မြန်မာ့သိုင်းအားကစားနည်းကို အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိနိုင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်

 

နေပြည်တော်    ဒီဇင်ဘာ   ၁၇


မြန်မာ့သိုင်းဒိုင်လူကြီးနှင့်နည်းပြ သင်တန်းဆင်းပွဲ  အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည် တော်   အားကစားလေ့ကျင့်ရေး စခန်း (Gold Camp) ရှိ Multi-purpose  Hall  ၌  ကျင်းပသည်။

 


ရှေးဦးစွာ  ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က    တန်ဖိုးမဖြတ်နိုင် သည့်    မြန်မာ့ယဉ်ကျေးမှုအမွေ အနှစ်ဖြစ်သည့် မြန်မာ့သိုင်းပညာ ရပ်ကို ပြန့်ပွားတိုးတက်စေရေးနှင့် “မြန်မာလူမျိုးတိုင်း  သိုင်းတတ် ရမည်” ဟူသော ဆောင်ပုဒ်အတိုင်း  မြန်မာ့သိုင်းအဖွဲ့ချုပ်   အနေဖြင့် အမျိုးသားရေးတာဝန်အဖြစ် ချမှတ်     အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊    မြန်မာ့သိုင်း ပြိုင်ပွဲများကို ကျင်းပပေးခြင်းဖြင့်  တိုင်းဒေသကြီးနှင့်   ပြည်နယ် အတွင်းရှိ သိုင်းပညာရှင်များအချင်း ချင်း စည်းလုံးညီညွတ်မှု ပိုမိုခိုင်မြဲ စေရန်၊ မြန်မာ့သိုင်းပညာရပ်များ နှီးနှောဖလှယ်နိုင်စေရန်၊ မျိုးဆက် သစ်  သိုင်းပညာရှင်များ  ပေါ်ထွက် လာစေရန်အတွက်     ရည်ရွယ် ကြောင်း၊ မြန်မာလူငယ်များ သိုင်း ပညာရပ်များကို   စိတ်ဝင်တစား လေ့လာလိုက်စားစေခြင်းဖြင့်   အမိ နိုင်ငံတော်ကို    ကာကွယ်စောင့် ရှောက်နိုင်မည့်  ကျန်းမာသန်စွမ်း သူများ ဖြစ်လာစေရန်နှင့် မြန်မာ့ သိုင်း   ဗန်တို/ ဗန်ရှည်ပညာရပ်များ နိုင်ငံတကာသို့ ပျံ့နှံ့ရောက်ရှိစေ ရေးအတွက်  အထောက်အကူဖြစ် စေရန်အတွက် ဖွင့်လှစ်သင်ကြား ပို့ချပေးခြင်းဖြစ်ကြောင်း။

 


မြန်မာ့သိုင်းအားကစားနည်း ကို အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ SEA Games များတွင် ပါဝင် ယှဉ်ပြိုင်ခွင့်    ရရှိနိုင်ရန်အတွက် အဖွဲ့ချုပ်များအနေဖြင့် ဆက်လက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ် ကြောင်း၊  SEA Games များတွင် ဗီယက်နမ်နိုင်ငံအနေဖြင့် ဗိုဗီနမ်  အားကစားနည်း၊    အင်ဒိုနီးရှား နိုင်ငံအနေဖြင့်   ပန်ကြပ်ဆီလပ်  အားကစားနည်း၊ ဖိလစ်ပိုင်နိုင်ငံ အနေဖြင့် အားနစ်  အားကစား နည်းများ   ထည့်သွင်းကျင်းပနိုင် ရန်အတွက် အားထည့်ဆောင်ရွက် ခဲ့ကြကြောင်း၊ မြန်မာ့သိုင်းအဖွဲ့ချုပ် အနေဖြင့် မြန်မာ့သိုင်းအားကစား နည်းအား   ထည့်သွင်းကျင်းပခွင့် ရရှိအောင်   ဆက်လက်ကြိုးပမ်း ဆောင်ရွက်ပေးရန်    တိုက်တွန်း မှာကြားလိုကြောင်း   ပြောကြား သည်။

 


ဆက်လက်၍ ဒုတိယဝန်ကြီး က သင်တန်းသားများကိုယ်စား  သင်တန်းသား သင်တန်းသူ နှစ်ဦး ကို သင်တန်းဆင်းအောင်လက်မှတ် များ ပေးအပ်ချီးမြှင့်ပြီး သင်တန်း နည်းပြများကိုယ်စား မြန်မာနိုင်ငံ  သိုင်းအဖွဲ့ချုပ်မှ ဒိုင်ချုပ်ဆရာကြီး ဦးစိန်ဝင်းကို ဂုဏ်ပြုလက်မှတ် များ     ပေးအပ်ခဲ့ကြောင်း     သိရ သည်။


သတင်းစဉ်