
နေပြည်တော် စက်တင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီးအဆင့် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ဝင် များ၊ ပြိုင်ပွဲဝင်များ၊ မြို့မိမြို့ဖများ၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ဆရာ ဆရာမများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက် ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့် အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းဒေသ ကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မန္တလေးတိုင်းဒေသကြီးအဆင့် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဆုရရှိကြသူများနှင့် အကဲဖြတ်ဒိုင်များ ကို ဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်ကြပြီး ဆုရရှိကြသူများ၏ ကပြဖျော်ဖြေမှု များကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဗဟိုအဆင့်တွင် သွားရောက်ယှဉ်ပြိုင်မည့် အဖွဲ့ ခေါင်းဆောင်ထံသို့ အောင်နိုင်ရေးအလံကို ပေးအပ် ခဲ့ကြောင်း သိရသည်။
သတင်းစဉ်