မန္တလေး-ရန်ကုန်ခရီးစဉ်ပြေးဆွဲနေသော မြန်မာ့မီးရထားကုန်တင်ရထားကို အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်သည့်နေရာသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်  ဩဂုတ်  ၁၈
အကြမ်းဖက်သမားများက  အများ ပြည်သူ     အသုံးပြုလျက်ရှိသည့် ကားလမ်း၊    ရထားလမ်းများကို မိုင်းထောင်၊ ဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှို့ခြင်းများ     လုပ်ဆောင်လျက် ရှိရာ    ယနေ့တွင်    မန္တလေးမြို့မှ ရန်ကုန်မြို့သို့  ထွက်ခွာလာသည့် စက်ခေါင်းအမှတ်      DF/2077 မန္တလေး - ရန်ကုန်  ကုန်တင်ရထား ကို   ကညွတ်ကွင်းမြို့နှင့်  တော ကျွဲအင်းမြို့အကြား၌ မိုင်းထောင် ဖောက်ခွဲခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ သည်။ 
ဖြစ်စဉ်မှာ     မန္တလေးမြို့မှ ရန်ကုန်မြို့သို့  ဩဂုတ် ၁၇ ရက် ညနေ ၅ နာရီခန့်၌   ထွက်ခွာလာ သော စက်ခေါင်းအမှတ်  DF/2077 မန္တလေး - ရန်ကုန် ကုန်တင်ရထား သည်        တောကျွဲအင်းမြို့၏ အနောက်မြောက်ဘက်မီတာ ၂၀၀၀ ခန့်အကွာ  ရထားလမ်းကြေးနန်း မိုင်တိုင်အမှတ် ၁၂၀/၀၊   တံတား အမှတ်၊ ၁၇၉  နေရာသို့  ယနေ့ နံနက် ၇ နာရီ မိနစ် ၅၀  တွင် ဖြတ် သန်းမောင်းနှင်စဉ်      အကြမ်းဖက် သမားများက   လက်လုပ်ရီမုမိုင်း တစ်လုံးဖြင့်  ဖောက်ခွဲတိုက်ခိုက်ခဲ့ သဖြင့်       စက်ခေါင်းနှစ်ခေါင်း၊ နားနေတွဲတစ်တွဲနှင့်     ကုန်တွဲ ခြောက်တွဲတို့သည်     လမ်း၏ ညာဘက်သို့     လမ်းချော်ခြင်း၊ ရထားသံလမ်းပေ ၁၅၀ ခန့် တွန့် လိမ်ပျက်စီးခြင်းနှင့်    ဇလီဖားတုံး များ ကျိုးပဲ့ပျက်စီးမှုများ ဖြစ်ပေါ် ခဲ့ပြီး ခရီးသည်များ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရှိရသည်။
ဖြစ်စဉ်ဖြစ်ပွားရာ    နေရာသို့ ဒုတိယဝန်ကြီးချုပ်နှင့်    ပို့ဆောင် ရေးနှင့်    ဆက်သွယ်ရေးဝန်ကြီး ဌာန      ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် အဖွဲ့ သည် မွန်းလွဲပိုင်းတွင် သွားရောက် စစ်ဆေးကာ       လမ်းချော်ကျ တိမ်းမှောက်သွားသော  စက်ခေါင်း နှင့်  ကုန်တွဲများကို    အမြန်ဆုံး ပြန်လည်မတင်နိုင်ရေးနှင့် လမ်းပိုင်း အမြန်ပြုပြင်၍  ရထားများပုံမှန်ပြေးဆွဲနိုင်ရေးတို့အတွက် မြန်မာ့ မီးရထားရုံးချုပ်မှ ဌာနအကြီးအကဲ များကိုယ်တိုင် အနီးကပ်ကြီးကြပ် ဆောင်ရွက်သွားရန်  မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ 
နိုင်ငံတော်အနေဖြင့်  မန္တလေး တိုင်းဒေသကြီးနှင့်     ရန်ကုန်တိုင်း ဒေသကြီးတို့ရှိ     အများပြည်သူ ခရီးသွားလာမှုနှင့်    ကုန်စည် ပို့ဆောင်မှု အဆင်ပြေချောမွေ့စေ ရေးအတွက်    လူစီးရထားများ၊ ကုန်ရထားခရီးစဉ်များ   အချိန်မှန် ပြေးဆွဲနိုင်ရေး     အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသော် လည်း ပြေးဆွဲမှုနှောင့်နှေးကြန့်ကြာ စေပြီး     ခရီးသွားပြည်သူများနှင့် ကုန်စည်များ  ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေရေး ယုတ်မာရက်စက် စွာ  မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှု ကျူးလွန်နေကြသည့် အကြမ်းဖက် အဖွဲ့များကို     ဒေသခံပြည်သူ တစ်ရပ်လုံးက ပြင်းထန်စွာဆန့်ကျင် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်