မြန်မာ့တိုင်းရင်းဆေးပညာသည် ခေတ်အဆက်ဆက်မှ ယနေ့ခေတ်တိုင်အောင် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အခြေခိုင်မာစွာ ရပ်တည်ခဲ့သည့် ဆေးပညာရပ် တစ်ရပ်ဖြစ်

 

နေပြည်တော်   မတ်   ၃


ကျန်းမာရေး      ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းသည်   အိန္ဒိယနိုင်ငံ အာသံပြည်နယ်          Guwahati မြို့တွင်  ယမန်နေ့နံနက်ပိုင်းက ကျင်းပသည့် ရှန်ဟိုင်း  ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ          အဖွဲ့၏ တိုင်းရင်းဆေး    ပညာရပ်ဆိုင်ရာ ညီလာခံနှင့် ပြပွဲဖွင့်ပွဲ အခမ်းအနား သို့   တက်ရောက်ခဲ့သည်။   ဖွင့်ပွဲ အခမ်းအနားတွင်     ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာအရ   ဆီမီး ဖယောင်းတိုင်မီးထွန်းညှိ၍   စတင် ဖွင့်လှစ်ခဲ့ပြီး  အိန္ဒိယနိုင်ငံ  အာယု ဗေဒဝန်ကြီးဌာနမှ    တာဝန်ရှိသူ များက     ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။ 

 


ထို့နောက်      ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင်  မြန်မာ့တိုင်းရင်း ဆေးပညာသည်  ခေတ်အဆက် ဆက်မှ ယနေ့ခေတ်တိုင်အောင်        မြန်မာ့ယဉ်ကျေးမှု    အမွေအနှစ် အဖြစ် အခြေခိုင်မာစွာ   ရပ်တည်ခဲ့ သည့်  ဆေးပညာရပ်  တစ်ရပ်ဖြစ် ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း၌လည်း မြန်မာနိုင်ငံ သည်    အခြားနိုင်ငံများနည်းတူ တိုင်းရင်းဆေးဝါးများကို အသုံးပြု ၍      ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းရင်း ဆေးပညာရပ်     ဖွံ့ဖြိုးတိုးတက် ရန်အတွက်  မန္တလေးတွင် တိုင်းရင်း ဆေးတက္ကသိုလ်        ဖွင့်လှစ်၍ တိုင်းရင်းဆေး    သမားတော်များ နှစ်စဉ်      မွေးထုတ်ပေးလျက်ရှိပါ ကြောင်း၊   ယနေ့ညီလာခံတွင် ရှန်ဟိုင်း   ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာအဖွဲ့၏  အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများနှင့် မိတ်ဖက် နိုင်ငံများ၏       တိုင်းရင်းဆေး နယ်ပယ်မှ  တိုင်းရင်းဆေးပညာရှင် များ၊ ဆေးဝါးကွပ်ကဲရေးအဖွဲ့များ မှ   ပညာရှင်များနှင့်   စီးပွားရေး လုပ်ငန်းရှင်များအကြား  တိုင်းရင်း ဆေးနှင့်   ပတ်သက်၍    ဘက်စုံ ကဏ္ဍစုံမှ   စဉ်းစားသုံးသပ်မှုများ လုပ်ဆောင်ပြီး ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ အထူးသဖြင့် တိုင်းရင်းဆေးပညာ ရပ်ဆိုင်ရာ    ပူးပေါင်းဆောင်ရွက် မှုများ   မြှင့်တင်ရေး၊    တိုင်းရင်း ဆေးကဏ္ဍ    စီးပွားဆက်ဆံမှု၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်ရေး၊ တိုင်းရင်း ဆေးသုတေသနများ ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ရေး၊ တိုင်းရင်းဆေး များ၏    အရည်အသွေး၊    လုံခြုံ စိတ်ချရမှုနှင့်  အစွမ်းထက်မှုများ မြှင့်တင်နိုင်ရေးတို့ကို    ဆွေးနွေး ညှိနှိုင်း           အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုပါကြောင်း၊ ယနေ့        ကျင်းပပြုလုပ်သော ညီလာခံနှင့် ပြပွဲသည် ရှန်ဟိုင်း ပူးပေါင်း   ဆောင်ရွက်မှုဆိုင်ရာ အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာ သူနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ အကြား    တိုင်းရင်းဆေးကဏ္ဍ ဘက်စုံ      ဖွံ့ဖြိုးတိုးတက်ရေး အတွက်  အပြန်အလှန်နားလည် ယုံကြည်မှုဖြင့် ပိုမိုပူးပေါင်းဆောင် ရွက်သွားနိုင်မည်ဟု  ယုံကြည်ပါ ကြောင်း        ပြောကြားသည်။ ဆက်လက်၍             အာယုဗေဒ၊ ဆိပ်ကမ်းနှင့် ရေကြောင်းပို့ဆောင် ရေးဆိုင်ရာ  ပြည်ထောင်စုဝန်ကြီး H.E .Shri Sarbanada Sonowal က    အဖွင့်မိန့်ခွန်း   ပြောကြားသည်။ 

 


လှည့်လည်ကြည့်ရှု


ယင်းနောက်       ပြည်ထောင်စု ဝန်ကြီးနှင့် တက်ရောက်လာသည့် ဧည့်သည်တော်များသည်  ဖွင့်ပွဲ အခမ်းအနားတွင်ပြသထားသည့် တိုင်းရင်းဆေး  ပညာရပ်ဆိုင်ရာ ပြခန်းငယ်များကို  လှည့်လည် ကြည့်ရှုခဲ့ကြသည်။

 


တက်ရောက်


မွန်းလွဲပိုင်းတွင်   တိုင်းရင်း ဆေးကဏ္ဍ    ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာဆိုင်ရာ  ဆွေးနွေးပွဲများ သို့  အဖွဲ့ဝင်အဖြစ်   လိုက်ပါလာ သည့်     ကိုယ်စားလှယ်များက သက်ဆိုင်ရာကဏ္ဍအလိုက်  တက် ရောက်၍  ဆွေးနွေးခဲ့ကြသည်။   အဆိုပါ   ညီလာခံနှင့်  ပြပွဲသို့   ရှန်ဟိုင်း  ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာအဖွဲ့၏   အဖွဲ့ဝင်နိုင်ငံ  ရှစ်နိုင်ငံ၊   လေ့လာသူနိုင်ငံ  သုံး နိုင်ငံနှင့် မိတ်ဖက်နိုင်ငံ ၁၃နိုင်ငံမှ ကိုယ်စားလှယ်     အဖွဲ့ဝင်များ၊ တိုင်းရင်းဆေး     ပညာရှင်များ၊  ဆေးဝါးကွပ်ကဲရေး  အဖွဲ့များမှ ပညာရှင်များနှင့်     စီးပွားရေး လုပ်ငန်းရှင်များ   တက်ရောက် ခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်