မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်သဖြင့် ပြည်သူ နှစ်ဦး ဒဏ်ရာရပြီး တစ်ဦး ဖမ်းဆီး ခံရကြောင်း သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက် စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဇန်နဝါရီ ၄ မန္တလေးတိုင်းဒေသကြီး မတ္တရာ မြို့နယ်မှလာသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၂ ရက် ၌ တောပုရွာဘုန်းကြီးကျောင်း တွင် အထိုင်ချပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် မှုကြောင့် ပြည်သူ နှစ်ဦး ထိခိုက် ဒဏ်ရာရရှိကာ တစ်ဦးကို ဖမ်းဆီး သွားခဲ့ကြောင်းနှင့် ကျေးရွာနေအိမ် များမှ အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားသည်ဟု သတင်း တု၊ သတင်းမှားများကို ပြည်ဖျက် မီဒီယာ DVB မှ မဟုတ်မမှန် ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။ အဆိုပါသတင်းနှင့် ပတ်သက် ၍ သက်ဆိုင်ရာဒေသရှိ လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ ဇန်နဝါရီ ၂ ရက်တွင် မတ္တရာမြို့နယ် တောပုရွာသို့ လုံခြုံရေးတပ်ဖွဲ့များ သွားရောက် ခဲ့ခြင်းမရှိသလို ကျေးရွာများ၊ ဒေသခံပြည်သူများအား လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုမရှိကြောင်း သိရှိရပြီး တရားမဝင် ပြည်ဖျက်မီဒီယာများ က လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများမှ ကြောက်ရွံ့ထိတ်လန့် လာစေရန် သတင်းတု၊ သတင်း မှားများကို ရေးသားဖြန့်ဝေနေ ခြင်းသာဖြစ်ကြောင်း သတင်း ရရှိသည်။ သတင်းစဉ်