မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်မှ ၁၃၈၅ ခုနှစ်သို့ ကူးပြောင်းမည့် နှစ်သစ်ကူး မဟာသင်္ကြန်ကာလ ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (BE. FALLS) လမ်းလျှောက်သင်္ကြန်တွင် လာရောက်အပန်းဖြေသူများဖြင့် အထူးစည်ကားလျက်ရှိ

 

နေပြည်တော်  ဧပြီ   ၁၅


မြန်မာသက္ကရာဇ်   ၁၃၈၄  ခုနှစ်မှ  ၁၃၈၅  ခုနှစ်သို့ ကူးပြောင်းမည့် နှစ်သစ်ကူး မဟာသင်္ကြန်ကာလတွင် ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (BE. FALLS) ၌ ပျော်ရွှင်စွာ      အပန်းဖြေအနားယူနိုင်ရန်အတွက် လမ်းလျှောက်သင်္ကြန်နှင့် ဖျော်ဖြေရေးတေးဂီတများ ဖြင့် ပျော်ရွှင်စွာရေကစား၍ အပန်းဖြေအနားယူနိုင်ရန် ဆောင်ရွက်ထားကြောင်း သိရှိရသည်။

 


ယခုအခါ   ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (BE. FALLS) အနေဖြင့်  မြန်မာ့ရိုးရာ  နှစ်သစ်ကူး မဟာအတာသင်္ကြန်ပွဲတော်ကာလတွင်  ပြည်တွင်း၊ ပြည်ပမှ   လာရောက်အပန်းဖြေ  အနားယူသူများ စိတ်နှလုံးချမ်းမြေ့စွာဖြင့်     အပန်းဖြေနိုင်စေရေး အတွက် ပန်းအလှများနှင့် ရေပန်းများတပ်ဆင်ထား သည့် လမ်းလျှောက်သင်္ကြန်အား ဆောင်ရွက်ထားရှိ ပြီး ဧည့်ခံဖျော်ဖြေရေးတီးဝိုင်း၊ ရေပေါ်လမ်းလျှောက် နိုင်သည့် ရေပေါ်တံတား Floating Jigsaw ၊ သဘာဝ ပတ်ဝန်းကျင်အား  အထက်မြင်ကွင်းမှ   ကြည့်ရှု လေ့လာနိုင်သည့် Sky Cable Car ၊ ရင်ခုန်စိတ်လှုပ်ရှား ဖွယ်ရာ LED 5D မှန်တံတား၊ ဆင်ငယ်လေးများ၏ ကပြဖျော်ဖြေမှု၊ ကလေးငယ်များ ဆော့ကစားရန် Jumping Cloud၊ Play Ground Area များအပြင် တောတွင်း သဘာဝတောတွင်း လျှောက်လမ်းတို့ဖြင့် အများပြည်သူများ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ အနားယူ နိုင်ရေးအတွက် စီစဉ်ထားရှိသည်။

 


ထိုသို့    စီစဉ်ထားရှိရာ   ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း  (BE. FALLS) သို့  မြန်မာ့ရိုးရာ နှစ်သစ်ကူး   မဟာအတာ   သင်္ကြန်ပွဲတော်ကာလ အတွင်း    အနယ်နယ်အရပ်ရပ်မှ  လာရောက် အပန်းဖြေကြသူများဖြင့်       အထူးစည်ကားလျက်ရှိ ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်