မြန်မာ့သမိုင်းစဉ်နှင့်ပတ်သက်၍ ကြေးခေတ်၊ သံခေတ်ဆိုင်ရာ အထောက်အထားအချက်အလက်များ ဆွေးနွေးပွဲကျင်းပ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၂၈


မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ် တည်းသော  မြန်မာ့သမိုင်းစဉ်ကို ရေးသား     ပြုစုနိုင်ရန်အတွက် ကြေးခေတ်၊     သံခေတ်ဆိုင်ရာ အထောက်အထားများ ဆွေးနွေးပွဲ ကို ယနေ့နံနက်ပိုင်းက သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနလောကနတ်ခန်းမ၌    ပြုလုပ်ရာ မြန်မာသမိုင်းအဖွဲ့     ပညာရှင် များ၊     ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာန နှင့်      သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်    ဦးစီး ဌာနတို့မှ  ညွှန်ကြားရေးမှူးချုပ် များ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပညာရှင်များ၊ ပညာရေးဝန်ကြီး ဌာနမှ ပါမောက္ခများနှင့် သက်ဆိုင် ရာ ဌာနအသီးသီးမှ အရာထမ်း၊ အမှုထမ်းများ  တက်ရောက်ကြ သည်။

 


ဆွေးနွေးပွဲတွင်  ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်က ပရိုင်း မိတ် ဖြစ်ပေါ်လာသည့် ကာလမှ စ၍ လွတ်လပ်ရေးရပြီးနောက်ပိုင်း ကာလအထိ သမိုင်းစဉ်အဆင့်ဆင့် ကို   သမိုင်းသုတေသနနှင့်  အမျိုး သား    စာကြည့်တိုက်ဦးစီးဌာန    ပညာရှင်များနှင့်  ညှိနှိုင်းဆွေးနွေး    ရေးသားလျက်     ရှိပါကြောင်း၊ ယခင်က   ရေးသားခဲ့သည့်  သမိုင်း များလည်း    ရှိပါကြောင်း၊    ယခု ကာလနောက်ပိုင်းတွင် ပြည့်စုံမှု မရှိတော့ပါကြောင်း၊ လွန်ခဲ့သော ၂၅ နှစ်ခန့်က  ညောင်ကန်တူးဖော်မှု မှစ၍ မြန်မာ့ကြေးခေတ်၊ သံခေတ် ကာလအား စတင်ဖော်ထုတ်လာ  နိုင်ခဲ့ခြင်းကြောင့်      သမိုင်းတွင် ပြန်လည်ဖြည့်စွက်ရန်  လိုအပ်ပါ ကြောင်း၊ အခြေခံပညာအပါအဝင် တက္ကသိုလ်   သင်ရိုးညွှန်းတမ်း များတွင်လည်း   မြန်မာ့သမိုင်းနှင့် ပတ်သက်၍ လိုအပ်မှုများ ဖြည့်စွက် ရန်    ရှိနေပါကြောင်း၊    ပြဋ္ဌာန်း စာအုပ်များတွင်    ဖြည့်စွက်ရန် လိုအပ်ပါကြောင်း၊   မိမိတို့ဌာန အနေဖြင့် လွန်ခဲ့သော ၁၀ နှစ်ခန့် မှစ၍   တစ်ဆက်တစ်စပ်တည်း သော   ပညာရေးဝန်ကြီးဌာနသို့ လိုအပ်သည်များ     ပြန်လည် ဖြည့်စွက်နိုင်ရန်  ပေးပို့သွားမည် ဖြစ်ပါကြောင်းနှင့် မိမိတို့ လေ့လာ တွေ့ရှိထားသော     အထောက် အထားများ၊ တွေ့ရှိချက်များအပေါ် တွင် ပူးပေါင်းပါဝင် ဆွေးနွေးကြ ရန် ပြောကြားသည်။

 


လေ့လာတွေ့ရှိချက်တင်ပြ


ထို့နောက်  ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးအောင် အောင်ကျော်က     မြန်မာနိုင်ငံ ကြေးခေတ်၊ သံခေတ်နှင့်ပတ်သက် ၍ ကွင်းဆင်း တူးဖော်လေ့လာမှု များမှ  တွေ့ရှိချက်တို့ကို  စုစည်း ပြုစုထားသည့်   “မြန်မာ့သမိုင်း မတင်မီခေတ်      ကြေးခေတ်၊ သံခေတ်  တူးဖော်မှုများမှ  တွေ့ရှိ ရသော အထောက်အထားများ” အကြောင်းကို    လည်းကောင်း၊ မြန်မာသမိုင်းအဖွဲ့မှ     အဖွဲ့ဝင် ဦးစိန်မြင့်က “ကြေးခေတ်၊သံခေတ် မြို့ပြအကြိုကာလ” အကြောင်း ကို    လည်းကောင်း   တင်ပြခဲ့ရာ တက်ရောက်လာသူများက  သိရှိ လိုသည်များနှင့် ထပ်မံဖြည့်စွက် လိုသည်များကို ဆွေးနွေးကြ သည်။

 


အပြီးသတ်ရေးသားနိုင်ရေး


ဆက်လက်၍   ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် က တစ်ဆက်တစ်စပ်တည်းသော သမိုင်းစဉ်ကို အပြီးသတ်ရေးသား ထုတ်ဝေနိုင်ရေးအတွက်   အခြား အဖွဲ့အစည်းများမှ ပညာရှင်များ၊ တက္ကသိုလ်အသီးသီးမှ ပညာရှင် များနှင့် ပူးပေါင်း၍ ဆွေးနွေးမည် ဖြစ်ပါကြောင်း     ပြောကြားခဲ့ ကြောင်း သိရသည်။  

သတင်းစဉ်