
မော်လမြိုင် ဇူလိုင် ၄
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော် လင်းထွန်းနှင့်သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ရှိသူ များသည် ယနေ့ နံနက် ၉ နာရီခွဲက မော်လမြိုင်မြို့ လှိုင်ရပ်ကွက် ပရိယတ္တိဓမ္မဗိမာန်တော်ကြီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အတွက် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာများ ထားရှိရန်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ကိုဗစ်-၁၉ရောဂါသည် ပြည်တွင်းကူးစက်မှုနှုန်း မြင့်တက်လာသည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း ကြိုတင်ဆောင်ရွက်နိုင်ရန်၊ ပြည်နယ် အတွင်း ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာများ ထားရှိနိုင်ရန် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိပြီး အဆိုပါ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာများ အတွက် မော်လမြိုင်မြို့ အထွေထွေရောဂါကုဆေးရုံ ကြီးရှိ Isolation Ward-1 တွင် ၁၁၀၊ Isolation Ward-3 တွင် ၂၂၀၊ ပရိယတ္တိဓမ္မဗိမာန်တော်ကြီးတွင် ၁၅၀၊ မော်လမြိုင်တက္ကသိုလ်သံလွင်ဆောင်တွင် ၁၅၀ နှင့် ထားဝယ်ဆောင်တွင် ၁၅၀ ဖြင့် ထားရှိနိုင်ရန် စီစဉ်ဆောင်ရွက်ထားသည်။
အလားတူ မွန်ပြည်နယ် ၁၀ မြို့နယ်တွင် Quarantine Center ပြင်ဆင်ထားရှိမှုများကိုလည်း မွန်ပြည်နယ် ၁၀ မြို့နယ်အလိုက် နေရာစုစုပေါင်း ၃၂ ခု၊ လူဦးရေ ၂၄၅၀ ကျော်ထားရှိနိုင်ရေး ပြင်ဆင် ဆောင်ရွက်ထားကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)