မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြိုနေ့တွင် နေပြည်တော်၌ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ အတာရေသဘင်ဆင်နွှဲ

 

နေပြည်တော်   ဧပြီ   ၁၃


၁၃၈၄  ခုနှစ်မှ  ၁၃၈၅   ခုနှစ်သို့ ကူးပြောင်းမည့်  နှစ်သစ်ကူးအခါသမယ တွင်  မြန်မာ့ရိုးရာ ဓလေ့ထုံးစံများနှင့်အညီ  အတာရေသဘင်   သင်္ကြန် ပွဲတော်ကို  ပြည်သူများ   အေးချမ်းပျော်ရွှင်စွာ  ပါဝင်ဆင်နွှဲ   အပန်းဖြေ နိုင်ရန် နေပြည်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

 


ယနေ့တွင်   နေပြည်တော် မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်၌ မြန်မာ့အသံခေတ်ပေါ်  တေးဂီတ အဖွဲ့နှင့်  တွဲဖက်၍   နိုင်ငံကျော် အနုပညာရှင်များ၊ တေးသံရှင်များ နှင့်  ဝန်ကြီးဌာနများ၊   ခရိုင်/ မြို့နယ်များမှ သင်္ကြန်ယိမ်းအက အဖွဲ့များက    ပရိသတ်အကြိုက် တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေကြသည်။

 


ရေကစားသူများစည်ကား


နေပြည်တော်   တစ်ခွင်တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြို နေ့ဖြစ်သော်လည်း  ဘုရားစေတီ ပုထိုးများ၌   ကုသိုလ်ကောင်းမှု ပြုကြသူများ၊ စတုဒိသာကျွေးမွေး လှူဒါန်းကြသူများ၊    အေးချမ်း ပျော်ရွှင်စွာ ရေကစားကြသူများနှင့် အပန်းဖြေစခန်းများ၌ လာရောက် အပန်းဖြေကြသူများ၊    မြို့နယ်၊ ရပ်ကွက်၊  ကျေးရွာများအတွင်း မဏ္ဍပ်ငယ်များ   ဆောက်လုပ်၍ မိသားစုအလိုက် ရေပက်ကစားကြ သူများဖြင့် စည်ကားလျက်ရှိသည်။ 

 


ထို့ပြင်     နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ ဓာတုဇယ    ဓာတ်ပေါင်းစုစေတီ တော်၊   လှေခွင်းတောင်ဘုရား၊ အခြားတန်ခိုးကြီးဘုရားများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် တရားဘာဝနာပွားများအားထုတ် ကြသူများ၊ ဥပုသ်သီလ ဆောက် တည်ကြသူများ၊ တရားစခန်းများ တွင် တရားဘာဝနာ ရှုမှတ်ပွားများ ကြသူများ၊ ရေသပ္ပာယ်ကြသူများ ဖြင့်   စည်ကားခဲ့ကြောင်း   တွေ့ရ သည်။

 


အလားတူ  ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)    မဟာသင်္ကြန် ရေကစားမဏ္ဍပ်တွင်လည်း နိုင်ငံ ကျော်   အနုပညာရှင်များ၊   တေး သံရှင်များက တေးသီချင်းများဖြင့် လာရောက် ဖျော်ဖြေခဲ့ကြသည့် အပြင် သင်္ကြန်ယိမ်းအဖွဲ့များက လည်း   ညီညာလှပသည့်   ယိမ်း အက အလှများဖြင့် ပါဝင်ဖြည့်စွက် ဖျော်ဖြေခဲ့ကြသည့်အတွက်  ရေ ပက်ခံကားများနှင့် ရေကစားကြ သည့်ပြည်သူများဖြင့် စည်ကားခဲ့ သည်။

 


ထို့အတူ နေပြည်တော်ရေပန်း ဥယျာဉ်အတွင်းရှိ လမ်းလျှောက် သင်္ကြန်ပွဲတော်တွင်လည်း သင်္ကြန် ချစ်သူများ၊ လာရောက်ရေပက်ခံ သူများ၊  ရေကစားကြသူများဖြင့် စည်ကားခဲ့ပြီး      နေပြည်တော် ကောင်စီနယ်မြေအတွင်း အထင် ကရနေရာများဖြစ်သော ဇေယျာ သီရိမြို့နယ် ကျည်တောင်ကျေးရွာ အုပ်စုအတွင်းရှိ   လှေခွင်းတောင် ကမ်းခြေအပန်းဖြေစခန်း၊ ကျည် တောင်ရေဆိပ်၊ ပျဉ်းမနားမြို့နယ် ရှိ   အဝေရာကမ်းခြေအပန်းဖြေ စခန်း၊ ရေပန်းဥယျာဉ်၊ တိရစ္ဆာန် ဥယျာဉ်၊     ဆာဖာရီဥယျာဉ်နှင့် မင်္ဂလာကန်တော်တို့တွင်လည်း လာရောက်အပန်းဖြေ  အနားယူ ကြသူများဖြင့်    စည်ကားလျက် ရှိသည်။ 

 


လုံခြုံရေးဆောင်ရွက်ပေး


မဟာသင်္ကြန်ကာလအတွင်း ပြည်သူများ   အေးချမ်းပျော်ရွှင် ဘေးအန္တရာယ်    ကင်းရှင်းစွာ ရေကစားနိုင်ကြစေရန်နှင့် အပန်း ဖြေကမ်းခြေစခန်းများ၌ ပြည်သူ များ    စိတ်အေးချမ်းပျော်ရွှင်စွာ အနားယူ    အပန်းဖြေနိုင်စေရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က   ပြည်သူ များ၏ လုံခြုံရေးအတွက် တာဝန် ယူ   ဆောင်ရွက်ပေးလျက်ရှိပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့များကလည်း ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေး အတွက်    ယာဉ်ကြောရှင်းလင်း ခြင်းလုပ်ငန်းများ ဆောင်ရွက် ပေး လျက်ရှိသည့်အပြင်   အပန်းဖြေ အနားယူ      နေကြစဉ်အတွင်း အန္တရာယ်     မရှိစေရေးအတွက် သတိပေး    နှိုးဆော်ခြင်းများကို လည်း ဆောင်ရွက်လျက်ရှိသည်။

 


မြန်မာ့ရိုးရာ    ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်သည် မြန်မာ သက္ကရာဇ် နှစ်တစ်နှစ် ကုန်ဆုံးပြီး နှစ်သစ်၏ အေးချမ်းမှုကို ရရှိစေ ရန်၊ နှစ်ဟောင်းမှအညစ်အကြေး များ  ကင်းစင်လွင့်ပျောက်စေပြီး နှစ်သစ်သို့  မပါလာစေရန်  ရည် ရွယ်၍ ရေစင်သွန်းလောင်းကြခြင်း ဖြစ်သည်နှင့်အညီ  နှစ်ဟောင်းမှ အညစ်အကြေးများကို  သင်္ကြန် အတာရေဖြင့် တစ်ဦးကို တစ်ဦး ကြည်နူးသိမ်မွေ့စွာ     ပက်ဖျန်း ဆေးကြော ပျော်ရွှင်စွာ ရေကစား ကြသည့် ရိုးရာယဉ်ကျေးမှုပွဲတော် တစ်ခုလည်း ဖြစ်သည်။


လုလင်ငယ် 
 ဓာတ်ပုံ - ကိုကြီးကျော်