
နေပြည်တော် ဖေဖော်ဝါရီ ၂၂
မွန်ပြည်နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အုပ်ချုပ်မှု အဖွဲ့ဝင် စုစုပေါင်း ၅၄ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စု နယ်မြေ နေပြည်တော် ဒက္ခိဏ သီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထု ကံတော်တွင် တည်ထားပူဇော် သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဖြစ် သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား လာရောက်ဖူးမြော် ကြည်ညိုကြသည်။
ဦးစွာ ရှင်းလင်းဆောင်၌ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တည်ဆောက် ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင် ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာ ရှင်များက မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ် ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ် ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့် ဖြင့် အောင်မြင်စွာတည်ထား ပူဇော်နိုင်ခဲ့မှု၊ လက်ရှိ ထိန်းသိမ်း ဆောင်ရွက်နေမှု၊ ခေတ်မီစက် ကိရိယာများအသုံးပြု၍ ကျောက် စာရုံစေတီတော်များ တည်ထား ဆောင်ရွက်ခဲ့မှုနှင့် သာသနာရေး ဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင် ခဲ့မှုအခြေအနေတို့ကို ရှင်းလင်း ပြောကြားကြပြီး မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး အောင်မြင် စွာတည်ထားပူဇော်နိုင်ရန် အဆင့် ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယို မှတ်တမ်းကို ပြသသည်။
ထို့နောက် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများနှင့် အုပ်ချုပ်မှုအဖွဲ့ဝင် များသည် ယခုကဲ့သို့ ရုပ်ပွားတော် မြတ်ကြီးအား အဆင်ပြေချောမွေ့ စွာ လာရောက်ဖူးမြော်နိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ပေးမှု များနှင့် ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခဲ့မှု လုပ်ငန်း စဉ် အဆင့်ဆင့်ကို အသေးစိတ် ရှင်းလင်းပြောကြား ပေးမှုများ အပေါ် ကျေးဇူးတင်စကားများ ပြောကြားကြပြီး ရုပ်ပွားတော် မြတ်ကြီး အောင်မြင်စွာတည်ထား ပူဇော်နိုင်ခဲ့မှု အခြေအနေနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက အသေးစိတ် ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ဆက်လက်၍ ဘုရားဖူး အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များသည် မာရ ဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အား သွားရောက်ဖူးမြော်ကြည်ညို ကြပြီး ဘုရားရင်ပြင်တော် ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထား သည့် ဂန္ဓကုဋိတိုက်၊ မော်ကွန်းတိုက် ၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်ပုံစံငယ် ပြသထားမှု၊ မှတ်တမ်းဓာတ်ပုံများ၊ အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော် ကြီး၊ ကျောက်စာရုံစေတီတော် များနှင့် အခြား သာသနိက အဆောက်အဦများကို ဖူးမြော် လေ့လာကြည်ညိုခဲ့ကြပြီး အလှူ ငွေများ ပေးအပ်လှူဒါန်းကြသည်။
ထို့အတူ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား အနယ်နယ် အရပ်ရပ်မှ ရဟန်းရှင်လူဘုရားဖူး ပြည်သူများ လာရောက်ဖူးမြော် ကြည်ညိုလျက်ရှိသည်။
ယနေ့တွင် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော် မြတ်ကြီးအား လာရောက်ဖူးမြော် ခဲ့ကြသည့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ၏ ရင်တွင်း စကားသံများအား ယခုလို ကြားသိ ခဲ့ရပါသည်-
ကျွန်တော်ကတော့ မွန် ပြည်နယ်အစိုးရရဲ့ စီစဉ်ပေးမူနဲ့ မွန်ပြည်နယ် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားအဖွဲ့နဲ့ ပါလာတဲ့ ဗုဒ္ဓဘာသာဝင် တစ်ယောက်ပါ။ နေပြည်တော်မှာရှိတဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်ကြီးကိုလာရောက် ဖူးမြော်ရတာရင်ထဲမှာ အတိုင်း မသိ အလွန်ကြည်နူးပီတိဖြစ်ရပါ တယ်။ အရင်တုန်းက ဒီဘုရားကြီး စပြီး စကျင်ကျောက်တည်ခဲ့တာ တွေကအစ အဆင့်ဆင့်ဌာပနာ သွင်းတာ၊ ဘုရားအနေကဇာတင် တာ အကုန်လုံးကို မြဝတီရုပ်သံမှာ ညစဉ်ညစဉ်မပြတ် သတင်းမှာ အမြဲကြည့်ရှု ခဲ့ရပါတယ်။ နိုင်ငံတော်အကြီးအကဲရဲ့ အစီ အစဉ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်နဲ့ အခုလို နိုင်ငံ့ဝန်ထမ်း အငြိမ်းစားတွေကို ကုသိုလ်ပွား များနိုင်ဖို့ ဦးဆောင်ပေးခဲ့ရတဲ့ မွန် ပြည်နယ် နိုင်ငံ့ဝန်ထမ်းအငြိမ်း စားအဖွဲ့များရဲ့ကိုယ်စား အထူး ကျေးဇူးတင်ရှိတယ်။ အထူး ဝမ်းသာပီတိဖြစ်မိတယ် ဆိုတဲ့ အကြောင်း ပထမပြောကြားလိုပါ တယ်။ ဒုတိယအချက်ကတော့ ပိုပြီးတော့ပီတိဝမ်းသာ အံ့မခမ်း ဖြစ်ရတာကတော့ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးက ကမ္ဘာမှာ ဉာဏ်တော်အမြင့်ဆုံးဖြစ်တာနဲ့ အညီ တစ်ချိန်တည်း တစ်ပြိုင်တည်း မှာ (၇၆)ကြိမ်မြောက် တိပိဋက ဓရ၊ တိပိဋကကောဝိဒ ရွေးချယ် ရေးမှာ (၁၆) ပါးမြောက်အဖြစ်နဲ့ သာသနာ့အာဇာနည် မြင်းမူမြို့နယ် က သာသနာ့အာဇာနည် ဦးပညာ သီရိလင်္ကာရက ထေရဝါဒနိုင်ငံမှာ တိပိဋကဓရ တိပိဋကကောဝိဒ (၁၆) ပါးမြောက် ပေါ်ထွန်းခဲ့တာနဲ့ လာပြီးဆုံတဲ့အတွက် ပိုပြီးတော့ ပီတိဖြစ်ရတယ်ဆိုတဲ့ အကြောင်း တင်ပြချင်ပါတယ်။ ကျန်ရှိနေ သေးတဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ အဖွဲ့ အစည်းတွေလည်း ဒီမာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးကို အချိန်မရွေးလာရောက် ဖူးမြော် ကြပါလို့ လှိုက်လှိုက်လဲလဲနဲ့ နိဗ္ဗာန်ကိုအကျိုးမြော်ပြီး ဖိတ်ခေါ် လိုပါတယ်။
ဘုရားကြီးကိုရော ဂန္ဓကုဋိ တိုက်ကိုပါ အစုံအလင်ဖူးမြော်ခွင့်ရ ပါတယ်။ ကိုယ့်အစီအစဉ်နဲ့ ကိုယ် ဆိုရင် တော့ ဒီလောက်စုံမှာမဟုတ် ဘူး။ အခုလိုဖူးမြော်ရတာကတော့ သာသနာအတွက် လက်ရှိဒီအချိန် မှာ ဒီလိုတည်ဆောက်နိုင်တဲ့ အတွက် ဂုဏ်ယူဝမ်းမြောက်ပါ တယ်။ ဗုဒ္ဓဘာသာဝင် တစ်ယောက် အနေနဲ့ အများကြီးဂုဏ်ယူပါ တယ်။
ဘုရားပေါ် ရောက်တာနဲ့ ရင်ထဲမှာ အေးချမ်းပြီးတော့ စကျင် ကျောက်တွေဖြစ်တဲ့အတွက် စိတ် ထဲလည်း အေးချမ်းတယ်။ စိတ် ချမ်းသာမှုလည်း ရရှိပါတယ်။ အဲဒီကနေပြီးတော့ ကျွန်မတို့က ဒီ ၂၄ ပစ္စည်းနဲ့ ပြုလုပ်ထား တဲ့ ပိဋကတ်တိုက်တော်တွေကို လည်း သွားရောက်ဖူးတွေ့ရတယ်။ ၇၀၀ ကျော်ရှိတဲ့ ကျောက်စာတွေ ကို ကျွန်မတို့က လာရောက်ပြီး တော့ လေ့လာဖူးတွေ့ရတယ်။ ဒီကနေကြည့်လိုက်ရင် တန်းစီပြီး တော့ ညီညီညာညာနဲ့ တည်ထား တာကိုတွေ့ရမယ်။ ဘယ်နေရာက နေကြည့်ကြည့် တစ်ဖြောင့်တည်း တန်းစီနေတဲ့အတွက် ဝင်ရောက် ပြီးလေ့လာရတဲ့အခါမှာ ကြည်နူးရ တယ်။ ဒီကျောက်စာရုံစေတီတွေ ကြားထဲကနေလည်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကိုဖူးတွေ့နိုင်သလို ဘယ်နေရာကနေပဲ ကြည့်လိုက် ကြည့်လိုက် အေးချမ်းပြီးတော့ ထင်ထင်ရှားရှားနဲ့ ဖူးတွေ့ရတယ်။ ကျွန်မတို့ အခုဖူးတွေ့ရတာဆိုရင် ကုသိုလ်ကံထူးလို့ ဖြစ်ပါတယ်။
အလွန်လည်း စိတ်ကြည်နူးရပါ တယ်။ အေးချမ်းမှုလည်းရတယ်။ မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှာရှိတဲ့ ပြည်သူတွေအနေနဲ့လည်း အခုလို ထူးခြားတဲ့ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးကို လာရောက်ဖူးမြော်ကြ ပါလို့ စိတ်အားထက်သန်စွာဖြင့် ဖိတ်ခေါ်အပ်ပါတယ်။ အခုလို စိတ်အေးချမ်းသာစွာ ဖူးမြော်ခွင့် ရအောင်စီစဉ်ပေးတဲ့ နိုင်ငံတော် အကြီးအကဲနှင့် တာဝန်ရှိပုဂ္ဂိုလ် များ အားလုံးကိုလည်း အထူး ကျေးဇူးတင်ရှိပါကြောင်း ပြောလို ပါတယ်။
သတင်းစဉ်