မွန်ပြည်နယ်ရှိ အားကစားကွင်း၊ အားကစားရုံများ ကြည့်ရှုစစ်ဆေး

နေပြည်တော်  နိုဝင်ဘာ  ၁၀


အားကစားနှင့်      လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူ များသည်  ယမန်နေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်ရှိ အားကစားကွင်း၊  အားကစားရုံများကို   ကြည့်ရှု စစ်ဆေးသည်။


 မှာကြား


ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်မြို့  (ရာမည)  မိုးလုံလေလုံ  အားကစား ခန်းမကို ကြည့်ရှုစစ်ဆေး၍ ရေရှည်တည်တံ့ခိုင်မြဲ ရေးအတွက် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ် သည်များကို တာဝန်ရှိသူများအား မှာကြားသည်။


ထို့နောက် အားကစားကွင်းအတွင်း  (Synthetic) ပြေးလမ်း        ခင်းကျင်းနေမှုနှင့်     ဘောလုံးကွင်း ပွဲကြည့်စင်အသစ်   တည်ဆောက်မည့်နေရာတို့ကို လည်းကောင်း၊ စားပွဲတင်တင်းနစ် အားကစားရုံနှင့် မော်လမြိုင်မြို့ ကာယဗလနှင့် ကာယအလှ အားကစား ခန်းမကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ ပေါင်းစပ်လုပ်ကိုင်နိုင်ရေး မှာကြားသည်။


ဆက်လက်၍   မော်လမြိုင်မြို့   ရေကူးကန် တည်ဆောက်ရန် လျာထားမြေနေရာကိုလည်းကောင်း၊ Southern Myanmar F.C ဘောလုံးအားကစားကွင်း ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များကို မှာကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ မွန်ပြည်နယ်ဝန်ကြီးချုပ်     ဦးဇော်လင်းထွန်း  ဦးဆောင်သော   ပြည်နယ်အစိုးရ အဖွဲ့နှင့်တွေ့ဆုံ၍      မွန်ပြည်နယ်  အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ရမည့်လုပ်ငန်းများကို    ဆွေးနွေးညှိနှိုင်း ခဲ့ကြသည်။     ဆွေးနွေးပွဲအပြီးတွင်    ပြည်ထောင်စု ဝန်ကြီးက   ပြည်နယ်ဝန်ကြီးချုပ်ထံ    မွန်ပြည်နယ် အတွက် အားကစားအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်ပြည်နယ်  မုဒုံမြို့နယ်  အားကစားကွင်း၊  မိုးလုံ လေလုံ အားကစားခန်းမနှင့် ဖူဆယ်အားကစားကွင်း တည်ဆောက်နေမှုကိုလည်းကောင်း၊ ကျိုက်မရော မြို့   ဘောလုံးအားကစားကွင်းကို    လည်းကောင်း ကြည့်ရှုစစ်ဆေး၍ ဘောလုံးကွင်း စိမ်းလန်းစိုပြည်ရေး၊ ပြည်သူများ အချိန်မရွေး လာရောက်ပျော်ရွှင်စွာကစား နိုင်ရေးအတွက် လိုအပ်သည်များ မှာကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မော်လမြိုင် မြို့ရှိ  အားကစားနှင့်  ကာယပညာသိပ္ပံကျောင်းရှိ ဝန်ထမ်းများနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရှိ ဝန်ထမ်း များကို တွေ့ဆုံသည်။


ယင်းနောက်     ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည်    မော်လမြိုင်တက္ကသိုလ်သို့   သွားရောက်၍ ပါမောက္ခချုပ်   ဒေါက်တာအောင်မြတ်ကျော်စိန်နှင့် တွေ့ဆုံ၍ မော်လမြိုင်တက္ကသိုလ်အတွက် အားကစား ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။


ဆက်လက်၍          ပြည်ထောင်စုဝန်ကြီးသည် မော်လမြိုင် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းရှိ သင်တန်းသား   သင်တန်းသူများနှင့်  တွေ့ဆုံကာ သင်တန်းသား သင်တန်းသူများ   လေ့ကျင့်နေမှုများ နှင့်    အားကစားလေ့ကျင့်ရေး   အဆောက်အအုံများ၊ အားကစားသမားများ၏ အိပ်ဆောင်များ၊ ဆေးခန်း နှင့် စာသင်ကျောင်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး သည်။ ထို့နောက် မွန်ပြည်နယ် အားကစားဥယျာဉ် တည်ဆောက်မည့် မြေနေရာအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။      

      
 သတင်းစဉ်