
မန္တလေး ဧပြီ ၂၁
မန္တလေးမြို့တော်ကို မြို့ပြအင်္ဂါ ရပ်နှင့်အညီ သန့်ရှင်းသာယာလှပ စေရေး၊ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်း စနစ်တကျရှိစေရေး၊ ခရီးသည်များ လုံခြုံချောမွေ့စွာ ဖြင့်သွားလာမှု ပိုမိုအဆင်ပြေစေ ရန်နှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရေး တို့ကို ရည်ရွယ်၍ မန္တလေးတိုင်း ဒေသကြီး ဒေသဆိုင်ရာကြီးကြပ် ကွပ်ကဲရေးအဖွဲ့၏ ဆုံးဖြတ် ညွှန်ကြားချက်အရ မန္တလေး မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ခရီးသည်များတင်ဆောင်ပြေးဆွဲလျက်ရှိသည့်လူစီးသုံးဘီး အငှားယာဉ်များကို ဆေးရောင်တစ်ရောင်တည်း အဝါ ရောင် (ကုဒ်နံပါတ် - 455) ကို ၂၀၂၃ခုနှစ် ဇွန် ၃၀ ရက်အတွင်း ဆေးရောင်ပြောင်းရန် လူစီးသုံးဘီး အငှားယာဉ်ပိုင်ရှင်များသို့ ကြိုတင် အသိပေးနှိုးဆော်ခဲ့ပြီးဖြစ်သည်။
လူစီးသုံးဘီး အငှားယာဉ် ပိုင်ရှင်များအနေဖြင့် သတ်မှတ် ရက်အတွင်း ပြီးစီးအောင်ဆောင် ရွက်ကြရန်နှင့် သတ်မှတ်ရက် ၃၀-၆-၂၀၂၃ အတွင်း ဆောင်ရွက် ရန်ပျက်ကွက်သည့် လူစီးသုံးဘီး အငှားယာဉ်များကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေး ယူမည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးလုပ်ငန်းကော်မတီ (မြို့တွင်း)က အသိပေးနှိုးဆော် ထားသည်။
သွင်ထူးဉာဏ်ဇော်(မန္တလေး)