
ရန်ကုန် ဇူလိုင် ၂၀
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြန်မာရေးရာလေ့လာရေး အဖွဲ့၏ (၇) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ ညနေ ၆ နာရီက ရန်ကုန်မြို့ Sky Star ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ မြန်မာရေးရာလေ့လာရေး အဖွဲ့ဝင်များ ၊ ပြင်ပ ပညာရှင်များနှင့် ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက် လာကြသည့် ဧည့်သည်တော်များက ခင်းကျင်းပြသ ထားသည့် မြန်မာရေးရာအဖွဲ့က ထုတ်ဝေသော စာအုပ်စာစောင်များကို စိတ်ဝင်တစား ကြည့်ရှု လေ့လာကြသည်။
ထို့နောက် မြန်မာရေးရာလေ့လာရေးအဖွဲ့၏ နိုင်ငံ့အရေး စုဝေးပေါင်းစပ်သုံးသပ်လေ့လာ မြန်မာ ရေးရာ ဗီဒီယိုကလစ်နှင့် စုပေါင်းမှုအင်အား၏ရလဒ် ဗီဒီယိုကလစ်တို့ကို ပြသသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြု အမှာစကားပြောကြားရာ၌ ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြန်မာရေးရာလေ့လာရေးအဖွဲ့ကို ၂၀၁၆ ခုနှစ် ဇွန် ၁၅ ရက်မှစပြီး ဖွဲ့စည်းကာ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာကိစ္စရပ်များနှင့် အကျိုး သက်ရောက်မှုများအပေါ် ရှုထောင့်ပေါင်းစုံမှ သုံးသပ် ပြီး သုတေသနလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်မှာ ယခုဆိုရင် ခုနစ်နှစ်တိုင်ခဲ့ပြီ ဖြစ်သည့်အတွက် လွန်စွာဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း။
မြန်မာရေးရာလေ့လာရေးအဖွဲ့သည် မြန်မာနိုင်ငံ ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဖြစ်ပေါ်ပြောင်းလဲတိုးတက်မှုများ၊ ပြည်ထောင်စုဖွားတိုင်းရင်းသား များ၏ ဓလေ့၊ ရိုးရာ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ကမ္ဘာတစ်လွှားဖြစ်ပေါ်လျက်ရှိသည့် ထင်ရှားသော ဖြစ်စဉ်ဖြစ်ရပ်အခြေအနေများ၊ မျက်မှောက်ခေတ် ကမ္ဘာကြီး၏ စိတ်ဝင်စားစရာများကို သိရှိနိုင်ရန် အတွက် မြန်မာရေးရာစာစောင်ကို သုံးလတစ်ကြိမ်၊ မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံများရှိ ထင်ရှားသည့် ဖြစ်စဉ်၊ ဖြစ်ရပ်များအကြောင်း သိရှိစေရန်အတွက် ကမ္ဘာရေးရာစာစောင်ကို နှစ်လတစ်ကြိမ်၊ မြန်မာနိုင်ငံ အတွင်း မှီတင်းနေထိုင်ကြသည့်တိုင်းရင်းသားများ၏ ဓလေ့၊ ထုံးတမ်း၊ ယဉ်ကျေးမှုများအကြောင်း သိနိုင် ရန်အတွက် တိုင်းရင်းသားရေးရာစာစောင်ကို လေးလ တစ်ကြိမ် ထုတ်ဝေလျက်ရှိပါကြောင်း။
ယခုအခါ မြန်မာရေးရာစာစောင်၊ ကမ္ဘာရေးရာ စာစောင်နှင့် တိုင်းရင်းသားရေးရာစာစောင်များတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ နည်း ပညာ၊ သဘာဝပတ်ဝန်းကျင်ကဏ္ဍများနှင့် ဥပဒေ ကဏ္ဍများကို အဓိကကဏ္ဍအဖြစ် ဖော်ပြပေးလျက် ရှိပြီး တိုင်းရင်းသားများ၏ ရိုးရာဓလေ့ယဉ်ကျေးမှု၊ စာပေ၊ အနုပညာကဏ္ဍများကိုလည်း အချိန်အခါ အလိုက်ဖော်ပြပေးလျက်ရှိနေပါကြောင်း၊ ယခုဆိုလျှင် မြန်မာရေးရာစာစောင် အမှတ် (၂၃)အထိ၊ ကမ္ဘာ ရေးရာစာစောင် အမှတ် (၂၀)အထိ၊ တိုင်းရင်းသား ရေးရာစာစောင် အမှတ်(၁၁) အထိ ထုတ်ဝေခဲ့ပြီး ဖြစ်ပါကြောင်း။
မြန်မာရေးရာလေ့လာရေးအဖွဲ့သည် သုတေသန ပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၏ အမြင်များကိုစုစည်းပြီး မြန်မာရေးရာ၊ တိုင်းရင်းသား ရေးရာနှင့်ကမ္ဘာရေးရာစာစောင်သုံးစောင်ကို မည်သည့် အခက်အခဲများရှိနေပါစေ သတ်မှတ်ထားသည့်လ အပိုင်းအခြားအလိုက် ပုံမှန်ထုတ်ဝေပေးနေသည့် အတွက် မြန်မာရေးရာလေ့လာရေးအဖွဲ့ကို ချီးကျူး မှတ်တမ်းတင်ပါကြောင်း။
ယနေ့ မြန်မာနိုင်ငံတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်ချက်များပြောပါဆိုလျှင် သုတေသန လုပ်ငန်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါကြောင်း၊ အိမ်နီးချင်းနိုင်ငံတချို့နှင့် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံ တိုင်းတွင် သုတေသနလုပ်ငန်းကို အလေးထား လုပ်ဆောင်နေကြသည်ကို အားလုံးတွေ့ကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင် ကဏ္ဍအလိုက် သုတေသနလုပ်ငန်းများကို အထူးပြုလုပ်ဆောင်နေ ကြပြီး မူဝါဒချမှတ်သူများအနေဖြင့် သုတေသနတွေ့ရှိ ချက် (research-based)များအပေါ် အခြေခံသည့် အကြံပြုချက်များ၊ သုံးသပ်ချက်များကို အလေးထား ပြီး မူဝါဒများ ချမှတ်လာကြသည်ကို တွေ့ရှိရပါ ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရ လက်ထက် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် မြန်မာရေးရာ လေ့လာရေးအဖွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ရေးရာစာစောင်များကို စာမူအရည်အသွေးအရရော၊ ပုံနှိပ်အရည်အသွေးအရပါ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခဲ့ပါကြောင်း၊ စာအုပ်စာစောင်များကို ငွေကြေးအကျိုးအမြတ်အတွက် ထုတ်ဝေခြင်းမျိုး မဟုတ်ဘဲ အများပြည်သူ ဗဟုသုတရရှိစေရန်နှင့် သုတေသနပြု ရည်ညွှန်းကိုးကားနိုင်ရန်အတွက် ရည်ရွယ်ထုတ်ဝေနေခြင်းဖြစ်ည်ဟုလည်း ပြောကြား လိုပါကြောင်း။
၂၀၂၂ ခုနှစ်အတွင်း မြန်မာရေးရာလေ့လာရေးအဖွဲ သုတေသနပညာရှင်များဖြစ်သော ဆရာကိုကို ဦးစီး ကျင်းပခဲ့သည့် “မြန်မာနှင့် အာဆီယံဆက်ဆံရေး အကျိုးအပြစ်” ဆွေးနွေးပွဲ၊ ဆရာ ဦးရန်ကျော် ဦးစီး ကျင်းပခဲ့သည့် “လက်ရှိအရွေ့ကို ဘယ်လို ရွှေ့ကြ မလဲ”၊ ဆရာ ဦးမောင်မောင်မြင့်သိန်း ဦးစီးကျင်းပခဲ့ သည့် “ ရုရှား-ယူကရိန်း ပဋိပက္ခနှင့် ကမ္ဘာ့စီးပွားရေး အပေါ် ရိုက်ခတ်မှုများ” ဆွေးနွေးပွဲများမှ နိုင်ငံတော် အတွက် အမှန်တကယ်ကောင်းမွန်အကျိုးရှိသည့် သုံးသပ်၊ အကြံပြုချက်များ မိမိတို့ ရရှိခဲ့ပါကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာရေးရာစာစောင်တွင် ရေးသားသည့် စာပေပညာရှင် ဦးကျော်ကျော်လှိုင် (ကျော်ကျော်လှိုင် - Smart) က ဝမ်းမြောက်စကား ပြောကြားသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး က တက်ရောက်လာကြသူများအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
ယနေ့ ညနေ ၅ နာရီခွဲက ပြည်ထောင်စုဝန်ကြီး သည် ရန်ကုန်မြို့ ဗဟန်းမြို့နယ် Western Park ၌ ကျင်းပသည့် ၂၀၂၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲတွင် အကောင်းဆုံးရုပ်ရှင် ဇာတ်ကားဆုရရှိသည့် ဝေးမနေချင်ဘူး ရုပ်ရှင် ဇာတ်ကားတွင် ပါဝင်ခဲ့ကြသည့် အနုပညာရှင်များ အား ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်၍ အနုပညာရှင်များအား ရင်းရင်းနှီးနှီး အားပေး နှုတ်ဆက်ခဲ့သည်။
သတင်းစဉ်