
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ခဲ့
နေပြည်တော် ဧပြီ ၁၆
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုရေကစားမဏ္ဍပ် ပိတ်ပွဲအခမ်းအနားကို ယနေ့ သင်္ကြန်အတက်နေ့ နေ့လယ်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်သည်။
ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်
အဆိုပါ ပိတ်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ၏ ဇနီးဒေါ်သန်းသန်း နွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ် ကြီး မောင်မောင်အေးနှင့် ဇနီး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ယိမ်းအဖွဲ့များ တက်ရောက်ကြပြီး ရေကစားမဏ္ဍပ်တွင် အနုပညာ ရှင်များ၊ တေးသံရှင်များနှင့် ယိမ်းအကအဖွဲ့များ၏ တေးသီချင်းများဖြင့် ကပြသီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြပြီး အနုပညာရှင်များနှင့် ယိမ်းအကအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ကြသည်။
အောင်မြင်စွာပိတ်သိမ်း
ထို့နောက် ပိတ်ပွဲအခမ်းအနား ကျင်းပရာ အနုပညာရှင်များ၊ တေးသံရှင်များနှင့် ယိမ်းအဖွဲ့ များက မန်းတောင်ရိပ်ခိုသီချင်းဖြင့် သီဆိုကပြ ဖျော်ဖြေကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ပိတ်ပွဲ အခမ်းအနားကို တက်ရောက်လာကြသူများနှင့်အတူ ယိမ်းအဖွဲ့များအား အတာရေများဖြင့် အေးချမ်း ပျော်ရွှင်စွာ ပက်ဖျန်းပေးကြပြီး မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစု ရေကစားမဏ္ဍပ်အား အောင်မြင်စွာ ပိတ်သိမ်းခဲ့သည်။
သီဆိုကပြဖျော်ဖြေ
အလားတူ ယနေ့ညနေပိုင်းတွင်လည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်းသည် အဖွဲ့ဝင်များနှင့်အတူ စိန်ပန်းမဏ္ဍပ်၊ မန်ကျည်းရိပ်မဏ္ဍပ်နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန မိသားစုမဟာသင်္ကြန်မဏ္ဍပ်များသို့ သွားရောက်၍ နိုင်ငံကျော် အနုပညာရှင်များနှင့် တေးသံရှင်များ၊ မိသားစုသင်္ကြန်ယိမ်းအကအဖွဲ့များက တေးသီချင်း များ၊ ယိမ်းအကများဖြင့် သီဆိုကပြဖျော်ဖြေနေမှု၊ မိသားစုများ ပျော်ရွှင်စွာ ရေသဘင်ပွဲဆင်နွှဲနေမှု များကို သွားရောက်ကြည့်ရှုအားပေးပြီး အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်အတူ ရေသဘင်ပွဲအား ပျော်ရွှင်စွာ အတူဆင်နွှဲသည်။
အောင်မြင်စွာဆင်နွှဲ
ယနေ့သည် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အတက်နေ့ဖြစ်သည်နှင့်အညီ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ရေကစားမဏ္ဍပ်များ၊ ပျဉ်းမနား-တောင်ညိုလမ်းပေါ်ရှိ နေပြည်တော်မြို့တော်ဝန် မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာ လမ်းဆုံအထိ ဇုန်လေးဇုန်သတ်မှတ်ကာ ခေတ်နှင့်အညီ ထည့်သွင်း ကျင်းပလျက်ရှိသော နေပြည်တော်လမ်းလျှောက် သင်္ကြန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝင်း အတွင်းရှိ ဇေယျာသီရိမဏ္ဍပ်၊ စိန်ပန်းရေကစားမဏ္ဍပ်၊ မန်ကျည်းရိပ်ရေကစားမဏ္ဍပ်အပါအဝင် အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရေကစားမဏ္ဍပ် များတွင်လည်း ရေပက်ခံသူများ၊ ရေပက်ကစားသူများ ဖြင့် ပျော်ရွှင်စည်ကားစွာ ရေသဘင်ပွဲတော်ကို အောင်မြင်စွာ ဆင်နွှဲကြပြီး မိသားစုသင်္ကြန် ယိမ်းအကအဖွဲ့များ၊ အနုပညာရှင်များနှင့် တေးသံရှင် များက တေးသီချင်းများ၊ ယိမ်းအကများဖြင့် သီဆို ကပြဖျော်ဖြေမှုများနှင့်အတူ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ သင်္ကြန်ချစ်သူ ပြည်သူများက အတာရေသဘင်ပွဲတော်အား အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်