မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ခရိုင်ပေါင်းစုံ ကြက်တောင်ရိုက်ပြိုင်ပွဲနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

 

နေပြည်တော်  ဒီဇင်ဘာ  ၃၀


(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့်  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့်  ခရိုင်ပေါင်းစုံ ကြက်တောင် ရိုက်ပြိုင်ပွဲနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ် မန္တလာ သီရိ အားကစားကွင်း၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးမောင်ကို၊   အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမား များ တက်ရောက်ကြသည်။

 


ဦးစွာ  တိုင်းဒေသကြီးဝန်ကြီးချုပ်က  အမှာ စကားပြောကြားသည်။  ထို့နောက်  တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများကို   ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး ဂုဏ်ပြုချီးမြှင့်ငွေများ  ပေးအပ် ကြကာ အဖွင့်ပွဲစဉ်ဖြစ်သည့်      မိတ္ထီလာခရိုင်အသင်းနှင့် ပြင်ဦးလွင်ခရိုင်အသင်းတို့၏    ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြောင်း သတင်းရရှိသည်။


သတင်းစဉ်