
(က) မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ကာလ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်မောင်းနှင်သူများ လိုက်နာရန်-
( ၁ ) မူးယစ်သောက်စား ယာဉ်မမောင်းရ။
( ၂ ) အပျော်လွန်ကျူး စည်းကမ်းမဲ့ ပြိုင်မမောင်းရ၊ လုမမောင်းရ။
( ၃ ) မော်တော်ယာဉ်များတွင် အိတ်ဇောပိုက်ဖြုတ်မမောင်းရ။
( ၄ ) ယာဉ်နံပါတ်ပြားမပါရှိဘဲ မမောင်းရ။
( ၅ ) ယာဉ်နံပါတ်အတုများ၊ အခြားယာဉ်နံပါတ်များ တပ်ဆင်ခြင်းလုံးဝမပြုရ။
( ၆ ) ယာဉ်၏ဘေးတံခါးများ၊ နောက်ဖုံးများ ဖြုတ်၍ မောင်းနှင်ခြင်းမပြုရ။
( ၇ ) ယာဉ်မောင်းလိုင်စင်နှင့် ယာဉ်မှတ်ပုံတင်(ဝှီးတက်)မပါဘဲမမောင်းရ။
( ၈ ) ဖျက်သိမ်းထားသော ယာဉ်အို/ယာဉ်ဟောင်းများ၊ မှတ်ပုံမတင်ရသေးသော ယာဉ်များနှင့် ပြုပြင်ဆဲယာဉ် များ မမောင်းရ။
( ၉ ) နိုင်ငံတကာအလံများ ယာဉ်တွင်တပ်ဆင်၍ မောင်းနှင် ခြင်းမပြုရ။
(၁၀) ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း မည်သည့်မော်တော်ဆိုင်ကယ်မှ စီးနင်းခြင်း လုံးဝ မပြုရ။
(၁၁) ဟွန်းသံကင်းမဲ့ဇုန်များအတွင်း ဟွန်းလုံးဝမတီးရ။
(၁၂) ပစ်ကပ်ယာဉ်များ (လိုက်ထရပ်/မီနီပစ်ကပ်)သည် သတ်မှတ်ထားသည့် ဝန်အလေးချိန်(လူဦးရေ)ထက် ပိုမိုတင်ဆောင် မောင်းနှင်ခြင်းမပြုရ။
( ခ ) ကျူးလွန်ပါက တည်ဆဲဥပဒေအရ ထိရောက်စွာအရေးယူ မည်။
( ဂ ) ယာဉ်မောင်းနှင်သူများအား အရက်သေစာသောက်စားထား ခြင်း ရှိ/မရှိ အရက်မူးတိုင်းကိရိယာ(Alcohol Tester)ဖြင့် တိုင်းတာ စစ်ဆေး၍ ချိုးဖောက်ပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။
(ဃ) သင်္ကြန်ကာလအတွင်း လမ်းလယ်၌ မော်တော်ယာဉ်စက်ပျက်၍ ရပ်ထားပါက ကရိန်းယာဉ်ဖြင့် ဆွဲယူမည်ဖြစ်ပါသည်။
( င ) ယခုအခါ အချက်အချာကျသော လမ်းဆုံ/လမ်းခွ မီးပွိုင့်များတွင် CCTV camera များ တပ်ဆင်ထားပြီးဖြစ်သဖြင့် ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်မှုများအား အဆိုပါ ကင်မရာများဖြင့်ရိုက်ကူးပြီး ထိရောက်စွာ အရေးယူဆောင် ရွက်သွားမည်ဖြစ်ပါသည်။
( စ ) “သင့်ကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ကာလ အတွင်း ယာဉ်တိုက်မှုမဖြစ်ပါစေနှင့်”
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့