မန္တလေးမြို့တွင် ပထမဦးဆုံးလျှပ်စစ်ကားဓာတ်အားသွင်းရုံ ဖွင့်လှစ်ခြင်းအခမ်းအနား ကျင်းပ

 

မန္တလေး  မတ် ၂၄


Asia     Pacific    Automaker Corporation    (APAC)    က တည်ဆောက်ပြီးစီးသည့် လျှပ်စစ် သုံးယာဉ်များ အားသွင်းနိုင်သည့် Charging Station ဖွင့်လှစ်ခြင်း အခမ်းအနားကို  ယနေ့နံနက်ပိုင်း က      ချမ်းမြသာစည်မြို့နယ်ရှိ သိပ္ပံလမ်း     ဆင်ဖြူကန်ကွင်း၌ ကျင်းပရာ      မန္တလေးတိုင်းဒေသ ကြီး ဝန်ကြီးများ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့်   ဖိတ်ကြားထား သည့် ဌာနဆိုင်ရာအကြီးအကဲများ၊ Asia   Pacific  Automaker  Corporation (APAC)မှ တာဝန် ရှိသူများ   တက်ရောက်ကြသည်။

 


ရှင်းလင်းတင်ပြ


ဦးစွာ  မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး    ဝန်ကြီး၊        မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်း က လျှပ်စစ်သုံးယာဉ်များ အားသွင်း သည့်  Charging Station များ  တည်ဆောက်ရခြင်းနှင့်  ပတ်သက် ၍   အမှာစကား ပြောကြားခဲ့ပြီး   Asia    Pacific    Automaker      Corporation      (APAC)   မှ မန်နေဂျင်း ဒါရိုက်တာ ဦးနောင် နောင်လတ်က       အမျိုးသား အဆင့်         လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ       ဖွံ့ဖြိုး တိုးတက်ရေး ဦးဆောင်ကော်မတီ ၏             လမ်းညွှန်မှုများနှင့်အညီ မြန်မာနိုင်ငံအတွင်း  လျှပ်စစ်သုံး ယာဉ်များ    ပြေးဆွဲအသုံးပြုနိုင် ရေးနှင့်  Charging Infrastructure များ          ဖွံ့ဖြိုးတိုးတက်ရေး အတွက်  ပူးပေါင်းပါဝင်ခွင့်ရခြင်း နှင့်စပ်လျဉ်း၍             ကျေးဇူးတင် စကားပြောကြားပြီး   လုပ်ငန်းစဉ် များအား                ရှင်းလင်းတင်ပြ သည်။

 


လိုက်လံကြည့်ရှု


ဆက်လက်၍  တိုင်းဒေသကြီး   ဝန်ကြီးများ၊   ဆောက်လုပ်ရေး   ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝဏ္ဏဇော်နှင့်   Asia   Pacific Automaker     Corporation (APAC)  မှ    တာဝန်ရှိသူများက APAC EV Charging Station(MDY 01)အား  ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး  တိုင်းဒေသကြီး    လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး     ဗိုလ်မှူး ကြီး ကျော်ကျော်မင်းက   APAC   EV Charging Station(MDY01) ဆိုင်းဘုတ်ကို     စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီးနောက်             EV Charging Stationမှ EV လျှပ်စစ် ကားများနှင့်    မန္တလေးမြို့တွင် ပြေးဆွဲမည့် City Taxi EV လျှပ်စစ် ကားများ    လက်တွေ့မောင်းနှင် ပြသမှုများကို  လိုက်လံကြည့်ရှုခဲ့ ကြသည်။

 


ယနေ့ဖွင့်လှစ်ခဲ့သည့် APAC EV Charging Station(MDY 01)သည်မန္တလေးမြို့တွင်   လျာထား တည်ဆောက်လျက်ရှိသည့် Char-ging Station ငါးနေရာအနက် ပထမဦးဆုံး တည် ဆောက်ပြီးစီး၍ ဖွင့်လှစ်နိုင်ခဲ့သော      Charging Stationဖြစ်ပြီး လျှပ်စစ်သုံးယာဉ် ၁၀  စီးကို           တစ်ပြိုင်တည်း  အားသွင်းနိုင်မည်ဖြစ်ကြောင်းနှင့် ကျန်ရှိသော   EV    Charging Station များ တည်ဆောက်နေမှု သည်လည်း    မကြာမီပြီးစီးမည် ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်