
မန္တလေး ဒီဇင်ဘာ ၂၅
မန္တလေးအခြေစိုက် ဆောက်လုပ် ရေးဝန်ကြီးဌာန အငြိမ်းစား အင်ဂျင်နီယာများ လူမှုကူညီရေး အဖွဲ့က ဆောက်လုပ်ရေးဝန်ထမ်း (ငြိမ်း)များအား ကိုဗစ်-၁၉ ကာလ အတွင်း တတိယအကြိမ်မြောက် ဆန်၊ ဆီများ ထောက်ပံ့ပေးအပ် ခြင်းကို ဒီဇင်ဘာ ၂၄ ရက်က ဆောက်လုပ်ရေးယန္တရားသင်တန်း ကျောင်း၌ပြုလုပ်သည်။ ထောက်ပံ့ ပေးအပ်ရာတွင် မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရမြို့နယ်တို့ရှိ တိုင်းစတို အဆောက်အအုံ(၆)၊ တံတားအထူး အဖွဲ့(၄)နှင့် လျှပ်စစ်အလုပ်ရုံတို့မှ အငြိမ်းစား ဝန်ထမ်း ၁၁၀ တို့ကို လည်းကောင်း၊ ဆောက်လုပ်ရေး ယန္တရားတပ်ခွဲ(မြောက်)နှင့် ပင်မ အလုပ်ရုံတို့မှ အငြိမ်းစားဝန်ထမ်း ၁၀၂ ဦးတို့ကို လည်းကောင်း၊ အုတ်စက်ဓမ္မာရုံ၊ အောင်မြေသာစံ မြို့နယ်၊ အင်ဂျင်နီယာရုံးနှင့် ပုသိမ် ကြီးမြို့နယ် အင်ဂျင်နီယာရုံးတို့ တွင် အောင်မြေသာစံ၊ ချမ်းအေး သာစံ၊ ပုသိမ်ကြီးမြို့နယ်နှင့် အိုးအိမ်ဦးစီးဌာနတို့မှ အငြိမ်းစား ဝန်ထမ်း ၁၀၃ ဦးတို့ကိုလည်း ကောင်း၊ လူမှုကူညီရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်တင့် အင်ဂျင်နီယာမှူး ကြီး(ငြိမ်း)နှင့် အမှုဆောင်အဖွဲ့ဝင် များက အငြိမ်းစားဝန်ထမ်းတစ်ဦး လျှင် ဆန် ၁၂ ပြည်နှင့် ဆီနှစ်လီ တာစီကို တစ်ဦးချင်း ထောက်ပံ့ ပေးအပ်သည်။
ထို့ပြင် မန္တလေးအခြေစိုက် ဆောက်လုပ်ရေး ဝန်ကြီးဌာန အငြိမ်းစား အင်ဂျင်နီယာများ လူမှုကူညီရေး အဖွဲ့အနေဖြင့် ဆောက်လုပ်ရေးဝန်ထမ်း(ငြိမ်း)များ၏ ကျန်းမာရေးချို့တဲ့ပါက လည်းကောင်း၊ ကွယ်လွန်ပါက လည်းကောင်း ထောက်ပံ့ကူညီမှု များ ဆောင်ရွက်ပေးလျက်ရှိရာ စာရင်း မပေးသွင်းရသေးသော အငြိမ်းစား ဝန်ထမ်းများသည် အဖွဲ့အတွင်းရေးမှူး ဦးအောင် ကျော်မြင့် (လက်ထောက် အင်ဂျင်နီယာ-ငြိမ်း၊ ဖုန်း-ဝ၉ ၄၀၂၅၇၆၇၅၅)ထံ ဆက်သွယ် စာရင်းပေးနိုင်သည်။
ထို့ပြင် အသက်(၈၅) နှစ် အထက် အငြိမ်းစားသက်ကြီး ဝန်ထမ်း ၂၁ ဦးတို့အား တစ်ဦး လျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် လည်းကောင်း၊ ကျန်းမာရေးချို့တဲ့ လျက်ရှိသော အငြိမ်းစားဝန်ထမ်း ၃၅ ဦးတို့အား တစ်ဦးလျှင်ငွေကျပ် ငါးသောင်းစီကို လည်းကောင်း၊ ကွယ်လွန်သွားသော အငြိမ်းစား ဝန်ထမ်း ၂၁ ဦးတို့၏ ကျန်ရစ်သူ မိသားစုတစ်စုအား ငွေကျပ် တစ်သိန်းစီကို လည်းကောင်း၊ ဒီဇင်ဘာ ၂၇ ရက်နှင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃ ရက်များတွင် အိမ်တိုင် ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
တင်မောင်-မန်း