
မော်လမြိုင် အောက်တိုဘာ ၂၃
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ယမန်နေ့ က မော်လမြိုင်မြို့ သမိုင်းဝင် နဂါးမောက်စေတီတော်မြတ်ကြီး ဘက်စုံမွမ်းမံ ပြန်လည်တည်ဆောက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုသည်။
ထိုသို့ ကြည့်ရှုရာတွင် ပြည်နယ်ဝန်ကြီးချုပ်က စေတီတော်မြတ်ကြီး ဉာဏ်တော်မြှင့်တင်နေမှု၊ စေတီတော်အသစ် မွမ်းမံနေမှု၊ ထီးတော်တင်နိုင်ရေး၊ သံဃာတော်များ သီတင်းသုံးနိုင်ရန် အဆောက်အအုံ တည်ဆောက်နေမှု၊ ရင်ပြင်တော် ကြွေပြားခင်းကျင်းနေမှု၊ နှစ်ထပ်ဓမ္မာရုံအသစ် တည်ဆောက်နေမှု၊ စေတီတော်ပတ်လမ်းများ၊ ဘုရားပုရိဝုဏ် သန့်ရှင်း သာယာလှပစေရေး ဆောင်ရွက်နေမှု၊ ခြံစည်းရိုးကာရံ နေမှုနှင့် အခြားဘက်စုံ မွမ်းမံတည်ဆောက်နေမှု များကို ကြည့်ရှုကာ လိုအပ်သည်များ ကူညီထောက်ပံ့ပေးသည်။
မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ သမိုင်းဝင် နဂါးမောက်စေတီတော်မြတ်ကြီး ဘက်စုံမွမ်းမံ ပြန်လည် တည်ဆောက်ရာတွင် အလှူရှင် အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဦးလှထွန်းမိသားစု (ကိုလှထွန်း ငရုတ်သီးမှုန့်လုပ်ငန်း)က မတည်လှူဒါန်းမှုနှင့်အတူ အများပါဝင် စုပေါင်းလှူဒါန်းမှုဖြင့် စေတီမြတ်ကြီး ကို ဘက်စုံမွမ်းမံ ပြန်လည်တည်ဆောက်လျက်ရှိ ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)