
မန္တလေး အောက်တိုဘာ ၁၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဆူပူဆန္ဒပြမှုများတွင် ပါဝင်ခဲ့သဖြင့် တရား စွဲဆိုခြင်းခံနေရသူ ၄၃၂၀ တို့၏ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်း ၍ တရားခံများအား အမှုမှလွှတ်ရန် အမိန့်အမှတ်(၁၈၇/ ၂၀၂၁)ဖြင့် ထုတ်ပြန် ကြေညာခဲ့ရာ ယနေ့တွင် မန္တလေးမြို့၌ တရားစွဲဆိုခြင်းခံနေရသူ ၃၈၄ ဦး၏ အမှုများကို ပိတ်သိမ်း၍ အချုပ်မှ လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။ (ဝဲပုံ)
အမှုများ ပိတ်သိမ်း
အဆိုပါ ဆူပူဆန္ဒပြမှုများဖြင့် တရားရုံးအသီးသီးတွင် တရားစွဲဆို ခံရသူများအား မန္တလေးဗဟိုအကျဉ်းထောင်အတွင်း အချုပ်သားအဖြစ် ထားရှိရာမှ ယနေ့ မွန်းလွဲပိုင်း တွင် အမှုများ ပိတ်သိမ်းပြီး လွတ်မြောက်ခွင့်ရရှိသူ အမျိုးသား ၃၂၀ နှင့်အမျိုးသမီး ၆၄ ဦးစုစုပေါင်း ၃၈၄ ဦးတို့အား အကျဉ်းထောင်တာဝန်ရှိသူများက ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများဖြစ်သည့် အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ Mask များ ဝေငှပေးခြင်းနှင့် ကိုဗစ်ကာကွယ် ဆေးနှစ်ကြိမ် ထိုးနှံပြီးသူများအား သက်သေခံလက်မှတ် Q R code တို့ကို စနစ်တကျပေးအပ်ပြီး
နေ့တွက်စရိတ်များ ပေးအပ်ကာ သက်ဆိုင်ရာ မြို့နယ်အလိုက် ရဲစခန်း တာဝန်ရှိသူများ ထံသို့ ပြန်လည်လွှဲအပ်ပေးပြီး နေရပ် များသို့ ဆက်လက် ထွက်ခွာစေကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း၌ ဆူပူ ဆန္ဒပြမှုများနှင့် စပ်လျဉ်း၍ ကြားနာစစ်ဆေးဆဲ အမှုများပိတ်သိမ်းကာ အမှုမှ လွတ်မြောက်ခွင့် ရရှိသူ အမျိုးသား ၄၂၀ နှင့် အမျိုးသမီး ၈၄ ဦး စုစုပေါင်း ၅၀၄ ဦးရှိကြောင်း မန္တလေးတိုင်း ဒေသကြီး အကျဉ်းဦးစီးဌာနမှ ဦးစီးမှူး ဦးချိုဝင်းထွန်းထံမှ သိရှိရသည်။
မင်းထက်အောင်
(မန်းကိုယ်ပွား)