
မန္တလေး နိုဝင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းက မန္တလေး ပညာရေးဒီဂရီကောလိပ်နှင့် မန္တလေးတက္ကသိုလ်သို့ သွားရောက် ပြီး သစ်လွင် နည်းပြ၊ သရုပ်ပြများနှင့် အခြေခံပညာ ဆရာ ဆရာမများအား တွေ့ဆုံသည်။
အဆိုပါ တက္ကသိုလ်များ၌ တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီး ချုပ်က နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရန်အတွက် လူ့စွမ်းအား အရင်းအမြစ်များ ပြုစုပျိုးထောင် ရန် လိုအပ်သကဲ့သို့ အဓိကလိုအပ် သည့် လူသားများ ဖွံ့ဖြိုးရေး အတွက် လေ့ကျင့်ပြုစုပျိုးထောင် မွေးထုတ်ပေးရန် ပညာရေးကဏ္ဍ သည် မရှိမဖြစ် အရေးကြီးပါ ကြောင်း၊ မွမ်းမံသင်တန်းများ ဖွင့်လှစ်ပို့ချခြင်းသည် ဆရာ အတတ်ပညာနှင့် စီမံခန့်ခွဲမှု အရည်အသွေးများ မြင့်မားလာစေ ရန်ဖြစ်ကြောင်း၊ သင်တန်းကာလ တိုတောင်းသော်လည်း ကြိုးစား သင်ယူပြီး မိမိတို့၏ ပညာစွမ်း ဆောင်ရည်ကို မြှင့်တင်ကြရမည် ဖြစ်ကြောင်း၊ မိမိကိုယ်တိုင်ထူးချွန် ထက်မြက်နေမှသာ တပည့်များ ကို ထူးချွန်ထက်မြက်အောင် ပြုစုပျိုးထောင်ပေးနိုင်မည်ဖြစ်၍ အမြဲမပြတ် သင်ယူဆည်းပူးပြီး နိုင်ငံတကာ ပညာရေးကိုလည်း လေ့လာနေရမည် ဖြစ်ကြောင်း၊ စာသင်ကြားမှုများအပြင် စာဖတ် သည့် အလေ့အကျင့်ကောင်းများ၊ စိတ်ဓာတ်စည်းကမ်း ကောင်းမွန် အောင် သင်ကြားပေးရမည် ဖြစ်ကြောင်း၊ ဝန်ထမ်းကောင်း မှ နိုင်ငံကောင်းမည်ဖြစ်ရာ ဝန်ထမ်းစည်းကမ်းများကို လိုက်နာ ပြီး ဆရာ့ကျင့်ဝတ်နှင့်အညီ မိမိလုပ်ငန်း တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရ မည်ဖြစ်ကြောင်း ပြောကြားသည်။
မန္တလေးပညာရေး ဒီဂရီ ကောလိပ်၌ နည်းပြ၊ သရုပ်ပြ သစ်လွင်များနှင့် အခြေခံပညာ ဆရာ ဆရာမ သစ်လွင်များ တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နည်းပြ၊ သရုပ်ပြ များအတွက် ငွေကျပ် ငါးသိန်းနှင့် အခြေခံပညာ ဆရာ ဆရာမ သစ်လွင်များအတွက် ငွေကျပ် လေးသိန်းငါးသောင်းကို ချီးမြှင့် ပေးအပ်ကာ မန္တလေးတက္ကသိုလ် ဝင်းအတွင်း ရေစီးရေလာကောင်း မွန်ရေးနှင့် လမ်းများ အဆင့်မြှင့် တင် ဆောင်ရွက်သွားမည့်အခြေ အနေများ၊ တက္ကသိုလ်အားကစား ကွင်းအတွင်း စက်ယန္တရားယာဉ် ဖြင့် ဆောင်ရွက်နေမှုနှင့် ပင်မ အဆောင်ရှေ့ လမ်းဘေးဝဲယာရှိ သစ်ပင်ကြီးများကို အလင်းဖွင့် ခြင်း ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်