မွန်ပြည်နယ် အစိုးရအဖွဲ့ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ

 

မော်လမြိုင် စက်တင်ဘာ ၁


မွန်ပြည်နယ်   အစိုးရအဖွဲ့  (၂၃) ကြိမ်မြောက်        မြန်မာ့ရိုးရာ ယဉ်ကျေးမှု   အဆို၊  အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက   မော်လမြိုင် တက္ကသိုလ်      ဘက်စုံခန်းမ၌ ကျင်းပသည်။

 


ရှေးဦးစွာ       မွန်ပြည်နယ် ဝန်ကြီးချုပ်   ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်း       စစ်ဌာနချုပ် တိုင်းမှူး   ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်      လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်နှင့်    မော်လမြိုင် တက္ကသိုလ်      ပါမောက္ခချုပ်  ဒေါက်တာ အောင်မြတ်ကျော်စိန် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မော်လမြိုင်တက္ကသိုလ် ပါမောက္ခ ချုပ်ဒေါက်တာ အောင်မြတ်ကျော် စိန်က တိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှုအနုပညာ အမွေအနှစ် များ၊     အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ   မပျောက် ပျက်စေရန် ဖော်ထုတ်၊ ထိန်းသိမ်း၊ မြှင့်တင်နိုင်ရေးအတွက် ပြိုင်ပွဲများ တွင်   ဝင်ရောက်ယှဉ်ပြိုင်စေခြင်း ဖြင့်  ပြည်နယ်ဂုဏ်ဆောင်နိုင်ရေး အတွက်    ဆောင်ရွက်ထားရှိမှု အခြေအနေကို     ရှင်းလင်းတင်ပြသည်။

 


ထို့နောက်   ပြည်နယ်ဝန်ကြီး ချုပ်နှင့်       တာဝန်ရှိသူများသည် မွန်စာပေနှင့်        ယဉ်ကျေးမှု ဆပ်ကော်မတီမှ   ကျောင်းသား ကျောင်းသူများက   “ရှုမငြီးဖွယ် ကကြိုး (၁၂) သွယ်” ယိမ်းအက ဖြင့်      ဖျော်ဖြေတင်ဆက်မှုနှင့် ပြိုင်ပွဲဝင် ကျောင်းသား ကျောင်း သူများ၏ အမျိုးဂုဏ်၊  ဇာတိဂုဏ် မြှင့်တင်ရေးတေး၊ ခေတ်ဟောင်း နှင့်      ကာလပေါ်တေးတို့ဖြင့် ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေး သည်။

 


မွန်ပြည်နယ်အစိုးရအဖွဲ့  (၂၃)ကြိမ်မြောက်       မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊  အက၊ အရေး၊ အတီးပြိုင်ပွဲ   (အဆင့်မြင့်ပညာ အဆင့်)   ဇာတိဂုဏ်မြှင့်တင်ရေး တေး    အဆိုပြိုင်ပွဲတွင်     (အမျိုး သား)      သုံးဦးနှင့်    (အမျိုးသမီး) ရှစ်ဦး၊ ခေတ်ဟောင်းနှင့်  ကာလ ပေါ်တေး  အဆိုပြိုင်ပွဲတွင် (အမျိုး သား)    နှစ်ဦးနှင့်   (အမျိုးသမီး) လေးဦးတို့   ပါဝင်ယှဉ်ပြိုင်သွား ကြမည်ဖြစ်ကြောင်း          သိရသည်။ 


သတင်းစဉ်