
နေပြည်တော် ဇွန် ၁
မွန်ပြည်နယ် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း(YMBA)က ပြုလုပ်သော မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအား ထောက်ပံ့ရေး ပစ္စည်းများ လွှဲပြောင်းပေးအပ် လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်း တွင် မော်လမြိုင် မြစေတီ ပရိ ယတ္တိစာသင်တိုက် (ရဲကျောင်း)၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့ တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်နှင့် မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့များနှင့် အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ မြစေတီပရိယတ္တိစာသင် တိုက် ဆရာတော် အဂ္ဂမဟာမင်္ဂလ ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ ထံမှ ငါးပါးသီလ ခံယူဆောက်တည် ကာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့် ပြည်နယ်ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) ဥက္ကဋ္ဌတို့က လေဘေးသင့် ထောက်ပံ့ပစ္စည်းများကို လှူဒါန်းရ ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြကြပြီး တိုင်းမှူးက အလှူငွေနှင့် ထောက်ပံ့ပစ္စည်း များ ပေးအပ်လှူဒါန်းရာ ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာ ပြန်လည်ပေးအပ်ကြသည်။
ယင်းနောက် ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ပဓာနဩဝါဒါစရိယ ဆရာတော် အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇဘဒ္ဒန္တဝိမလဗုဒ္ဓိထံ လေဘေးသင့် အလှူနှင့် ပတ်သက်၍ ဩဝါဒ စကားနှင့် ဝမ်းမြောက်အနု မောဓနာစကား နာယူကြည်ညို ပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်