မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးကျင်းပ

 

မန္တလေး  ဇွန်  ၂၅


မန္တလေးတိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီ  အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၂)ကိုဇွန်၂၄ ရက် ညနေပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး (၂)  ထပ်ဆောင် အစည်းအဝေးခန်းမတွင်  ပြုလုပ် ရာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊   တိုင်းဒေသကြီး ဝန်ကြီးချုပ်      ဦးမောင်ကိုနှင့်    ကော်မတီ           အဖွဲ့ဝင်များ     တက်ရောက်ကြသည်။ 

 


အစည်းအဝေးတွင်     တိုင်း ဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသ ကြီး         အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်၏     စီးပွားရေးကို အထောက်အကူ            ပြုနိုင်သည့် ရင်းနှီးမြှုပ်နှံမှု  လုပ်ငန်းများကို ရင်းနှီးမြှုပ်နှံမှု  ပမာဏသတ်မှတ် ချက်အပေါ်မူတည်ပြီး  မူဘောင် အတွင်းမှ  စိစစ်ခွင့်ပြုပေးလျက်ရှိ ကြောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်မှ    နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်     ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများကို ဦးစားပေး ဖိတ်ခေါ်လျက်ရှိကြောင်း၊  တိုင်း ဒေသကြီးအတွင်းဒေသနှင့် ကိုက် ညီသင့်လျော်မည့်  ကဏ္ဏအလိုက် ရင်းနှီးမြှုပ်နှံမှု     လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်၍  ကာလ တို၊    ကာလလတ်အစီအမံများ ချမှတ်ဆောင်ရွက် သွားမည်ဖြစ် ကြောင်း၊ တိုင်းဒေသကြီးအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေ မည့်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို စိစစ်ခွင့်ပြုသွားမည်ဖြစ်ပြီး အခက် အခဲများရှိပါက   တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ  ကူညီ ဆောင်ရွက်ပေးသွားမည်       ဖြစ်ကြောင်း ပြောကြားသည်။

 


ညှိနှိုင်းဆောင်ရွက်ပေး


ယင်းနောက်   တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်း ရေးမှူး  ဒေါက်တာ  မင်းဇော်ဦးက တိုင်းဒေသကြီးအတွင်း  ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ    အတည်ပြု လျှောက်ထားလွှာများ တင်ပြခြင်း၊ သက်တမ်းတိုး လျှောက်ထားခြင်းများ    ရှင်းလင်းတင်ပြချက်များ အပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ် က   လိုအပ်သည်များကို  ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။      

               
သတင်းစဉ်