မွန်ပြည်နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း​အဝေးကျင်းပ

 

 

​မော်လမြိုင်   ဇူလိုင်   ၁၂


မွန်ပြည်နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊       ထိန်းချုပ်ရေးနှင့်   အရေးပေါ်တုံ့ပြန်ရေး ​   ကော်မတီ ဥက္ကဋ္ဌ၊ မွန်ပြည်နယ် စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ ဦးဇော်လင်း ထွန်းနှင့် ​   ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်      ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့မှ  တာဝန်ရှိ သူများသည် ယနေ့နံနက် ၉ နာရီ ခွဲက  ပြည်နယ်   စီမံအုပ်ချုပ်ရေး ကောင်စီရုံး   အောင်ဆန်းခန်းမ၌ ပြည်နယ်    ကိုဗစ်−၁၉    ရောဂါ ကာကွယ်        ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ​ကော်မတီ လုပ်ငန်းညှိနှိုင်း    အစည်း​အဝေး ကို    ဗီဒီယိုကွန်ဖရင့်    စနစ်ဖြင့် ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်း​အဝေး တွင်    ပြည်နယ်     စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌက  ယခုအခါ ကိုဗစ်−၁၉ ရောဂါသည်  လက်ရှိ အနေအထားအရ       ပိုးတွေ့ရှိ လူနာအရေအတွက်      မြင့်တက် လာပြီဖြစ်သည့်အတွက်         မွန် ပြည်နယ်တွင်        ကိုဗစ်−၁၉  ပိုးတွေ့    အတည်ပြုလူနာများ ထားရှိနိုင်ရန်      မွန်ပြည်နယ်စီမံ အုပ်ချုပ်ရေး   ကောင်စီအ​နေဖြင့်  အ​လေးထား    ဆောင်ရွက်လျက်ရှိ​ကြောင်း၊  သက်ဆိုင်ရာမြို့နယ်များ အ​နေဖြင့် ကိုဗစ်−၁၉ ​ရောဂါနှင့် ပတ်သက်၍    တာဝန်ရှိသူများက တစ်ဆင့်          အထူးအ​လေးထား ​ကြပ်မတ်ဆောင်ရွက်​        စေလို​ကြောင်း၊ ပြည်သူအသိပညာ​ပေး လုပ်ငန်းစဉ်များတွင်         ထိထိ  ရောက်ရောက်ဆောင်ရွက်ပေးစေ လိုကြောင်းနှင့်   အ​ရေး​ပေါ်တုံ့ပြန်​ဆောင်ရွက်ရမည့်      လုပ်ငန်းများ   အ​လေး​ပေး​     ဆောင်ရွက်​ကြရန်​ပြောကြားသည်။
ထို့​နောက်          ပြည်နယ် ကိုဗစ်−၁၉   ရောဂါ    ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ     အဖွဲ့ဝင်များက လုပ်ငန်းစဉ်များနှင့်   စပ်လျဉ်း၍  ဆောင်ရွက်ထားရှိမှု အခြေအနေ များကို ရှင်းလင်းတင်ပြ​ကြသည်။    မွန်ပြည်နယ်တွင်   ပိုး​တွေ့လူနာ များထားရှိ      ကုသ​ပေးနိုင်ရန် ​မော်လမြိုင်မြို့တွင်   Isolation Ward- 1  ၊  Isolation Ward- 3 အပါအဝင်          မွန်ပြည်နယ်ရှိ    အ​ထွေ​ထွေ​ရောဂါကု ​ဆေးရုံများ တွင် နေရာစုစု​ပေါင်း ​​ ၂၂ ​နေရာ ဖြင့် လည်း​​ကောင်း၊ Quarantine Centre ပြင်ဆင်ထားရှိမှုအ​နေဖြင့် ​နေရာ ၃၂ ​နေရာကိုလည်း  စီစဉ်​ဆောင်ရွက်ထား​ကြောင်း      သိရ သည်။
ခရိုင်(ပြန်/ဆက်)