မန္တလေးနည်းပညာတက္ကသိုလ် သန့်ရှင်းသပ်ရပ်ရေးလုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


 

မန္တလေး   ဒီဇင်ဘာ   ၂၀
မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ်  ဦးမောင်ကိုသည်  တိုင်းဒေသ ကြီး ဝန်ကြီးများနှင့်အတူ    ယနေ့ နံနက်ပိုင်းက မန္တလေး နည်းပညာ တက္ကသိုလ်ဝင်းအတွင်း လူအင်အား၊     စက်ယန္တရား    အင်အားတို့ဖြင့် သစ်ပင်    ချုံနွယ်၊    မြက်ပင်များ  ခုတ်ထွင်ရှင်းလင်းနေမှု၊    အလင်း ကောင်းမွန်စွာရရှိစေရန် လမ်းဘေး ဝဲယာရှိ  သစ်ပင်ကြီးများ အလင်း ဖွင့်ခြင်း     ဆောင်ရွက်နေမှုများ၊ ရေစီးရေလာ     ကောင်းမွန်ရေး ဆောင်ရွက်နေမှုများကို လိုက်လံ ကြည့်ရှုစစ်ဆေးကာ      သန့်ရှင်းရေး  ဆောင်ရွက်နေသူများ ကို အားပေးစကားများ ပြောကြား ပြီး  လိုအပ်သည်များ  ပေါင်းစပ် ဆောင်ရွက်ပေးသည်။
ဆက်လက်၍     တက္ကသိုလ် ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ၍ တက္ကသိုလ်များ ဖွင့်လှစ်သည့်အခါ ကျောင်းသား       ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာများသင်ယူ နိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ က  ကျောင်းများတွင်လိုအပ်သည့် Hardware        ပိုင်းဆိုင်ရာများ၊  ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသပ်ရပ်ရေးများကို အလေး ထား  ဆောင်ရွက်ပေးလျက်ရှိပြီး      အားလုံးတက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်   သွားကြရမည်ဖြစ် ကြောင်း၊ ကျောင်းသားကျောင်းသူ များ        ကျောင်းတက်ချိန်တွင်         စိတ်ချမ်းမြေ့စွာဖြင့် ကျောင်းတက် နိုင်ရေးအတွက်     သန့်ရှင်းရေး၊ လုံခြုံရေး၊ ကျန်းမာရေး၊  စားရေး သောက်ရေး  သွားလာရေးမှအစ ပြီးပြည့်စုံရေး ဆောင်ရွက်ပေးရန် လိုကြောင်း၊ သက်ဆိုင်ရာ တာဝန် ရှိသူများကလည်း    စေတနာထား ဆောင်ရွက်ပြီး     တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း လိုအပ်သည် များ       ပံ့ပိုးကူညီပေးမည်ဖြစ် ကြောင်း     ဆွေးနွေးပြောကြား သည်။   
ထိုသို့      ဆောင်ရွက်ရာတွင် မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီမှ     ဝန်ထမ်းများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊  တက္ကသိုလ်မှ ဝန်ထမ်းများနှင့်အတူ  မြက်ဖြတ်စက်   ၃၆   လုံး၊    ဒိုဇာ နှစ်စီး၊ ကားကရိန်း နှစ်စီး၊ JCV Lorder တစ်စီး၊ အမှိုက်သိမ်းယာဉ်  ၁၀ စီး၊ ၁၀ ဘီးယာဉ် လေးစီးတို့ အသုံးပြု၍     ဆောင်ရွက်ကြ ကြောင်း သိရသည်။  
  သတင်းစဉ်