မွန်ပြည်နယ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဆုချီးမြှင့်

 

နေပြည်တော်  စက်တင်ဘာ  ၇


မွန်ပြည်နယ် ပြည်နယ်အဆင့် (၂၃)ကြိမ် မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု  အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း ကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌  ပြုလုပ်ရာ   ပြည်နယ် ဝန်ကြီးချုပ်  ဦးဇော်လင်းထွန်း၊  အရှေ့ တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူ များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မော်လမြိုင် တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ   ဆရာမများ၊    ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်များ၊ မြို့မိမြို့ဖများ၊  ပြည်နယ် သဘင်အစည်းအရုံးမှ    တာဝန်ရှိသူ များ၊    စာပေနှင့်    ယဉ်ကျေးမှုအဖွဲ့များ နှင့်    ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

 


ဦးစွာ       ပြိုင်ပွဲကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌက   ပြိုင်ပွဲကျင်းပခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြား သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် နှင့်    တာဝန်ရှိသူများက    ပြိုင်ပွဲတွင် ဆုရရှိကြသူများအား   ဆုများပေးအပ် ချီးမြှင့်ပြီး    ဆုရရှိသူများ၏  ဖျော်ဖြေမှု များကို  ကြည့်ရှုအားပေးကြသည်။

 


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဖျော်ဖြေတင်ဆက်ခဲ့သည့် ပြိုင်ပွဲဝင်ဆုရရှိ ကြသူများအား ဂုဏ်ပြုပန်းခြင်းပေးအပ် ပြီး  ဗဟိုအဆင့်သို့   ဆက်လက်ယှဉ်ပြိုင် မည့်  ပြိုင်ပွဲဝင်အသင်း  ခေါင်းဆောင် အား  အောင်နိုင်ရေးအလံ ပေးအပ်သည်။
အဆိုပါ     ပြည်နယ်အဆင့်  (၂၃) ကြိမ်မြောက်   မြန်မာ့ရိုးရာယဉ်ကျေးမှု  အဆို၊ အက၊  အရေး၊  အတီး ပြိုင်ပွဲကို စက်တင်ဘာ ၅    ရက်မှ  ယနေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။                            

သတင်းစဉ်