နေပြည်တော် နိုဝင်ဘာ ၁
(၃၄) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ သည် ယနေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်၌ စုပေါင်းသွေးလှူဒါန်းကြသည်။
ထိုသို့ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းမှု ကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက ကြည့်ရှုအားပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီး များသည် စုပေါင်းသွေးလှူဒါန်းကြသည့် ဝန်ထမ်း များအတွက် အားဆေးများ၊ ကြက်ဥနှင့် အာဟာရ ဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ပြီး (ယာပုံ)ပြည်သူ့ဆေးရုံကြီးရှိ ကျောက်ကပ်တုသွေးသန့်စင် ဌာန၌ လူနာများကို ကျန်းမာရေးစောင့်ရှောက်မှုပေး နေသည့်အခြေအနေကို ကြည့်ရှုအားပေးကာ လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီး များသည် ပြည်နယ်မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီး ဌာနက တာဝန်ယူဆောင်ရွက်သည့် မော်လမြိုင်မြို့ ကြာအင်းကျေးရွာ၊ ဗညားဒလ တန်ဖိုးသင့်အိမ်ရာ စီမံကိန်းဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေး ရာ တာဝန်ရှိသူတစ်ဦးက ဘဏ္ဍာရေးနှစ်အလိုက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ မြို့ပြဆိုင်ရာ အခြေခံအဆောက်အအုံလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ သည်။
ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ် က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အထူး အလေးထားဆောင်ရွက်ကြရန် မှာကြားကာ လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက်တွင် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုဘဏ္ဍာရန်ပုံငွေ ကျပ် ၃၉၄ သန်းဖြင့် ဆောင်ရွက်သည့် အငှားအိမ်ရာ စီမံကိန်း လေးခန်းတွဲ လေးထပ် အဆောက်အဦ တည်ဆောက်နေမှု အခြေအနေကို ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်



