
ရန်ကုန် ဩဂုတ် ၁၅
မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်း က ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဦးစီးကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်နှင့် ဦးစီးကော်မတီဝင်များ၊ ဆပ်ကော်မတီများမှ ဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ ရုပ်/သံ မီဒီယာများ နှင့် ရုပ်ရှင်ရုံများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
ကြိုတင်ဆွေးနွေး စီစဉ်ခဲ့
ရှေးဦးစွာ မြန်မာ့ရုပ်ရှင် ရာပြည့် အခမ်းအနား ကျင်းပရေး ဦးစီး ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနား ကျင်းပနိုင်ရေး အတွက် ပြီးခဲ့သည့်နှစ် မေလကပင် ကြိုတင်ဆွေးနွေး စီစဉ်ခဲ့ကြပါကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် လုပ်ငန်းများ ဆောင်ရွက် ရာတွင် ကန့်သတ်ချက်များ ရှိနေပါ ကြောင်း၊ သို့ရာတွင် မြန်မာ့ရုပ်ရှင် ရာပြည့်အထိမ်းအမှတ် အခမ်းအနား ကို အောက်တိုဘာ ၁၃ ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့်စည်းကမ်း ချက်များနှင့်အညီ ကျင်းပရန် လျာထား ပါကြောင်း၊ ထိုသို့ ကျင်းပပြုလုပ်နိုင်ရန် ဆောင်ရွက်မည့် အစီအစဉ်များနှင့် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ယခုတက်ရောက်လာကြသည့် မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံးမှ နာယက ကြီးများ၊ တာဝန်ရှိသူများက ဝိုင်းဝန်း ဆွေးနွေး အကြံပြုကြစေလိုကြောင်း၊ ပွဲတော်ကျင်းပရေးနှင့် ပတ်သက် ၍ သက်ဆိုင်ရာ ဆပ်ကော်မတီများ ဖွဲ့စည်းပေးထားပြီးဖြစ်သဖြင့် မိမိတို့ ကဏ္ဍအလိုက် ဆောင်ရွက်ကြမည့် အစီအစဉ်များကို တိတိကျကျ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ဆပ်ကော်မတီ များနှင့် လုပ်ငန်းကော်မတီ၊ ဦးစီး ကော်မတီတို့ ချိတ်ဆက်ဆောင်ရွက် နိုင်ရန် လုပ်ငန်းအဖွဲ့တစ်ခု ဖွဲ့စည်း ပြီး အသေးစိတ်ဆွေးနွေး ညှိနှိုင်း ချိတ်ဆက်ဆောင်ရွက်ပေးရန် လိုအပ် ပါကြောင်း ဆွေးနွေးပြောကြား သည်။
ထို့နောက် မြန်မာ့ရုပ်ရှင်ရာပြည့် အခမ်းအနား ကျင်းပရေး ဦးစီး ကော်မတီအတွင်းရေးမှူး ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအေး ကြွယ်က မြန်မာ့ရုပ်ရှင်ရာပြည့်အခမ်း အနားကျင်းပရေး ဦးစီးကော်မတီ၏ လုပ်ငန်းတာဝန်များ၊ မြန်မာ့ရုပ်ရှင် ရာပြည့်အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက် ထားမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဦးစီးကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်နှင့် တိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီး ဦးမောင် မောင်စိုး၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးနာယက ဦးကြည်စိုးထွန်း၊ ဦးအောင်လွင်၊ ဦးနှင်းမိုး၊ ဦးအောင် မြင့်မြတ်နှင့် ဦးစိုးမိုး၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူး များ၊ တက်ရောက်လာကြသည့် ရုပ်သံလွှင့်ဌာနများမှ တာဝန်ရှိသူများ က မြန်မာ့ရုပ်ရှင် ရာပြည့်အထိမ်း အမှတ် အခမ်းအနား ကျင်းပရေး ဆိုင်ရာ ကိစ္စရပ်များ၊ ရှေးဟောင်း သမိုင်းဝင် ရုပ်ရှင်ဇာတ်ကားများ ပြသရေးဆိုင်ရာကိစ္စများ၊ စာတမ်း ဖတ်ကြားရေး၊ ရာပြည့်မဂ္ဂဇင်း ထုတ်ဝေရေး၊ ပြခန်းများ ခင်းကျင်း ပြသရေး၊ စည်းရုံးလှုံ့ဆော်ရေး ဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ အသေးစိတ်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ကြသည်။
ဖြည့်စွက်ဆွေးနွေး
ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကားပြောကြား သည်။ သတင်းစဉ်