မြန်မာတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးကော်မတီအစည်းအဝေး(၁/၂၀၂၄) ကျင်းပ

ရန်ကုန်   ဖေဖော်ဝါရီ   ၂၂ 


မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီ၏ မြန်မာတိုင်းရင်း သားလူမျိုးများ၏      အမျိုးသား ဝတ်စုံမှန် သတ်မှတ်ရေးကော်မတီ အစည်းအဝေး(၁/၂၀၂၄)ကို ယနေ့ နံနက် ၁၀ နာရီတွင် အမျိုးသား ယဉ်ကျေးမှုနှင့်         အနုပညာ တက္ကသိုလ်( ရန်ကုန်) စွယ်တော် ဆောင်        အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးသို့         မြန်မာ တိုင်းရင်းသား          လူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေး  ကော်မတီဥက္ကဋ္ဌ  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန  ဒုတိယ ဝန်ကြီး ဒေါ်နုမြဇံ၊  နယ်စပ်ရေးရာ ဝန်ကြီးဌာန  အမြဲတမ်းအတွင်းဝန် နှင့် တာဝန်ရှိသူများ  တက်ရောက် ကြပြီး    တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန         အမြဲတမ်း အတွင်းဝန်နှင့်    တာဝန်ရှိသူများ၊ အမျိုးသားယဉ်ကျေးမှုနှင့်      အနု ပညာတက္ကသိုလ်          (ရန်ကုန်) ပါမောက္ခချုပ်၊  ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊  ပြည်နယ် များမှ  တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု          အဖွဲ့ဝင်များနှင့်  မြန်မာနိုင်ငံ  စာရေးဆရာအသင်း အတွင်းရေးမှူး ဦးညွန့်တင်တို့က အွန်လိုင်းဖြင့်     တက်ရောက်ကြ သည်။


ညှိနှိုင်းဆောင်ရွက်


ဦးစွာ         ဒုတိယဝန်ကြီး ဒေါ်နုမြဇံက     မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး  (၁၃၅) မျိုး၊ အဓိကမျိုးနွယ်စု (၈)မျိုးရှိကြောင်း၊ တိုင်းရင်းသား       မျိုးနွယ်စုများ၏ အမျိုးသားဝတ်စုံများသည် သမိုင်း ကြောင်း၊ ယဉ်ကျေးမှု၊ အမျိုးသား ရေးစရိုက်လက္ခဏာအရ  အရေးပါ ကြောင်း၊   တိုင်းရင်းသားဝတ်စုံ များကို   ဆန်းသစ်တီထွင်မှုများ ကြောင့် အရိုးပေါ်အရွက်ဖုံး မဖြစ် စေဘဲ  အမျိုးသားဝတ်စုံအမှန်ကို သတ်သတ်မှတ်မှတ်    ထားရှိရန် လိုအပ်ကြောင်း၊  တိုင်းရင်းသား မျိုးနွယ်စုအားလုံး၏    သီးခြားစီ ရှိနေသော ဝတ်စုံများကို တစ်ပြိုင် တည်းအသိအမှတ်ပြု သတ်မှတ် ရန်        ခက်ခဲမည်ဖြစ်ကြောင်း၊ ထို့ကြောင့်  ယခုပထမဆုံးအကြိမ် တွင်   ပင်မတိုင်းရင်းသားလူမျိုး (၈)မျိုး၏ဝတ်စုံများကို ဦးစားပေး ဆွေးနွေးပြီး     ကျန်တိုင်းရင်းသား မျိုးနွယ်စုများကိုမူ   သုတေသနပြု ပြီး   အသင့်ရှိလျှင်   ရှိသလောက် ဆွေးနွေး        တင်ပြစေလိုကြောင်း၊ မျိုးနွယ်စုများ၏    တိုင်းရင်းသား ဝတ်စုံမှန်  သတ်မှတ်နိုင်ရေးအတွက် သမိုင်းမှတ်တမ်းမှတ်ရာ အထောက် အထားများ၊    မြေပြင်ကွင်းဆင်း လေ့လာ     မှတ်တမ်းပြုချက်များ၊ သက်ဆိုင်ရာ  တိုင်းရင်းသားစာပေ နှင့်           ယဉ်ကျေးမှုအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်မှုများ   ပြုလုပ် ကာ  အတည်ပြုနိုင်ကြရန် လိုအပ် ကြောင်း၊   အတည်ပြုပြီးနောက် စာအုပ်စာတမ်း၊   ရုပ်သံဗီဒီယိုများ ဖြင့်  ထိန်းသိမ်းမှတ်တမ်းတင်ရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြန်မာတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန်    သတ်မှတ် ရေးကို အောင်မြင်အောင် ဆောင် ရွက်ကြစေလိုကြောင်း  ပြောကြား သည်။ 


ရှင်းလင်းပြောကြား


ထို့နောက်    မြန်မာတိုင်းရင်း သားလူမျိုးများ၏      ဝတ်စုံမှန် သတ်မှတ်ရေးကော်မတီ   အတွင်း ရေးမှူး  အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်      (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာ  ကေသီ ထွေးက      အစည်းအဝေးကျင်းပ ရခြင်းနှင့်စပ်လျဉ်း၍      ရှင်းလင်း ပြောကြားပြီး     ကော်မတီအဖွဲ့ဝင် များဖြစ်ကြသော         အမြဲတမ်း အတွင်းဝန်များက     ဖြည့်စွက် ဆွေးနွေးကြသည်။


ဖြည့်စွက်ဆွေးနွေး


ယင်းနောက်  ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသား ကိုယ်စားလှယ်များ က မြန်မာတိုင်းရင်းသားလူမျိုးများ ၏ အမျိုးသားဝတ်စုံမှန်  သတ်မှတ် ရေးအတွက် သက်ဆိုင်ရာအလိုက် ရှင်းလင်းဆွေးနွေးကြပြီး  မြန်မာ နိုင်ငံ စာရေးဆရာအသင်း အတွင်း ရေးမှူး ဦးညွန့်တင်က   လိုအပ် သည်များကို    ဖြည့်စွက်ဆွေးနွေး သည်။ 


ဆက်လက်၍    ဒုတိယဝန်ကြီး ဒေါ်နုမြဇံက     နိဂုံးချုပ်စကား ပြောကြားကာ  စုပေါင်းမှတ်တမ်း တင်      ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။            
   

သတင်းစဉ်