
နေပြည်တော် ဒီဇင်ဘာ ၂၇
တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် သူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၁၉)နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အဆိုပါ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။ အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး စည်သူ မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စုဝန်ကြီး များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ချီတက်အလေးပြု
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က သင်တန်း တပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်း တပ်ခွဲအား စစ်ဆေးသည်။ ထို့နောက် သင်တန်း တပ်ခွဲများက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် အား အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက် အလေးပြုကြသည်။
ဆုများ အသီးသီးပေးအပ်ချီးမြှင့်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် က တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၁၉)မှ အကောင်းဆုံး သင်တန်းသားဆု ရရှိသူ သင်တန်းသား မင်းကိုကိုခန့်၊ လေ့ကျင့်ရေး ထူးချွန်ဆုရရှိသူ သင်တန်းသား ကျော်တိုးနှင့် စာပေ ထူးချွန်ဆုရရှိသူ သင်တန်းသား ဟိန်းသက်စိုးတို့အား ဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် သည် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၆)မှ အကောင်းဆုံး သင်တန်းသူဆုရရှိသူ သင်တန်းသူ သဉ္ဇာထွေး၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ သင်တန်းသူ အေးအေး မျိုးနှင့် စာပေထူးချွန်ဆုရရှိသူ သင်တန်းသူ ဇွန်ဖူးငုံ တို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။
လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် က သင်တန်းဆင်း မိန့်ခွန်းပြောကြားရာတွင် “ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်မည့် အမျိုးသားတပ်မတော် အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝ သည့် သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်သူများ၊ ဆေးဘက်ပညာသည်များ မွေးထုတ်ပေးရန်’’ ဟူသည့် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်၏ ရည်ရွယ်ချက်နှင့်အညီ လေ့ကျင့် သင်ကြားပေးလျက်ရှိရာတွင် သူနာပြုပါရဂူဘွဲ့၊ သူနာပြုမဟာသိပ္ပံဘွဲ့၊ ဆေးဝါးမဟာသိပ္ပံဘွဲ့၊ ဆေးဘက်ဆိုင်ရာ နည်းပညာမဟာသိပ္ပံဘွဲ့၊ ဆေး ပညာသင်ကြားရေး ဘွဲ့လွန်ဒီပလိုမာဘွဲ့၊ သူနာပြု သိပ္ပံဘွဲ့၊ ဆေးဝါးကျွမ်းကျင်မှုသိပ္ပံဘွဲ့၊ ဆေးဘက် ဆိုင်ရာ နည်းပညာသိပ္ပံဘွဲ့နှင့် သူနာပြုသိပ္ပံဘွဲ့ (ပေါင်းကူး)ရရှိသူ စုစုပေါင်း ၅၀၀၀ ကျော်ကို အောင်မြင်စွာ လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း။
အတွေ့အကြုံများနှင့်ပေါင်းစပ်
အမိတက္ကသိုလ်မှ စစ်မြေပြင်တွင် ခြေလျင်တပ်စု တစ်စုကို ဦးဆောင်တိုက်ပွဲဝင်နိုင်စေရန် စစ်ပညာရပ် များကို လေ့ကျင့်ပေးခဲ့သကဲ့သို့ ဆေးပညာရပ်တွင် လည်း စစ်မြေပြင်သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ နည်းပညာကျွမ်းကျင်သူပညာရှင်များ ဖြစ်သည်အထိ စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် သင်ကြားပေးသည့် ပညာရပ်များကို လက်တွေ့လုပ်ငန်းခွင်ကရရှိလာမည့် အတွေ့အကြုံ များနှင့် ပေါင်းစပ်ပြီး “ကျွမ်းကျင်ကူညီ ဆေးစစ်သည်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ တပ်မတော်သားမိသားစုဝင်များ၊ တိုင်းရင်းသား ပြည်သူလူထုများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အပြည့်အဝ ဆောင်ရွက်ပေးသွား ကြရမည်ဖြစ်ကြောင်း။
စွန့်စွန့်စားစား လိုက်ပါထမ်းဆောင်
မိမိတို့ တပ်မတော် လျှောက်လှမ်းခဲ့သည့် သမိုင်းစဉ်တစ်လျှောက်တွင် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် တပ်မတော်သားသူနာပြုများသည် အထက်မှပေးအပ် သည့်တာဝန်၊ ဝတ္တရားများကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ကြကြောင်း၊ နိုင်ငံတော်၏ အချုပ် အခြာအာဏာနှင့် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရန် စစ်ဆင်ရေးပေါင်းများစွာ တွင် တပ်မတော်သားသူနာပြုများသည် ဆေးအကာ အကွယ်ပေးရေး တာဝန်များကို စွန့်စွန့်စားစား လိုက်ပါထမ်းဆောင်ခဲ့ကြပြီး စစ်ဆင်ရေးတာဝန်ကို ရဲစွမ်းသတ္တိအပြည့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ကြ သဖြင့် စစ်ဘက်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် လက်မှတ်များဖြစ်သည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ တစ်ဦး၊ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ကိုးဦး ရှိခဲ့ပြီးဖြစ် ကြောင်း။
တပ်မတော်နှင့်နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်ခဲ့
ထို့ပြင် ကမ္ဘာ့သူနာပြုလောကတွင် အမြင့်ဆုံးဆု ဖြစ်သော မြန်မာ့ပထမဆုံး ဖလောရင့် နိုက်တင်ဂေး ဆုရှင် ဗိုလ်မှူး ဒေါ်ခင်အုန်းမြသည်လည်း သူနာပြု အတတ်ပညာစွမ်းရည်ဖြင့် တပ်မတော်နှင့် နိုင်ငံ့ဂုဏ် ကို မြှင့်တင်နိုင်ခဲ့ကြောင်း၊ ထိုသို့စွမ်းရည်ရှိသည့် တပ်မတော်သူနာပြုများ၏ စွမ်းဆောင်မှုများကို စံနမူနာယူပြီး ကောင်းမြတ်သည့် သူနာပြု အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။
ရှေ့တန်းကျကျ ပါဝင်ထမ်းဆောင်
မိမိတို့နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကို အခြားနိုင်ငံများနည်းတူ ခံစားရချိန်တွင် တပ်မတော်သားများသည် ရောဂါကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများတွင် ငွေအား၊ လူအား၊ စိတ်ဓာတ် ခွန်အားများဖြင့် ရသမျှအထောက်အကူပြုပစ္စည်း မျိုးစုံကို အသုံးပြုပြီး အစွမ်းကုန် ကြိုးပမ်းဆောင်ရွက် ခဲ့ကြကြောင်း၊ ထိုသို့ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် တပ်မတော်ဆေးမှူး ပါရဂူ ဆရာဝန်များနှင့်အတူ သူနာပြုတပ်ဖွဲ့ဝင်များသည် လည်း ရှေ့တန်းကျကျ ပါဝင်ထမ်းဆောင်ခဲ့ကြ ကြောင်း။
တီထွင်ကြံဆလုပ်ဆောင်နေရမည်
အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်နေသည့် အနောက်တိုင်းဆေးပညာရပ်များကို လေ့လာ ဆည်းပူးနေသကဲ့သို့ မြန်မာ့တိုင်းရင်းဆေးပညာရပ် သည်လည်း အများပြည်သူ အားကိုးအားထားရသည့် ပညာရပ်တစ်ခုဖြစ်ခြင်းကြောင့် ခေတ်မီနည်းပညာရပ် များနှင့် ပေါင်းစပ်ထုတ်လုပ်နိုင်ရေး တီထွင်ကြံဆ လုပ်ဆောင်နေရမည်ဖြစ်ကြောင်း။
ကောင်းမွန်မှန်ကန်စွာအသုံးချ
တိုင်းရင်းဆေးဝါး ဖော်စပ်မှုအပိုင်းတွင်လည်း စစ်မှန်ပြီး အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေးကုန်ကြမ်းပစ္စည်းများကို ရွေးချယ်အသုံးပြုခြင်းနှင့် ဆေးဝါးအရည်အသွေးကို ထိန်းသိမ်းနိုင်စေရန် အတွက် ဖော်စပ်မှုအဆင့်တိုင်းတွင် အရည်အသွေး ဆိုင်ရာ ဓာတ်ခွဲစမ်းသပ်ခြင်းများကို ဆောင်ရွက်လျက် ရှိကြောင်း၊ “နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏” ဟူသည့် ဆိုရိုးစကားအတိုင်း မိမိတို့နိုင်ငံတွင်လည်း ဆေးဝါးထုတ်လုပ်နိုင်သည့် ဆေးဖက်ဝင် သစ်ပင်မျိုးစုံ နှင့် သစ်ဥသစ်ဖုများသည် နိုင်ငံအနှံ့အပြား ပေါက်ရောက်လျက်ရှိခြင်းကြောင့် တာဝန်ကျရာ ဒေသအသီးသီးတွင်ရှိသည့် ဆေးဖက်ဝင်အပင်မျိုးစုံ ကို မိမိတို့ တတ်ကျွမ်းနားလည်ထားသည့် ဆေးဝါး ကျွမ်းကျင်မှုဆိုင်ရာ အခြေခံကောင်းများကို ကောင်းမွန် မှန်ကန်စွာအသုံးချပြီး သုတေသနလုပ်ငန်းများကို ကြိုးစားဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။
စဉ်ဆက်မပြတ် လေ့လာသင်ယူနေမည်
ယနေ့ခေတ် နိုင်ငံတကာဆေးပညာနယ်ပယ်တွင် Telemedicine နည်းပညာကို စစ်မြေပြင်ဆေးပညာ (Military Medicine)အဖြစ် ထိရောက်တွင်ကျယ်စွာ အသုံးပြုလာသည်ကို တွေ့ရှိရကြောင်း၊ Teleme-dicine ဆိုသည်မှာ ရုပ်သံဆက်သွယ်မှုနည်းပညာ များကို အသုံးပြုပြီး ဝေးကွာသောဒေသများသို့ ဆေးအကာအကွယ်ပေးခြင်းနှင့် ဆေးဘက်ဆိုင်ရာ ကိစ္စရပ်များ ဆက်သွယ်ဆောင်ရွက်ပေးခြင်းပင်ဖြစ် ကြောင်း၊ မြန်မာ့တပ်မတော်၏စစ်မြေပြင် ဆေးပညာ နယ်ပယ်နှင့် အရိုးရောဂါကုသမှု နယ်ပယ်များတွင် လည်း Telemedicine နည်းပညာကို ခေတ်နှင့်အညီ အသုံးပြုလျက်ရှိသောကြောင့် ပြောင်းလဲတိုးတက်နေ သည့် ဆေးဘက်ဆိုင်ရာ နည်းပညာရပ်များကို သိရှိနားလည်ပြီး လက်တွေ့အသုံးချနိုင်သူများဖြစ် ရန် စဉ်ဆက်မပြတ် လေ့လာသင်ယူနေမည်ပင်ဖြစ် ကြောင်း။
တပ်မတော်သားဘဝကို ခံယူပြီးဖြစ်သည့် အတွက်ကြောင့်လည်း စစ်ဘက်ဥပဒေအပြင်နယ်ဘက် ဆိုင်ရာ ဥပဒေများကိုပါ လေးစားလိုက်နာပြီး သူနာပြုနှင့် ဆေးဘက်ပညာသည်များဖြစ်သော ကြောင့် ဆေးဘက်ဆိုင်ရာကျင့်ထုံးဥပဒေများကိုပါ လိုက်နာရမည့်နည်းတူ ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာကိုလည်း သာမန်ထက်ပိုပြီး စောင့်ထိန်းသွားကြ ရမည်ဖြစ်ကြောင်း၊ စစ်သည်တော်ကောင်းတစ်ဦး ဖြစ်လာစေရေး စစ်ရေးစွမ်းရည်၊ စည်းရုံးရေး စွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်ဟူသည့် စွမ်းရည် သုံးရပ်နှင့် ပြည့်စုံအောင် ပြုမူကျင့်ကြံပြီး သူနာပြုများ ခံယူကျင့်သုံးအပ်သည့် အဓိဋ္ဌာန်ပြုကတိသစ္စာ ၉ ချက်နှင့်အညီ စောင့်ထိန်းလိုက်နာကာ နိုင်ငံတော် နှင့် တပ်မတော်က ဂုဏ်ယူအားထားရသည့် သူနာပြု နှင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူပညာရှင်များ ဖြစ်စေရေး စောင့်ထိန်းလိုက်နာ ကြိုးစားသွားကြရန် မှာကြားလိုကြောင်း။
မှန်မှန်ကန်ကန် ဖြည့်ဆည်းပေးရမည်
တပ်မတော်၏ သမိုင်းစဉ်တစ်လျှောက်တွင် ပြည်ပကျူးကျော်သူများနှင့် ဖောက်ပြန်သည့်နိုင်ငံရေး အင်အားစုများသည် တပ်မတော်ကို ဖြိုခွဲရန် အကြိမ်ကြိမ် ကြံစည်ကြိုးစားခဲ့ရာ မအောင်မြင်ခဲ့ဘဲ တပ်မတော်၏ စည်းလုံးညီညွတ်မှုသာ မှတ်ကျောက် တင်ခံနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ တိုင်းပြည်၏ အင်အားသည် ပြည်တွင်းမှာသာရှိပြီး တပ်မတော်၏ အားကို တပ်မတော်အတွင်း၌ပင် အခြေခံတည်ဆောက် သွားရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများနှင့် မိသားစုဝင်အားလုံးအကြားတွင် အသိတူ၊ အမြင်တူ၊ ယုံကြည်ချက်၊ ခံယူချက်များတူမည်ဆိုပါက စည်းလုံး ညီညွတ်မှုသည် ထာဝရခိုင်မြဲနေမည်ဖြစ်ကြောင်း၊ စည်းလုံးညီညွတ်မှုကို စိတ်ဓာတ်ဖြင့်သာ တည်ဆောက်နိုင်သည်ကို တွေ့ရှိရကြောင်း၊စိတ်ဓာတ် ကောင်းမွန်စေရေး တစ်ဦးချင်း စည်းကမ်းလိုက်နာ စောင့်ထိန်းမှုကောင်းမွန်ရန် အရေးကြီးကြောင်း၊ လိုက်နာရန်လိုအပ်သည်များကို လိုက်နာပြီး စောင့်ထိန်းသင့်သည်များကို စောင့်ထိန်းခြင်းသည် မိမိကိုယ်ကို ထိန်းသိမ်းဆောင်ရွက်ခြင်းဖြစ်ပြီး မိမိ၏ လက်အောက်ငယ်သားများကိုလည်း ထိန်းသိမ်းကာ ရသင့်ရထိုက်သည့် အခွင့်အရေးများကို မှန်မှန် ကန်ကန် ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း။
ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ကြိုးစားအားထုတ်
“ကျွမ်းကျင်ကူညီ ဆေးစစ်သည်” ဟူသည့် ကြွေးကြော်သံနှင့်အညီ တပ်မတော်သား မိသားစုဝင် များနှင့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သူများဖြစ်စေရေး ကြိုးစားသွားကြရမည်ဖြစ်ကြောင်း၊ မြန်မာ့တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ပြီး ခေတ်မီ နည်းပညာရပ်များနှင့် ပေါင်းစပ်တီထွင် ထုတ်လုပ် နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း၊ ခေတ်မီတပ်မတော် တည်ဆောက်ရာတွင် လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝပြီး သူနာပြုနှင့် ဆေးဘက်ပညာဆိုင်ရာ အထူးကျွမ်းကျင်သူများ ဖြစ်လာစေရေး မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် သည် သင်တန်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည် ထွက်ခွာသည်။
ဂုဏ်ပြုအမှာစကားပြောကြား
စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ကျောင်းဌာနချုပ် ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် သင်တန်းသား၊ သင်တန်းသူများကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။
မိဘများအနေဖြင့် ဂုဏ်ယူဝမ်းမြောက်နေကြမည်
ဂုဏ်ပြုအမှာစကားပြောကြားရာတွင် သင်တန်း ကာလ ၄ နှစ်တာကာလတစ်လျှောက်လုံး ကြိုးစား အားထုတ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ထူးချွန်ဆုများ ရရှိခဲ့ကြသည့်အတွက် ဝမ်းမြောက်အသိအမှတ်ပြု ကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေ စည်းကမ်းသတ်မှတ်ချက်များအရ မိဘများအနေဖြင့် အခမ်းအနား တက်ရောက်နိုင်ခဲ့ခြင်း မရှိသော်လည်း မိဘများအနေဖြင့် ဂုဏ်ယူဝမ်းမြောက်နေကြမည်ပင် ဖြစ်ကြောင်း၊ မိဘများအနေဖြင့်လည်း သာမန် ဝန်ထမ်းများနှင့် အခြေခံမိသားစုများဖြစ်သည်ကို တွေ့ရှိရပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်သည်အထိ
အခက်အခဲများကြားမှ ပြုစုပျိုးထောင်ပေးခဲ့ရမည်ကို နားလည်စာနာမိပါကြောင်းနှင့် မိဘများ၏ ကျေးဇူး ကို ပြန်ဆပ်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် နှင့် တပ်မတော်အနေဖြင့်လည်း သင်တန်းကာလ ၄ နှစ်တာကာလပတ်လုံး စစ်သားကောင်းများ ဖြစ်လာစေရန်၊ ဘာသာရပ်အလိုက် ကျွမ်းကျင်သူများ ဖြစ်လာစေရန် စစ်ပညာ၊ စာပေပညာတို့ကို အချိန် နှင့် ငွေကြေးအရင်းအနှီးများစွာဖြင့် သင်ကြားပေးခဲ့ သည်ဖြစ်သဖြင့် မိမိတို့သင်ယူခဲ့ရသည့် ပညာရပ်များ ကို အသုံးချပြီး နိုင်ငံတော်နှင့် တပ်မတော်၏ တာဝန် များကို စစ်သားကောင်းပီသစွာဖြင့် ထမ်းဆောင်ရန် လိုကြောင်း၊ မိဘများအနေဖြင့် ပြောဆိုဆုံးမနေခြင်း သည် သားသမီးများ၏ ဘဝကောင်းမွန်ရေးကို လိုလားမှုကြောင့်သာ ဖြစ်သကဲ့သို့ တပ်မတော်က စည်းကမ်းတင်းကျပ်စွာဖြင့် ထိန်းကျောင်းကြပ်မတ် နေခြင်းမှာလည်း တပ်မတော်သားတိုင်း၏ ဘဝ တစ်လျှောက်လုံး စည်းကမ်းစနစ်တကျဖြင့် နေထိုင် ကျင့်ကြံဖြတ်သန်းပြီး လူနေမှုဘဝတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်နှင့် မိဘ၊ တိုင်းပြည်နှင့် တပ်မတော်အတွက် အဖိုးတန်လူသားအရင်းအမြစ် များ နစ်နာမှုမရှိစေရန် ထိန်းသိမ်းနေခြင်းဖြစ်သည်ကို နားလည်သဘောပေါက်ရန် လိုကြောင်း။
သင့် ၄ သင့်ကို လိုက်နာ
တပ်မတော်သားတို့၏ ဘဝနှင့် ဆေးပညာရပ် ဆိုင်ရာ ကျွမ်းကျင်သူများအဖြစ် တာဝန်ထမ်းဆောင် ရန် ရွေးချယ်တက်ရောက်ခဲ့သူများဖြစ်သည့်အတွက် ရှေ့ဆက်လက် လျှောက်လှမ်းရမည့် ဘဝခရီးတွင် စစ်သားကောင်းတစ်ယောက်ပီသစွာ နေထိုင်သွားရန် နှင့် တတ်မြောက်ထားသည့် ဘာသာရပ်များအလိုက် တပ်မတော်နှင့် ပြည်သူတို့ကို အလုပ်အကျွေးပြုကြ ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထူးချွန်စွာသင်တန်း ဆင်းခဲ့သူများဖြစ်သဖြင့် ဘဝတိုးတက်မှု၊ အောင်မြင်မှု တို့အတွက် အခွင့်အလမ်းများစွာရှိပြီး ပညာများကို ဆက်လက်လေ့လာသင်ယူဆည်းပူး၍ မိမိတို့နယ်ပယ် အလိုက် နာမည်ကောင်းရရှိပြီး ထူးချွန်သူများ၊ ကိုယ်ရည်ကိုယ်သွေးရှိသူများဖြစ်အောင် ကြိုးစား သွားကြရမည်ဖြစ်ကြောင်း၊ မိမိစိတ်ကို အလိုမလိုက် ဘဲ သွားသင့်သည့်နေရာကိုသာ သွားရန်၊ ပေါင်းသင့် သည့် သူကိုသာ ပေါင်းရန်၊ လုပ်သင့်သည့်အလုပ်ကိုသာ လုပ်ရန်နှင့် ပြောသင့်သည်ကိုသာ ပြောရန်ဟူသည့် သင့် ၄ သင့်ကို လိုက်နာသွားကြရန် လိုအပ်မည်ဖြစ် ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်