
နေပြည်တော် ဇန်နဝါရီ ၂၇
ပဲခူး - မော်လမြိုင်လမ်းပိုင်းရှိ မွန် ပြည်နယ် မုပ္ပလင်ဘူတာနှင့် ကျိုက္ကသာဘူတာအကြား မိုင်တိုင် အမှတ်၊ ၈၈/၂၂ -၂၄ ရှိ တံတား အမှတ်(၄၁)ကို ဇန်နဝါရီ ၂၆ ရက် နံနက် ၄ နာရီခန့်တွင် အကြမ်းဖက် သမားများက မိုင်းထောင်ဖောက် ခွဲခဲ့ရာ တံတားပျက်စီးခဲ့ပြီး မပေါက် ကွဲသေးသည့် လက်လုပ်မိုင်း ၁၀ လုံးကိုလည်း တွေ့ရှိရသဖြင့် မုပ္ပလင် - ကျိုက္ကသာ ရထား လမ်းပိုင်းအား နံနက် ၈ နာရီ မိနစ် ၅၀ တွင် ပိတ်ထားခဲ့ရကြောင်း သိရှိရသည်။
မိုင်း ပေါက်ကွဲမှုကြောင့် တံတာ၏အပေါ်ချုပ်တန်း မိန်းခုံ (Top Cord) ပျက်စီးခဲ့ပြီး တံတား ကြံ့ခိုင်မှုစစ်ဆေးပြုပြင်၍ ရထား များ အမြန်ဆုံး ပြန်လည်ဖြတ်သန်း နိုင်ရေးအတွက် မြန်မာ့မီးရထား ရုံးချုပ်မှ တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် မြို့ပြအင်ဂျင် နီယာဌာန တံတားလုပ်ငန်း အဖွဲ့နှင့် တိုင်းအမှတ်(၈)ရှိ တာဝန် ရှိသူများက နေ့ရောညပါ အစွမ်း ကုန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပြီး လမ်းပိုင်းအား အမြန်ဆုံး ပြန်လည် ဖွင့်လှစ်သွားမည် ဖြစ် ကြောင်း သိရှိရသည်။
အခက်အခဲကြုံတွေ့
ရထားလမ်း ပိတ်ဆို့မှုကြောင့် ဇန်နဝါရီ ၂၆ ရက် နံနက် ၈ နာရီ တွင် ရန်ကုန်မှထွက်ခွာလာသည့် ခရီးသည် ၄၃၀ လိုက်ပါလာသော အမှတ်(၈၉) အဆန် လူစီးရထား နှင့် နံနက် ၉ နာရီတွင် မော်လမြိုင် မှ ထွက်ခွာလာသည့် ခရီးသည် ၆၅၇ ဦး လိုက်ပါလာသော အမှတ် (၉၀) အစုန် လူစီးရထားတို့ တံတား တစ်ဖက်တစ်ချက်တွင် ရပ်တန့်စေကာ ခရီးသည်များ ရထားကူးပြောင်း လိုက်ပါစေခဲ့ရမှု ကြောင့် လမ်းခရီးကြန့်ကြာမှုများဖြစ်ပေါ်ကာ ခရီးသည်များ အခက် အခဲကြုံတွေ့ခဲ့ရကြောင်း သိရှိရ သည်။
တံတား မိုင်းဖောက်ခွဲဖျက်ဆီး မှုကြောင့် ယနေ့မှစ၍ အဆိုပါ လမ်းပိုင်းအတွင်း ပြေးဆွဲလျက် ရှိသည့် အမြန်ရထားလေးစင်း ဖျက်သိမ်းထားရပြီး နေ့စဉ်ရထား စီး ခရီးသည် ၂၀၀၀ ကျော်ခန့် အခက်အခဲများစွာ ကြုံတွေ့နေရ ကြောင်း သိရှိရသည်။
တံတားများ မိုင်းခွဲဖျက်ဆီး
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ယခု အချိန်အထိ မြန်မာ့မီးရထား၏ ရန်ကုန် - ပဲခူး - မော်လမြိုင် လမ်းပိုင်းအတွင်း ရထားလမ်းများ၊ တံတားများအား ရည်ရွယ်ချက် ရှိရှိဖြင့် တံတားမိုင်းခွဲခံရမှု ခြောက်ကြိမ်၊ သံလမ်းမိုင်းခွဲခံရမှု သုံးကြိမ်၊ လက်လုပ်မိုင်းပေါက်ကွဲ/တွေ့ရှိမှု ခုနစ်ကြိမ် စုစုပေါင်း ၁၆ ကြိမ်နှင့် ဘူတာ/ဝန်ထမ်း နေအိမ် များအား မီးရှို့ဖျက်ဆီးခြင်း တစ်ကြိမ်တို့ကို လည်းကောင်း၊ မြန်မာ့မီးရထားလမ်း ကွန်ရက် တစ်ခုလုံးအနေဖြင့် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေများအတွင်း ဗုံးထောင်၊ မိုင်းခွဲဖျက်ဆီးခြင်း (၁၀၇) ကြိမ်၊ ရထားတံတားများ အား မိုင်းခွဲဖျက်ဆီးခြင်း (၃၇)ကြိမ်၊ ဘူတာများအား မီးရှို့ ဖျက်ဆီးခြင်း (၁၀) ကြိမ်တို့ကို လည်းကောင်း ကျူးလွန်ခဲ့ကြ ကြောင်း သိရှိရသည်။
ယခုကဲ့သို့ ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ အများပြည်သူ ခရီးသွားလာမှုနှင့် ကုန်စည် ပို့ဆောင်မှု အဆင်ပြေချောမွေ့ စေရေးအတွက် အဓိကအားထား နေရသည့် ပဲခူး - မော်လမြိုင် ရထားလမ်းပိုင်းတွင် လူစီးရထား များ၊ ကုန်ရထားခရီးစဉ်များ ပြေးဆွဲမှု နှောင့်နှေးကြန့်ကြာစေ ရေး၊ ခရီးသွားပြည်သူများနှင့် ကုန်စည်များ ထိခိုက်ဆုံးရှုံးမှု ဖြစ်ပေါ်စေရေးအတွက် ယုတ်မာ ရက်စက်စွာ အကြိမ်ကြိမ် မိုင်း ထောင် ဖောက်ခွဲဖျက်ဆီးမှု ကျူးလွန်နေကြသည့် အကြမ်း ဖက် သောင်းကျန်းသူအဖွဲ့များ အား ဒေသခံ ပြည်သူတစ်ရပ်လုံးမှ စက်ဆုပ်ရွံရှာပြီး ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက် ရှုတ်ချလျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်