မန္တလေးတိုင်းဒေသကြီး (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပါဝင်ဆောင်ရွက်ပေးခဲ့ကြသူများအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

 

မန္တလေး အောက်တိုဘာ  ၇


မန္တလေးတိုင်းဒေသကြီး (၂၄)ကြိမ် မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်)  တွင် ပါဝင်  ဆောင်ရွက်ပေးခဲ့ကြသည့် ကော်မတီ၊ ဆပ်ကော်မတီများမှတာဝန်ရှိသူများနှင့်   အကဲဖြတ် ပညာရှင်ကြီးများအား  ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်း က   မန္တလေးမြို့တော်      စည်ပင် သာယာရေးကော်မတီရုံးရှိ မြို့တော် ခန်းမ၌ ကျင်းပရာ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ သာသနာရေးနှင့်   ယဉ်ကျေးမှု ဝန်ကြီးဌာန      ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ တိုင်းဒေသကြီးဝန်ကြီး များ၊  အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ ပါမောက္ခချုပ်နှင့်    တာဝန်ရှိသူ များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ မှ ဥက္ကဋ္ဌများ၊   တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ အကဲဖြတ် ဒိုင်အဖွဲ့ဝင်များနှင့် ဖိတ်ကြားထား သည့်ဧည့်သည်များ တက်ရောက် ကြသည်။


အခမ်းအနားတွင် တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုစကား ပြောကြားရာတွင်    (၂၄)ကြိမ် မြောက် မြန်မာ့ယဉ်ကျေးမှု အဆို၊ အက၊  အရေး၊     အတီးပြိုင်ပွဲ  (တိုင်းဒေသကြီးအဆင့်)    တွင်   ပါဝင်   ဆောင်ရွက်ပေးခဲ့ကြသည့် ကော်မတီ၊ ဆပ်ကော်မတီများမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ဘာသာရပ်အလိုက်   အကဲဖြတ် ပညာရှင်ကြီးများက   ပြိုင်ပွဲများ တွင်  စိတ်ရောကိုယ်ပါ    ပါဝင် ဆောင်ရွက်ပေးခဲ့သည့်   အတွက် ကျေးဇူးတင်ရှိပါကြောင်း၊    ဗဟို အဆင့်တွင်  ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် ၁၄၇ ဦးကို စနစ်တကျစိစစ်ရွေးချယ်ခဲ့ပြီးဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဘာသာရပ်အလိုက် အကဲဖြတ် ပညာရှင်ကြီးများအနေ ဖြင့် စခန်းသွင်းလေ့ကျင့်ချိန်ကာလ အတွင်း ရွေးချယ်ထားသည့် ပြိုင်ပွဲ ဝင်များ၏အရည်အသွေးများ  ပိုမို တိုးတက်လာရေးအတွက် လိုအပ် ချက်များကို ဖြည့်ဆည်းသင်ကြား ပေးသွားရန်   လိုအပ်ပါကြောင်း ပြောကြားသည်။ 
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရား လွှတ်တော်    တရားသူကြီးချုပ်၊ တိုင်းဒေသကြီး  ဝန်ကြီးများနှင့် တာဝန်ရှိသူများက    အကဲဖြတ် ပညာရှင်ကြီးများအား   ဂုဏ်ပြုငွေ  နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်ခဲ့ပြီး  ဂုဏ်ပြု ညစာဖြင့်  တည်ခင်းဧည့်ခံကာ    အမျိုးသားယဉ်ကျေးမှုနှင့်   အနု ပညာတက္ကသိုလ်   (မန္တလေး)မှ   ဆရာ ဆရာမများနှင့်      ကျောင်းသား ကျောင်းသူများက     ဂုဏ်ပြု ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။               
 

သတင်းစဉ်