မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့ မြဆည်းဆာ ဘိုးဘွားရိပ်သာတွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ဆေးထိုးနှံ​ပေးမှုကြည့်ရှု

 

မော်လမြိုင်  ဩဂုတ်      ၂၆


မွန်ပြည်နယ်  ကိုဗစ်-၁၉ရောဂါ  ကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ကျန်းမာရေးဦးစီးဌာနမှ     တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီက မော်လမြိုင်မြို့  မြဆည်းဆာ ဘိုးဘွားရိပ်သာတွင်    အသက်၆၅နှစ်နှင့်အထက်  သက်ကြီးဘိုးဘွား  ၄၁ ဦးအား  ကျန်းမာ​ရေးဝန်ထမ်း များ၊    ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပရဟိတ​စေတနာ့ ဝန်ထမ်းများက ကိုဗစ်- ၁၉ ​ရောဂါ ကာကွယ်​ဆေး  ဒုတိယအကြိမ်  ထိုးနှံ​ပေးမှုကို ကြည့်ရှု၍ အား​ပေး စကား​ပြော​ကြားပြီး အာဟာရဖြည့် အစားအစာများ လှူဒါန်း​ပေးသည်။ 


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မြို့နယ်များ အလိုက် ကိုဗစ်-၁၉ရောဂါ  ကာကွယ်ဆေးများကို လူဦးရေစာရင်းများအရ တိကျမှန်ကန်စွာ ထိုးနှံ​နိုင် ရေး   ကြပ်မတ်​ဆောင်ရွက်သွားရန်၊  ပြည်သူများ တစ်ဦးမှတစ်ဦးသို့   ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့်  ကိုဗစ်- ၁၉  စည်းမျဉ်း၊   စည်းကမ်းများနှင့် အညီ တိကျစွာလိုက်နာဆောင်ရွက်ကြရန် တာဝန်ရှိ သူများအား မှာကြားသည်။ 


မွန်ပြည်နယ်အ​နေဖြင့်   ကိုဗစ်- ၁၉ ​ရောဂါ ကာကွယ်​ဆေး   အလုံး​ရေ  ၉၅၀၀၀ ကို   ထိုးနှံ​ပေးခဲ့ ပြီးဖြစ်ရာ  ယခုထပ်မံ​ရောက်ရှိလာသည့်  ကာကွယ်​ဆေးများကို        မော်လမြိုင်မြို့နယ်အပါအဝင်    သက်ဆိုင်ရာမြို့နယ်များအလိုက် သတ်မှတ်နေရာ များ၌ ဩဂုတ်၂၇ရက်​မှစ၍ ထိုးနှံပေးမည်ဖြစ်​ပြီး   ကျန်းမာ​ရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊  ပရဟိတ​စေတနာ့ဝန်ထမ်းများက   ကာကွယ်​ဆေး ထိုးနှံပေးရာတွင်   ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန်  စီစဉ်​ထားကြောင်း သိရသည်။ 


ခရိုင်(ပြန်/ဆက်)