မန္တလေးမြို့တွင် ကွမ်းရွက်ရောင်းပြီး အရာတော်သို့ပြန်လာသည့် ရိုးသားစွာလုပ်ကိုင်စားသောက်သူ ဒေသခံများကို PDF အမည်ခံအကြမ်းဖက်သမားများက လမ်းခုလတ်တွင်  သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ ငွေကျပ်သိန်း ၁၀၀ ခန့် ယူဆောင်ထွက်ပြေး


 

နေပြည်တော်   ဇန်နဝါရီ   ၁၁
စစ်ကိုင်းတိုင်းဒေသကြီး   ဝက်လက်မြို့  ပြည်သူ့ဆေးရုံသို့  ဇန်နဝါရီ ၁၀ ရက်တွင် မိုင်းစထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေ သည့် အမျိုးသား အလောင်းတစ်လောင်း ရောက်ရှိနေကြောင်း သတင်းအရ    နယ်မြေခံရဲတပ်ဖွဲ့မှ    တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ     အရာတော်မြို့နယ်     ငွေတွင်း ကျေးရွာနေသူ   ကွမ်းခြံစိုက်ပျိုးရေးလုပ်ငန်း  လုပ်ကိုင်သည့် စည်သူအောင် (ဘ)ဦးဆန်းညွန့်ဦး ဖြစ်ကြောင်း သိရှိရသည်။
ဖြစ်စဉ်နှင့်       ပတ်သက်၍ စစ်ဆေးမေးမြန်းချက်များအရ ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းတွင် အရာတော်မြို့နယ်       ငွေတွင်း ကျေးရွာနေ     ဦးလွှမ်းမိုး  (ဘ)ဦးရွှေသိန်း အပါအဝင် အမျိုးသား ငါးဦး၊ အမျိုးသမီး တစ်ဦးတို့သည် အာကာမင်း   (ဘ)   ဦးဇော်လွင် မောင်းနှင်သည့်  Light   Truck အမျိုးအစား      အဖြူရောင် မော်တော်ယာဉ်ဖြင့် မန္တလေးမြို့သို့ ကွမ်းရွက်ခြင်းများ    သွားရောက် ရောင်းချခဲ့ကြောင်း၊ ထိုသို့ရောင်းချ ပြီးနေရပ်သို့ပြန်လာစဉ် ညနေ ၅ နာရီခွဲခန့်တွင် ဝက်လက်မြို့နယ် ရွှေပန်းကုံးကျေးရွာနှင့်   သမရိုး ကျေးရွာကြားရှိ      ဒေသအခေါ် တစ်ဝက်မန်ကျည်းပင်တံတားသို့ အရောက်၌ PDF အမည်ခံ အကြမ်း ဖက်သမားများက ဒေသန္တရလုပ် ဆွဲမိုင်းဖြင့်      မိုင်းဆွဲတိုက်ခိုက် ပြီး  ယာဉ်ရပ်တန့်စေခဲ့ကြောင်း၊ ထို့နောက် ယာဉ်ပေါ်ပါ ကျေးရွာသူ၊ ကျေးရွာသားများကို  ယာဉ်ပေါ်မှ ဆင်းခိုင်းကာ      သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ကွမ်းရောင်းရငွေကျပ် သိန်း ၁၀၀ ခန့်ကို  ယူဆောင်၍ ထွက်ခွာသွားခဲ့ကြောင်း၊ ထိုသို့ ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သတင်း များ ကြားသိရသဖြင့် ယာဉ်ပေါ် တွင်  လိုက်ပါသွားသည့်  စည်သူ အောင်၏   မိခင်ဖြစ်သူ   ဒေါ်နွယ် သည်  ရွှေပန်းကုံးကျေးရွာ  လူမှု ကူညီရေးအသင်းမှ   မော်တော် ယာဉ်ဖြင့်   ဖြစ်စဉ်နေရာသို့  သွား ရောက်ခဲ့ရာ   စည်သူအောင်ကို သေနတ်ဒဏ်ရာများဖြင့်    လဲကျ နေသည်ကို    တွေ့ရှိရပြီး   အနီး ဝန်းကျင်တွင်     ယာဉ်ပေါ်လိုက်ပါ လာသော  အမျိုးသား  လေးဦး၊ အမျိုးသမီး တစ်ဦး    ပေါင်းငါးဦး တို့     သေဆုံးလျက်တွေ့ရှိရကာ Light Truck မော်တော်ယာဉ်နှင့် ယာဉ်မောင်းဖြစ်သူ အာကာမင်း ကို    တွေ့ရှိရခြင်း    မရှိကြောင်း။ စည်သူအောင်ကို      ဝက်လက် ပြည်သူ့ဆေးရုံသို့    ပို့ဆောင်ရန် ခေါ်ဆောင်လာစဉ် လမ်းခုလတ်၌ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ ကြောင်း။
ယာဉ်မောင်းဖြစ်သူ   အာကာ မင်းသည် ဝဲဘက်လက်မောင်းနှင့် လက်ဖျံတို့တွင်   သေနတ်ထိမှန် ဒဏ်ရာများဖြင့် ည ၇ နာရီခွဲခန့် တွင် အရာတော်မြို့ ပြည်သူ့ဆေးရုံ သို့   ရောက်ရှိလာခဲ့ပြီး   ၎င်း၏ ပြောပြချက်အရ  PDF  အမည်ခံ အကြမ်းဖက်သမားများ ထွက်ခွာ သွားချိန်တွင် မော်တော်ယာဉ်ဖြင့် မောင်းနှင်  ထွက်ပြေးခဲ့ကြောင်း နှင့်  အရာတော်မြို့  ကူးတို့ကိုင်း ကျေးရွာမှတစ်ဆင့်        ဆေးရုံသို့ ရောက်ရှိဆေးကုသမှု ခံယူခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဖြစ်စဉ်တွင်   သေဆုံးခဲ့ရသူ များနှင့် ပတ်သက်၍ သေမှုသေခင်း ဖွင့်လှစ်     ဆောင်ရွက်သွားမည် ဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့သူများနှင့်   ပါဝင် ပတ်သက်သူများကို    ဥပဒေနှင့် အညီ အရေးယူနိုင်ရေးအတွက် လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ကို    လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်      ဆောင်ရွက်လျက် ရှိသည်။ 
PDF  အမည်ခံ အကြမ်းဖက် သမားများအနေဖြင့်    နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက် ပြားစေရန်ရည်ရွယ်၍   အဖျက် အမှောင့်         လုပ်ငန်းမျိုးစုံကို လုပ်ဆောင်လျက်  ရှိသည့်အပြင် ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်တို့ကို    ပျက်စီးစေရန် အတွက်လည်း      မိုင်းထောင် ဖောက်ခွဲခြင်း၊    ခြိမ်းခြောက် လုယက်သတ်ဖြတ်ခြင်း၊    မီးရှို့ ဖျက်ဆီးခြင်းများ လုပ်ဆောင်နေမှု အပေါ်   ပြည်သူလူထုတစ်ရပ်လုံး အနေဖြင့်  ပူးပေါင်းကာကွယ်သွား ကြပါရန်နှင့် အကြမ်းဖက်သမား များ၏   လှုပ်ရှားမှုသတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက် စွာ    ဆက်သွယ်သတင်းပေးပို့၍ အကြမ်းဖက်သမားများ ရပ်တည် နိုင်မှုမရှိသည်အထိ      ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်သွားကြရန် မေတ္တာရပ်ခံ   သတင်းထုတ်ပြန် ထားကြောင်း သိရသည်။
သတင်းစဉ်