မြန်မာ့ရိုးရာ မဟာအတာသင်္ကြန်ပွဲတော်အကျနေ့ တောင်ကြီးမြို့၌ စည်ကားအေးချမ်းစွာ ကျင်းပ

တောင်ကြီး   ဧပြီ  ၁၄


၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ မဟာအတာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့ နံနက် ၉ နာရီက ရှမ်း ပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ သစ်တော ရပ်ကွက် လွှတ်တော်ရုံးလမ်း  ရှမ်းပြည်နယ်   အစိုးရရုံး ရှေ့၌ စည်ကားသိုက်မြိုက်အေးချမ်းစွာ ကျင်းပသည်။

 


မဟာအတာသင်္ကြန်အကျနေ့တွင် တောင်ကြီး မြို့ပေါ်ရှိ    တက္ကသိုလ်၊   ဒီဂရီကောလိပ်ကျောင်းများမှ ယိမ်းအဖွဲ့များ၊    ရပ်ကွက်များရှိ      ယိမ်းအဖွဲ့များ         အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ရွှေနေကြာယိမ်းအဖွဲ့များ  ပါဝင်ယှဉ်ပြိုင်နေမှုနှင့်      တေးဂီတအဆိုများဖြင့်  ဖျော်နေမှုကို   ပြည်နယ်ဝန်ကြီးချုပ်  ဦးအောင်ဇော် အေးနှင့်ဇနီး၊       ပြည်နယ်ဝန်ကြီးများနှင့်ဇနီး၊      ပြည်နယ်အစိုးရအဖွဲ့  အတွင်းရေးမှူး၊   ပြည်နယ် အဆင့် ဌာနဆိုင်ရာများ တာဝန်ရှိသူများက ကြည့်ရှု အားပေးကြသည်။

 


ဆက်လက်၍     ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ သည်  တောင်ကြီးမြို့ ဗိုလ်ချုပ်လမ်း မြို့မဈေးအနီးရှိ တောင်ကြီးအတာသင်္ကြန်မဏ္ဍပ်သို့     တက်ရောက် ချီးမြှင့်ရာ တေးဂီတအဆိုတော်များ၊  ယိမ်းအကအဖွဲ့ များ ဖျော်ဖြေတင်ဆက်နေမှုကို  ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးသည်။

 


သင်္ကြန်အကျနေ့တွင်   တောင်ကြီးမြို့၌  ဒေသခံ ပြည်သူများ     ရေပက်ခံမော်တော်ယာဉ်များဖြင့် အေးချမ်းစွာ ပါဝင်ဆင်နွှဲကြောင်း သိရသည်။


မောင်မောင်သန်း (တောင်ကြီး)