
မော်လမြိုင် ဇန်နဝါရီ ၅
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော် လင်းထွန်းသည် ပြည်နယ်ဝန်ကြီး များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက် ၈ နာရီက မော်လမြိုင်မြို့ စစ်ကဲကုန်းရပ် မောရဝတီပန်းခြံရှေ့၌ ပြည်နယ် မီးသတ်ဦးစီးဌာနသို့ အသစ် ရောက်ရှိလာသည့် မီးငြှိမ်း သတ်ယာဉ် ခုနစ်စီးကို ကြည့်ရှု စစ်ဆေးသည်၊၊
ရှေးဦးစွာ ပြည်နယ်ဝန်ကြီး ချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် အသစ်ရောက်ရှိလာသည့် မီးငြှိမ်း သတ်ယာဉ်များကို အမွှေးနံ့သာ ရည်များ ပက်ဖျန်းပေးပြီး ပြည်နယ် မီးသတ်ဦးစီးမှူး ဦးစိုးဝင်းက အသစ်ရောက်ရှိသည့် မီးငြှိမ်းသတ် ယာဉ်နှင့် စပ်လျဉ်းသည့် အချက် အလက်များကို ရှင်းလင်းတင်ပြ သည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်က လိုအပ်ချက်ရှိသော မြို့နယ် များသို့ မီးသတ်ယာဉ်များ အမြန် ဆုံး ခွဲဝေဖြည့်တင်းပေးရေး ယာဉ်များ၏ ကြံ့ခိုင်ရေးစွမ်းရည် ပြည့်ဝစွာ အသုံးပြုနိုင်ရေး မှာကြားပြီး မီးသတ်တပ်ဖွဲ့ဝင် များ၏ စွမ်းရည်သရုပ်ပြ မီးငြှိမ်း သတ်မှုတို့ကို ကြည့်ရှုသည်။ ပြည်နယ် မီးသတ်ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံး ငွေရင်းဖြင့် မီးငြှိမ်းသတ်ယာဉ် ၁၁ စီး ဝယ်ယူခဲ့ရာ ပထမအသုတ် အဖြစ် လေးစီးရောက်ရှိခဲ့ပြီး ဒုတိယ သုတ်အဖြစ် ယခုနောက်ထပ် ခုနစ်စီး ထပ်မံရောက်ရှိလာကာ မီးသတ် ယာဉ်အမျိုးအစားများမှာ ISUZU Foam Tank Fire Truck ယာဉ် တစ် စီး၊ HOWO ရေဂါလန် ၃၂၀၀ ဆံ့ အထောက်ကူပြု ရေသယ်ယာဉ် နှစ်စီး ၊ ISUZU ရေဂါလန် ၁၆၀၀ ဆံ့ ရေသယ် ယာဉ် လေးစီးဖြစ်ကြောင်း သိရ သည်။
ဇာဖြူဝင်း(ပြန်/ဆက်)