မန္တလေးတိုင်းဒေသကြီး မြေလွတ် မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၂) ကျင်းပ

 

လုပ်ငန်းရှင်များအနေဖြင့် လျှောက်ထားသည့်အတိုင်း လုပ်ငန်းများကို အကောင်အထည်ဖော်  ဆောင်ရွက်သွားရမည်

 

မန္တလေး  ဇွန်  ၁၁


မန္တလေးတိုင်းဒေသကြီး  မြေလွတ် မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲ ရေးကော်မတီ    အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၂)ကို  မန္တလေး တိုင်းဒေသကြီး    အစိုးရအဖွဲ့ရုံး (၂)ထပ်ဆောင်   အစည်းအဝေး ခန်းမ ၌    ဇွန်   ၁၀    ရက်က  ပြုလုပ်ရာ      တိုင်းဒေသကြီး        ဝန်ကြီးချုပ်        ဦးမောင်ကို၊     တိုင်းဒေသကြီး  ဝန်ကြီးများနှင့်    တာဝန်ရှိသူများ   တက်ရောက်ကြသည်။

 


အစည်းအဝေးတွင်    တိုင်း ဒေသကြီးဝန်ကြီးချုပ်က မြေလွတ် မြေလပ်နှင့်      မြေရိုင်းများကို စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဓာတ် သတ္ထုတူးဖော်ရေး  လုပ်ငန်းများ အတွက် လျှောက်ထားလာသည့် လုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့်များကို  စီမံခန့်ခွဲရေး ကော်မတီ၏   ဆုံးဖြတ်ချက်ဖြင့် အချိန်ကြန့်ကြာမှု      မရှိအောင် ခွင့်ပြုချထားပေးခြင်းဖြင့် လုပ်ငန်း ရှင်ရော     တိုင်းပြည်အတွက်ပါ အကျိုးရှိမည်ဖြစ်ကြောင်း၊ လုပ်ငန်း ရှင်များအနေဖြင့်လည်း   အမှန် တကယ်           လျှောက်ထားသည့် အတိုင်း လုပ်ငန်းများကို အကောင် အထည်ဖော်  ဆောင်ရွက်သွားရ မည်ဖြစ်ပြီး    မြေပြင်တွင်    အမှန် တကယ်ဆောင်ရွက်ခြင်း မရှိပါက ဥပဒေ၊ နည်းဥပဒေနှင့်အညီ စိစစ် ဆောင်ရွက်သွားရန်         လိုအပ် ကြောင်း၊      ခွင့်ပြုသည့်အခါ သတ်မှတ်သည့်        စည်းကမ်း သတ်မှတ်ချက်နှင့် ညီမညီ သေချာ စွာစိစစ်ခွင့်ပြုရန်လိုအပ်ကြောင်းပြောကြားသည်။

 


ဆက်လက်၍    မြေလွတ် မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲ ရေးကော်မတီတွင်   ပါဝင်သည့် အဖွဲ့ဝင်များက      တင်ပြလာသည့် အမှုတွဲများအား         သတ်မှတ် စည်းကမ်းချက်နှင့်    ကိုက်ညီမှု ရှိမရှိ   စိစစ်ဆွေးနွေး  တင်ပြရာ တိုင်းဒေသကြီး   ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်း    ဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။   
   

သတင်းစဉ်