
မော်လမြိုင် စက်တင်ဘာ ၁၃
မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ် နိုင်ရေးနှင့် ကြိုတင်ပြင်ဆင်ခြင်း များ ဆောင်ရွက်နိုင်ရေးအတွက် မွန်ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် နိုင်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန် အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်ချက်နှင့်အညီ ဌာနဆိုင်ရာများ လိုက်နာဆောင် ရွက်ကြရန်နှင့် ကြိုတင်စီစဉ် ဆောင်ရွက်ထားရမည့် အချက် များကိုလည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါပိုး အစုလိုက် အပြုံလိုက် ကူးစက်မှုမရှိစေရေး ကြိုတင် ကာကွယ်ရေး လုပ်ငန်းစဉ်များ၊ ရောဂါပိုး တွေ့ရှိလာပါကလည်း တုံ့ပြန်ဆောင်ရွက်နိုင်ရေး လုပ်ငန်း စဉ်များကို အားလုံးဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ပေးသွားကြ ရန် ပြောကြားသည်။
ထို့နောက် တက်ရောက်လာ သူများက ကဏ္ဍအလိုက် ဆောင် ရွက်ထားမှုများ ရှင်းလင်းတင်ပြ မှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
မွန်ပြည်နယ်အတွင်း လူဦးရေ ၂၂ သိန်းကျော်ရှိပြီး ကာကွယ် ဆေးထိုးနှံရမည့် ၁၈ နှစ်အထက် လူဦးရေ ၁၂၃၃၇၉၄ ဦးရှိသည့် အနက် အကြောင်းအမျိုးမျိုး ကြောင့် ကာကွယ်ဆေး မထိုးနှံနိုင် သည့် ဦးရေ ၁၈၇၀၅၁ ဦးအား ချန်လှပ်၍ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးစီးသူ ၁၀၄၆၇၄၃ ဦး၊ ဒုတိယအကြိမ် ထိုးနှံပြီးစီးသူ ၉၇၆၄၈၉ဦး၊ Booster (3rd Dose) ထိုးနှံပြီးစီး သူ ၂၉၀၇၄၉ ဦး၊ Booster (4th Dose) ထိုးနှံပြီးစီးသူ ၁၅၈၉၇ ဦး ထိုးနှံပြီးစီးခဲ့ပြီး အလားတူ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကာကွယ်ဆေးထိုးနှံရမည့် အခြေခံ ပညာကျောင်းသား ကျောင်းသူ လျာထားဦးရေ ၂၅၅၅၆၂ ဦးအား ပထမအကြိမ် ၂၄၅၃၄၃ ဦး၊ ဒုတိယ အကြိမ် ၂၃၅၄၇၃ ဦး၊ အသက် ၁၂ နှစ်အထက်မှ ၁၈ နှစ်အတွင်း ကာကွယ်ဆေးထိုးနှံရမည့် အခြေခံ ပညာ ကျောင်းသား ကျောင်းသူ လျာထားဦးရေ ၄၆၁၂၄ ဦးအား ပထမအကြိမ် ၄၅၁၅၉ ဦး၊ ဒုတိယ အကြိမ် ၄၃၂၉၇ ဦး ထိုးနှံပြီးစီးပြီး ဖြစ်ကြောင်း သိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)