မန်းရွှေစက်တော်ဘုရားကြီး ဓာတ်လှေကားတာဝါဆောက်လုပ်မှု ၆၉ ရာခိုင်နှုန်းကျော်ပြီးစီး

 

မင်းဘူး    အောက်တိုဘာ   ၂၄


မကွေးတိုင်းဒေသကြီး    မင်းဘူး (စကု)မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားကြီးတွင်    တည်ဆောက် လျက်ရှိသော    ဓာတ်လှေကား တာဝါ ဆောက်လုပ်နေမှုလုပ်ငန်း များ၏     ၆၉    ရာခိုင်နှုန်းကျော်   တည်ဆောက်ပြီးစီးနေပြီ     ဖြစ် ကြောင်း    တာဝန်ယူဆောက်လုပ် နေသည့်    တင်ဒါအောင်မြင်သော ကုမ္ပဏီမှ   ပရောဂျက်မန်နေဂျာ ဦးသန်းလွင်ထံမှ သိရသည်။

 


အဆိုပါ ဓာတ်လှေကား တည် ဆောက်နေမှုများနှင့်   ရွှေစက် တော်  မန်းချောင်းဆင်စခန်းတို့ကို တိုင်းဒေသကြီး    လူမှုရေးဝန်ကြီး   ဦးစိုးပိုင်မြင့်နှင့်   တာဝန်ရှိသူများ က   အောက်တိုဘာ၂၃ ရက်က ကြည့်ရှုစစ်ဆေးပြီး   သက်ဆိုင်ရာ တာဝန်ခံများက   လုပ်ငန်း အခြေ အနေများကို       ရှင်းလင်းတင်ပြသည်။ 

 


မန်းရွှေစက်တော်        ဘုရား ဓာတ်လှေကားတာဝါ      တည် ဆောက်ရေးပိုင်းအနေဖြင့်  ယခု အခါ   Lift Tower Emergency Level အထက် Lift Wall အတွက် သံစင်နှင့်        ပုံစံရိုက်ကွန်ကရစ် လောင်းခြင်းလုပ်ငန်း ဆောင်ရွက် နေကြောင်း၊ Walk Way Bridge လျှောက်လမ်းအတွက် Portion(1) ကွန်ကရစ်       လောင်းပြီးဖြစ်ကာ Portion(2) အတွက်   ကွန်ကရစ် လောင်းရန် ပြင်ဆင်နေကြောင်း၊ လုပ်ငန်းကာလမှာ ၂၉-၆-၂၀၂၁ ရက်မှ     ၉-၁-၂၀၂၂  ရက်အထိ ဖြစ်ကာ လက်ရှိတွင် ၆၉ ရာခိုင်နှုန်း ကျော်      ဆောက်လုပ်ပြီးစီးနေပြီ ဖြစ်ကြောင်း၊     ဓာတ်လှေကား တစ်စင်းလျှင်       လူ  ၂၀ နှုန်းဖြင့် စုစုပေါင်း  လူ ၄၀ လိုက်ပါစီးနင်း နိုင်မည်ဖြစ်ကြောင်း  ပရောဂျက် မန်နေဂျာက ပြောသည်။

 


မန်းရွှေစက်တော်       ဘုရား ဓာတ်လှေကားတာဝါကို  နှစ်ကျိပ် ရှစ်ဆူစေတီတော်အနီးမှ  ကိုးခန်း ကြီးဘုရားအထိ(အလျားပေ၂၁၀ x အမြင့် ၁၁၉ ပေ x  အကျယ် ၁၂ ပေ)     အတက်နှင့်    အဆင်းဟူ၍    Lift Tower နှစ်စင်းကို   ဘုရားရန်ပုံငွေ မှ      ခွင့်ပြုငွေကျပ်သိန်း     ၁၆၀၀၀   ခန့်ဖြင့်     တည်ဆောက်နေခြင်း ဖြစ်ကြောင်း၊       ဘုရားပွဲတော်ချိန် မတိုင်မီ       အပြီးတည်ဆောက် မည်ဖြစ်ကြောင်း     မန်းရွှေစက် တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရ သည်။


မောင်မောင်
(မင်းဘူး)