မြန်မာ့ရိုးရာယဉ်ကျေးမှုများကို အခြေခံသည့်ဖျော်ဖြေရေးအစီအစဉ်များကို ဖော်ထုတ်ပြသရန်ရည်ရွယ်၍ “ရွှေမြန်မာ” အငြိမ့်ခန်းအစီအစဉ်(၂) ဇာတ်တိုက်လေ့ကျင့်လျက်ရှိ

 

နေပြည်တော်   နိုဝင်ဘာ  ၄


သာသနာရေးနှင့်        ယဉ်ကျေးမှု ဝန်ကြီးဌာနသည် ရိုးရာယဉ်ကျေး မှု အနုသုခုမအမွေအနှစ်များကို  ရှာဖွေခြင်း၊ ဖော်ထုတ်ထိန်းသိမ်း ခြင်းနှင့် တိုးတက်ပြန့်ပွားစေရန် ဆောင်ရွက်ခြင်းစသည့် လုပ်ငန်း တာဝန်များကို ဆောင်ရွက်လျက် ရှိပြီး ကိုဗစ်-၁၉   ကာလအတွင်း အများပြည်သူများ     စိတ်အပန်း ပြေစေရေးအတွက် မြန်မာ့ရိုးရာယဉ်ကျေးမှုများကို     အခြေခံသည့် ဖျော်ဖြေရေး    အစီအစဉ်များကို ဖော်ထုတ်ပြသရန်    ရည်ရွယ်၍  နေပြည်တော်ရှိ အနုပညာဦးစီး ဌာန လေ့ကျင့်ရေးဇာတ်ရုံ၌ “ရွှေ မြန်မာ” အငြိမ့်ခန်းအစီအစဉ်(၂)ကို    ဇာတ်တိုက်လေ့ကျင့်လျက် ရှိရာ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံ ခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန      ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးတို့သည် ဒုတိယ ဝန်ကြီးများဖြစ်ကြသော ဦးအေး ထွန်း၊   ဦးထွန်းအုံတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင်       ကြည့်ရှု စစ်ဆေးသည်။  

 


ကြည့်ရှု         စစ်ဆေးစဉ်     ပြည်ထောင်စုဝန်ကြီး    ဦးကိုကို က    လေ့ကျင့်ဇာတ်တိုက်မှုအပေါ်    လိုအပ်သည်များ    မှာကြားပြီး “ရွှေမြန်မာ”အငြိမ့်အဖွဲ့ကို ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်သည်။ 

 


အဆိုပါ “ရွှေမြန်မာ” အငြိမ့် ခန်းအစီအစဉ်(၂)တွင် ခေါင်းဆောင် မင်းသမီး   ရွှေတံဆိပ်ဆုများရှင် ဆောင်းနှင်းဝေဝေ၊    ရှေ့ထွက် မင်းသမီး   အေးချမ်းငြိမ်းတို့နှင့် အတူ   လူရွှင်တော်များဖြစ်ကြ သည့်  အာဗြဲ၊ ရောင်နီ၊ ဝမ်းတူးနှင့် လမုန့်တို့ပါဝင်၍   အငြိမ့်သမား စဉ်တေးသီချင်းများကို ဂီတဝိဇ္ဇာ ရွာစား အောင်ဝမ်းတူးက ရေးဖွဲ့ သီကုံး၍   ရွာစားနိုင်လင်းဗိုလ် ဆိုင်းအဖွဲ့က    တီးခတ်ပံ့ပိုးထားပြီး   ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသရန်    စီစဉ်လျက် ရှိကြောင်း သိရသည်။ 


သတင်းစဉ်