
မော်လမြိုင် နိုဝင်ဘာ ၁၈
မွန်ပြည်နယ် မော်လမြိုင်မြို့ ကမ်းနားလမ်း ဆိပ်ကမ်းသာ တံတားတွင် နှစ်စဉ် တန်ဆောင် မုန်းလပြည့်နေ့တွင် ကျင်းပမြဲ ဖြစ်သည့် ရှင်ဥပဂုတ္တရဟန္တာ မထေရ်မြတ်ပူဇော်ပွဲနှင့် ဆွမ်း သပိတ်မျှောပွဲကို ယနေ့နံနက် ပိုင်းက ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင် နှင့် ပြည်နယ်ဝန်ကြီးများသည် ရှင်ဥပဂုတ္တ ရဟန္တာမထေရ်မြတ် အား ဖူးမြော်ကြည်ညိုပြီး သံလွင် မြစ်အတွင်း ဆွမ်းသပိတ်အိုး မျှောလှူပူဇော်ကြသည်၊၊
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မော် လမြိုင်မြို့ ကျက်သရေဆောင် ဦးဇိနစေတီတော်မြတ်ကြီး စိန်ဖူး တော်၊ ငှက်မြတ်နားတော်၊ ရွှေထီး တော်၊ လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူခြင်းနှင့် ဘက်စုံမွမ်းမံ ပြုပြင်ခြင်းလုပ်ငန်းများ၊ ငြမ်း ပြင်ဆင်ပြီးစီးမှု၊ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်အသစ် ပြန် လည် တင်လှူပူဇော်ရေး၊ ရွှေထီး တော်အကြီးစား ပြုပြင်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေး သည်၊၊
မော်လမြိုင်မြို့ ကျက်သရေဆောင်ဦးဇိနစေတီတော်မြတ်ကြီးစိန်ဖူးတော်၊ ငှက်မြတ်နားတော် နှင့် ငှက်ပျောဖူးတော်တို့တွင် ကိုးလက်မပတ်လည် တစ်ကျပ်သား ရွှေစင်၊ ရွှေပြား အချပ် ၄၅၀ နှင့် ထီးတော်၊ ကြာမှောက်ကြာလန်၊ ဖောင်းကိုးရစ်၊ ပန်းဆွဲ၊ ခေါင်းလောင်းတို့တွင် နှစ်လက်မ ပတ်လည်ရွှေဆိုင်း ၂၈၀၀ ကပ်လှူ ပူဇော်မည်ဖြစ်ပြီး တပို့တွဲလပြည့် နေ့မတိုင်မီ ပြီးစီးရန် ဆောင်ရွက် လျက်ရှိသည်။
မြို့နယ်(ပြန်/ဆက်)