
ညောင်ရွှေ ဧပြီ ၁၃
၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ မဟာ အတာသင်္ကြန်ပွဲတော် အင်းလေး ရေပေါ်သင်္ကြန်မဏ္ဍပ် ဖွင့်ပွဲကို ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ နံနက် ၁၁ နာရီက ညောင်ရွှေ မြို့နယ် အင်းပေါခုန်ကျေးရွာ ခေတ်ဆန်းယဉ် ရေပေါ်မဏ္ဍပ်၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအောင်သော်က ၁၃၈၄ ခုနှစ် အင်းလေးရေပေါ် သင်္ကြန်ပွဲတော်ဖွင့်ပွဲ နှုတ်ခွန်း ဆက်မင်္ဂလာစကားပြောကြားရာ မြန်မာနိုင်ငံ၏ ထူးခြားသည့် အထိမ်းအမှတ်တစ်ခု ဖြစ်သော အင်းလေးဒေသတွင် မဟာသင်္ကြန် နှစ်သစ်ကူးရိုးရာပွဲကို ပြည်သူ လူထုအပေါင်းနှင့်အတူ စုပေါင်း ပျော်ရွှင်စွာ ဆင်နွှဲကျင်းပပွဲတွင် ပါဝင်ရသည့်အတွက် ဂုဏ်ယူပြီး ဘဝအမှတ်တရတစ်ခု ဖြစ်ပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အင်းလေးဒေသ ရေပေါ်သင်္ကြန် ပွဲတော်ကို ၂၀၁၉ ခုနှစ်တွင် ပထမအကြိမ်အဖြစ် ကျင်းပနိုင် ခဲ့ပြီး ယခု ဒုတိယအကြိမ် ကျင်းပ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ အင်းလေးဒေသသည် ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များ လာရောက် လည်ပတ်လျက်ရှိ သည့် နေရာဒေသတစ်ခုဖြစ် သည်နှင့်အညီ ဒေသ၏ အဓိက စီးပွားရေးလုပ်ငန်းသည် ခရီးသွား လုပ်ငန်းဖြစ်ကြောင်းကို တွေ့မြင် ရမည်ဖြစ်ကြောင်း၊ ယခုလို မြန်မာ့နှစ်သစ်ကူး မဟာသင်္ကြန် ပွဲတော်ကို အင်းလေးဒေသ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်နိုင်သည့်အတွက် ဒေသ ၏ ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ နှစ်တစ်နှစ် ဖြစ်ပါကြောင်းနှင့် အင်းလေးဒေသ ရေပေါ်သင်္ကြန် ပွဲတော်ကြီး၏ ဖွင့်ပွဲအခါသမယ တွင် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းခြင်း၊ ဂုဏ်သိက္ခာရှိစွာ ပါဝင်ဆင်နွှဲခြင်းဖြင့် မြန်မာနှစ်သစ် ကို ပျော်ရွှင်စွာ ကြိုဆိုကြရန် ပြောကြားသည်။
ထို့နောက် အင်းလေးရေပေါ်သင်္ကြန်ဖွင့်ပွဲကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအောင်သော်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီး ချုပ်၊ အရှေ့ပိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီး၊ ရပ်မိရပ်ဖတစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ယင်းနောက် သင်္ကြန်မိုးသီချင်း၊ မင်္ဂလာရှိသော သင်္ကြန်တေး သီချင်းဖြင့် ယိမ်းအဖွဲ့များအားလုံး က ပါဝင်ကပြကြပြီး ပြည်ထောင်စု ဝန်ကြီးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီး ချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက အတာရေ ပက်ဖျန်းပေးကြပြီး power King Music Band အဖွဲ့ ဖြင့် နိုင်ငံကျော်သရုပ်ဆောင် များ၊ ယိမ်းအကအဖွဲ့များက သီဆိုကပြ ဖျော်ဖြေကြကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)