့် လုံခြုံရေးပူးပေါင်း အဖွဲ့က သွားရောက်ရှာဖွေခဲ့ရာ ၃၈ x ၉၀ လမ်း သပြုရပ်စိန်ပန်း အရှေ့ တုန်တုန်စတိုးဆိုင်အနီး၌ ခင်မောင်ထွေး(၃၉)နှစ် ဒေးဝင်း အရှေ့ရပ်နေသူကို ၉-မမ ပစ္စတိုတစ်လက်၊ ၎င်းကျည် ၁၄ တောင့် နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
တရားခံ ခင်မောင်ထွေး၏ ထွက်ဆိုချက်အရ အကြမ်းဖက် လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသော လင်းလင်း(ခ)ဘေကြီး(၃၇)နှစ်ကို မဟာအောင်မြေမြို့နယ် ညောင်ကုန်းရပ်ကွက်တွင် လည်းကောင်း၊ ရဲဝင့်ကျော်(ခ)အသေးလေး (၂၁) နှစ်ကို မဟာအောင်မြေ မြို့နယ် အရှေ့ပတ္တားရပ်တွင် လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး တရားခံ ရဲဝင့်ကျော် (ခ)အသေးလေး၏ ထွက်ဆိုချက်အရ ချမ်းမြသာစည်မြို့နယ် (ဆ-၂) ရပ်ကွက် အိမ်အမှတ်(၇၆)တွင် အောင်မြင့်မြတ် (၂၃)နှစ်အား ၉-မမ ပစ္စတို တစ်လက်၊ ပစ္စတိုကျည်အိမ် သုံးခု၊ ၉-မမ ကျည် ၁၅၀ ၊ MG-1 လက်ပစ်ဗုံး သုံးလုံး၊ မိုင်းမျိုးစုံ သုံးလုံး၊ လက်လုပ်မိုင်းမျိုးစုံ ၁၇၇ လုံး၊ မီးရှို့စနက်ကြိုး ပေ ၁၀၀ ၊ ယမ်းကြိုး ပေ ၁၀၀၊ ဒီတိုနေတာ အချောင်း ၂၂၀၊ ကျည်ကာအခံပြား ၅၀၊ လက်ကိုင်ဖုန်းတစ်လုံး၊ ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ
ဖြစ်စဉ်တွင် တရားခံ လေးဦးကို ၉-မမ ပစ္စတို နှစ်လက်၊ ကျည်အိမ် သုံးခု၊ ၉-မမ ကျည် ၁၆၄ တောင့်၊ လက်ပစ်ဗုံး သုံးလုံး၊ မိုင်းမျိုးစုံ သုံးလုံး၊ လက်လုပ်မိုင်းမျိုးစုံ ၁၇၇ လုံး၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့သည်။
တရားခံ အောင်မြင့်မြတ်၏ ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန် စောဒေးဗစ်၊ မြောင် PDF အကြမ်းဖက် အဖွဲ့ဝင် ခန့်ဇော်ဦး၊ ကျော်စိုး၊ မြင့်စိုး၊ အားတီ၊ ဖွေးဖွေး(ခ) တင်ဇာခြည်၊ BPO အကြမ်းဖက်အဖွဲ့ဝင် မင်းထက်ဦး၊ ကျော်ဆန်းတို့မှ ပို့ဆောင်ခိုင်းသော လက်နက်/ခဲယမ်း များနှင့် ဖောက်ခွဲရေးပစ္စည်းများအား ပုသိမ်ကြီးမြို့နယ်၊ အမရပူရ မြို့နယ်၊ မတ္တရာမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ် တို့တွင် အပြစ်မဲ့ပြည်သူများကို လုပ်ကြံသတ်ဖြတ်ရန်၊ အများပြည်သူ အထိတ်တလန့်ဖြစ်စေရန်နှင့် ဖောက်ခွဲရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ဖမ်းဆီးရန်ကျန် MPO အကြမ်းဖက်အဖွဲ့ဝင် ဘာဟု၊ သီဟ၊ အမရပူရ PDF အကြမ်းဖက်အဖွဲ့နှင့် မတ္တရာ PDF အကြမ်းဖက်အဖွဲ့တို့ထံ အခကြေးငွေရယူ၍ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ် သိရှိရသည်။
ငွေကြေးများထောက်ပံ့
တရားခံ ခင်မောင်ထွေး၏ ထွက်ဆိုချက်အရ အောင်မြင့်မြတ် မှ ပို့ဆောင်ခိုင်းသည့် ဖောက်ခွဲရေးပစ္စည်းများအား လင်းလင်း(ခ)ဘေကြီး၊ ရဲဝင့်ကျော်(ခ)အသေးလေးတို့နှင့်အတူ အကြမ်းဖက် သမားများထံသို့ သွားရောက်ပို့ဆောင်ပေးရပြီး ထိုသို့ဆောင်ရွက်ပေးမှုကြောင့် အောင်မြင့်မြတ်မှ လိုအပ်သောငွေကြေးများ ထောက်ပံ့ ပေးခဲ့ကြောင်းနှင့် မန္တလေးမြို့အတွင်း ပြည်သူလူထုအထိတ်တလန့် ဖြစ်စေရန်အတွက် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ငန်းများအား ဖမ်းဆီး ရန်ကျန် ကိုဖြိုး၊ တရုတ်ကြီး၊ နန်းဦး၊ ရှင်းသန့်တို့လေးဦးမှ ဆောင်ရွက် လျက်ရှိကြောင်း ဖော်ထုတ်သိရှိရသည်။
တရားခံ အောင်မြင့်မြတ်၏ ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန် တရားခံ သုတအောင်ထံမှ အောက်တိုဘာလတွင် ပစ္စတို တစ်လက်၊ ပွိုင့် ၃၈၀ တစ်လက်၊ ပေါင်းနှစ်လက်အား ချမ်းအေးသာစံမြို့နယ် မြို့တော်ဥယျာဉ်အနီး တရုတ်ဘုံကျောင်းရှေ့၌ သီဟထံသို့ ၄၉ သိန်းကျပ်ဖြင့် ရောင်းချခဲ့ပြီး ရရှိငွေများအား အောင်မြေသာစံမြို့နယ် မင်းတဲအီကင်းရပ်ကွက်နေ စောဒေးဗစ်ထံတွင် အပ်နှံထားခဲ့ကြောင်း၊ ဖမ်းဆီးရန်ကျန် တရားခံ ကိုသဲထံမှ ဩဂုတ်လအတွင်း လက်လုပ်ချိန် ကိုက်မိုင်း ခုနစ်လုံး ရရှိခဲ့ပြီး လက်လုပ်ချိန်ကိုက်မိုင်း တစ်လုံး စမ်းသပ်ဖောက်ခွဲ၍ လေးလုံးကို ခင်မောင်ထွေးထံသို့ လည်းကောင်း၊
ကျန်နှစ်လုံးကို Speed ထံသို့လည်းကောင်း ပေးအပ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ အပြစ်မဲ့ပြည်သူများကို လုပ်ကြံသတ်ဖြတ်မှု ငါးကြိမ်ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရပြီး ကျူးလွန်ခဲ့သော ပြစ်မှုများအနေဖြင့်-
- ဇွန် ၂၆ ရက်တွင် ခင်မောင်ထွေးသည် ဝင်းအောင် နှင့်အတူ
အမရပူရမြို့နယ် တောင်မြို့ရပ်နေ အပြစ်မဲ့ပြည်သူတစ်ဦးကို
ဓားဖြင့် လည်းကောင်း။
- ဇူလိုင် ၃၁ ရက်တွင် ခင်မောင်ထွေးသည် ချမ်းမြသာစည်မြို့နယ်
တမ္ပဝတီရပ်ကွက် မြို့ဟောင်းရပ်နေ အပြစ်မဲ့ပြည်သူတစ်ဦးကို
ဓားဖြင့် လည်းကောင်း။
- အောက်တိုဘာ ၂၅ ရက်တွင် ခင်မောင်ထွေး၊ အောင်မြင့်မြတ်နှင့်
ပြည့်စုံအောင်တို့ သုံးဦးသည် ပုသိမ်ကြီးမြို့နယ် မြောက်တံ
တိုင်းရှည်ကျေးရွာနေ အပြစ်မဲ့ပြည်သူတစ်ဦးကို လက်နက်ငယ်
ဖြင့် လည်းကောင်း။
- နိုဝင်ဘာ ၅ ရက်တွင် ခင်မောင်ထွေးသည် ချမ်းမြသာစည်မြို့နယ်
အောင်သာယာရပ်ကွက်နေ အပြစ်မဲ့ ပြည်သူတစ်ဦးကို
လက်နက်ငယ်ဖြင့် လည်းကောင်း။
- နိုဝင်ဘာ ၈ ရက်တွင် ခင်မောင်ထွေးသည် ကိုသက်၊ ကိုဖြိုး
တို့နှင့်အတူ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်နေ
အပြစ်မဲ့ပြည်သူတစ်ဦးကို လက်နက်ငယ်ဖြင့်လည်းကောင်း
လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ကျူးလွန်ခဲ့သောပြစ်မှုများ
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ အများပြည်သူ အထိတ်တလန့်ဖြစ်စေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ထိခိုက် ဒဏ်ရာရရှိစေရန် ရည်ရွယ်၍ ဖောက်ခွဲဖျက်ဆီးမှုပြုလုပ်ခြင်း ငါးကြိမ် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရပြီး ကျူးလွန်ခဲ့သော ပြစ်မှုများ အနေဖြင့်-
- စက်တင်ဘာ ၁၁ ရက်တွင် ခင်မောင်ထွေးသည် ကိုသက်
ဦးစီးသည့် GZP အကြမ်းဖက်အဖွဲ့ဝင် ခုနစ်ဦးနှင့်အတူ Light
Truck ယာဉ်ဖြင့် ချမ်းမြသာစည်မြို့နယ် သံလျက်မှော်
တောင်ရပ်ကွက် ကန်တော်ကြီးပတ်လမ်းတွင် လုံခြုံရေး
ဆောင်ရွက်နေသည့် လှည့်ကင်းမော်တော်ယာဉ်အား လက်လုပ်
ဗုံးဖြင့် လည်းကောင်း။
m စာမျက်နှာ ၁၆ မှ
- စက်တင်ဘာ ၂၇ ရက်တွင် ခင်မောင်ထွေးနှင့် ကိုဖြိုးတို့ နှစ်ဦး
သည် မဟာအောင်မြေမြို့နယ် ချမ်းမြသာစည်မြောက်ရပ်ကွက်
ကညနရုံးအား လက်လုပ်ချိန်ကိုက်ဗုံးဖြင့် လည်းကောင်း။
- နိုဝင်ဘာ ၂၁ ရက်တွင် ခင်မောင်ထွေး သည် ကိုသက်၊ ကိုဖြိုး
တို့နှင့်အတူ မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိရပ်ကွက်
ရစဖရုံးတွင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များကို
လက်နက်ငယ်ဖြင့် လည်းကောင်း။
- နိုဝင်ဘာ ၂၄ ရက်တွင် ခင်မောင်ထွေးသည် ကိုသက်၊ ကိုဖြိုး
တို့နှင့်အတူ မဟာအောင်မြေမြို့နယ် သံလျက်မှော်အနောက်
ရပ်ကွက်တွင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များ၏
မော်တော်ယာဉ်ပေါ်သို့ လက်လုပ်ဗုံးဖြင့် လည်းကောင်း။
- နိုဝင်ဘာ ၂၇ ရက်တွင် ခင်မောင်ထွေး၊ ကိုသက်၊ ကိုဖြိုးတို့
သုံးဦးသည် မဟာအောင်မြေမြို့နယ် ကုန်စိမ်းဈေးအနီး၌
လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မော်တော်ယာဉ်အား လက်လုပ်
ဗုံးဖြင့် လည်းကောင်း ဖောက်ခွဲဖျက်ဆီးမှုများ ကျူးလွန်ခဲ့
ကြောင်း ဖော်ထုတ်သိရှိရသည်။
တရားခံများ၏ ထွက်ဆိုချက်အရ မန္တလေးမြို့အတွင်း အကြမ်းဖက် ဖောက်ခွဲရေးနှင့် လုပ်ကြံသတ်ဖြတ်မှုများအား ဆောင်ရွက်နိုင်ရေး BPO အကြမ်းဖက်အဖွဲ့ခေါင်းဆောင် မင်းထက်ဦးက အဓိကစေခိုင်းခြင်း ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေး အောင်မြေသာစံမြို့နယ်နေ ဖြူပြာကိုက ငွေကျပ် ၃၅၀၀၀၀ နှင့် သံဘောစေ့ ၁၀၀ ပါ ၁၀ ဘူး
လေးဖာ ၊ အောင်မြင့်မြတ်၏ဖခင် ကျော်ဦးက ငွေကျပ် နှစ်သိန်း၊ ပြည်ပ နိုင်ငံများရှိ အစွန်းရောက် NLD ပါတီထောက်ခံသူများနှင့် အဖွဲ့အစည်း အချို့မှ လိုအပ်သောငွေကြေးများ ထောက်ပံ့ပေးလျက်ရှိကြောင်း ဖော်ထုတ်သိရှိရသည်။
အဆိုပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက် မှုဆောင်ရွက်နေသူများကို ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီး ရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြား နိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်း ပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အသိပေးထားကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။
သတင်းစဉ်