
မြန်မာရှေ့သို့ ကိုယ်ရှေ့သို့
v အမိပြည်မြန်မာ၊ ဤမြေချာကို
မြန်မာတွေမှ၊ မစောင့်ရှောက်ကြလျှင်
မြန်မာတွေမှ၊ မကာကွယ်ကြလျှင်
ဘယ်ကသူလာ၊ စောင့်ရှောက်မှာလဲ. . ။
ဘယ်ကသူလာ၊ ကာကွယ်မှာလဲ. . ။
v ကိုယ့်တိုင်းပြည်ရွာ၊ စောင့်ရှောက်ကာရန်
မွေးရာပါသည့်၊ တာဝန်ရှိ၏
ရှိသည့်တာဝန်၊ ထမ်းကျေပွန်ရေး
သွန်သင်ဖို့ရာ၊ လိုဦးမှာလား. . ။
လမ်းညွှန်ဖို့ရာ၊ လိုဦးမှာလား. . ။
v အမျိုး ဘာသာ၊ သာသနာကို
ကိုယ်သာမြတ်နိုး၊ ကိုယ်ရိုကျိုးလျက်
သယ်ပိုးရန်မှာ၊ ကိုယ်တိုင်သာတည့်
ဘာမျှနှောင့်နှေး၊ ရင်လေးရန်မလို. . ။
ဘာမျှချင့်တွေး၊ အားမွေးရန်မလို. . ။
v ကိုယ်မွေးရာမြေ၊ ကျွေးရာမြေနှင့်
နေရာရပ်ဌာန်၊ နိုင်ငံ့ထံမှ
ခံစားစံစား၊ ရယူထားသည်
များလွန်းပေလှ၊ သတိရလျက်
ကိုယ်ကဘာများ၊ ပေးဆပ်သွားမလဲ
စဉ်းစားဆင်ခြင် အသိယှဉ်။
မွေးရာပါသည့် တာဝန်ပင်။
v အချုပ်အခြာ၊ ကိုယ့်အာဏာအတွက်
အမျိုး ဘာသာ၊ သာသနာအတွက်
ကိုယ့်တိုင်းပြည်ရွာ၊ ကိုယ့်မြေချာအတွက်
ကိုယ်သာရုန်းထ၊ ကာကွယ်ရမည်
ညီညာနိုးကြွ၊ စောင့်ရှောက်ရမည်
မြန်မာ့သမိုင်း၊ မရိုင်းစေရေး
သွေးသားအသက်၊ ငဲ့ကွက်မရွံ့
စွန့်လွှတ်စွန့်စား မြန်ပြည်ဖွား။
သမိုင်းစဉ်လာ ကောင်းသူများ။
v နိုင်ငံကသာ၊ လိုအပ်လာလျှင်
ချိန်ခါမရွေး၊ ဝန်မလေးဘဲ
မနှေးမဖင့်၊ အဆင်သင့်ပင်
ကိုယ်နှင့်သက်ကို နှင်းအပ်ဖို့။
သားကောင်းသမီးမွန် တာဝန်မို့။
ဝမ်းမြောက်ဂုဏ်ယူ ကျေပွန်စို့။
မြန်မာရှေ့သို့ ကိုယ်ရှေ့သို့။ ။
ဇော်မင်းမင်းဦး